Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်အခြေအနေကို ဖြေလျှော့ရန် ကြီးကြပ်ရေးအဖွဲ့ငယ် ညှိနှိုင်းစေလွှတ်သွားရန် ဆန္ဒရှိကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (အလယ်)၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် (ဝဲ) နှင့် ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဖွမ်ထမ် ဝီချာယာချိုင်းတို့ လက်ဆွဲနှုတ်ဆက်နေပုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bernama via Xinhua)

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်အခြေအနေကို ဖြေလျှော့ရန် ကြီးကြပ်ရေးအဖွဲ့ငယ် ညှိနှိုင်းစေလွှတ်သွားရန် ဆန္ဒရှိကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား
ကွာလာလမ်ပူ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ပဋိပက္ခများမှာ ဆုံးခန်းတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊ အကယ်၍ နှစ်နိုင်ငံအနေဖြင့် လိုအပ်ချက်များကို အဆိုပြုပါက အခြေအနေတင်းမာမှုများ ပြေလျော့ရေးအား ကူညီပံ့ပိုးပေးရန် မလေးရှားနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ကြီးကြပ်ရေးအဖွဲ့ငယ် ဖြန့်ကြက်ရန် ညှိနှိုင်းပေးလိုကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါက ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-ထိုင်းအခြေအနေသည် များစွာ တင်းမာ၍ ထိလွယ်ရှလွယ်ဖြစ်နေဆဲ ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အခြေအနေမှာ ထိန်းချုပ်နိုင်သည့် အတိုင်းအတာတွင် ရှိကြောင်း အန်ဝါက ယင်းနေ့ အောက်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်စဉ် ထောက်ပြပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အခြေအနေ တိုးတက်မှုကို ကြီးကြပ်ရန်အတွက် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ညှိနှိုင်းစေလွှတ်ပြီး အခြေချရန် လိုအပ်မှု ရှိ၊ မရှိနှင့်စပ်လျဉ်း၍ နောက်ပိုင်းတွင် အခြေအနေအရ ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အခြေအနတင်းမာမှုများ ပြေလျော့ဖို့နဲ့ ပြေငြိမ်းဖို့အတွက် အချိန်လိုအပ်တယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်ဖက်လုံးက နှစ်နိုင်ငံ နယ်စပ်အခြေအနေ ပြောင်းလဲမှုကို မလေးရှားမှ ညှိနှိုင်းဆောင်ရွက်ပေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အဝေးမှ ကြီးကြပ်ပေးရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပူးတွဲကော်မတီ အထူးအစည်းအဝေး ပြင်ဆင်ရန်အတွက် အတွင်းရေးမှူးရုံး အစည်းအဝေးကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ရာ ဩဂုတ် ၆ ရက်အထိ ဆက်တိုက်ကျင်းပမည်ဟု ခန့်မှန်းရကြောင်း၊ ယင်းအစည်းအဝေးကျင်းပရခြင်းမှာ အထူးအစည်းအဝေး၏ မူဘောင်နှင့် ဆွေးနွေးမှုအစီအစဉ် အကြောင်းအရာများကို အတည်ပြုရန် ရည်ရွယ်ကြောင်း သိရသည်။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပူးတွဲကော်မတီ အထူးအစည်းအဝေးကို ဩဂုတ် ၇ ရက်တွင် ကွာလာလမ်ပူမြို့၌ ကျင်းပရန် စီစဉ်ထားရာ နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ သဘောတူညီချက်နှင့် ဖြေရှင်းရေးနည်းလမ်းရရှိရန် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်အနေဖြင့် ကြိုးပမ်းရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————-
(Chinese Version)
马来西亚总理:愿协调派遣监督小组缓解柬泰边境局势
新华社吉隆坡8月5日电(记者王嘉伟 毛鹏飞)马来西亚总理安瓦尔5日说,柬埔寨与泰国之间的边境冲突尚未彻底解决。如两国提出诉求,马来西亚愿意协调在柬泰边境部署监督小组,以协助缓解紧张局势。
据当地媒体报道,安瓦尔当天在出席国会下议院会议时指出,柬泰局势仍高度紧张敏感,但当前局势处于可控范围。关于是否需要协调派遣军事人员驻守以监督柬泰边境局势进展,将在晚些时候视情况而定。
“缓和并平息紧张局势需要时间。”安瓦尔表示,柬泰双方已同意由马来西亚协调东盟成员国远程监控两国边境局势变化。
为筹备柬泰边境联合委员会特别会议而召开的秘书处会议于4日在马来西亚吉隆坡举行,预计持续至6日,旨在敲定特别会议的框架与议程内容。柬泰边境联合委员会特别会议预计将于7日在吉隆坡召开,柬泰双方将寻求就边境冲突达成共识和解决方案。(完)
1. Malaysian Prime Minister Anwar Ibrahim (C), Cambodian Prime Minister Hun Manet (L) and Thailand’s acting Prime Minister Phumtham Wechayachai shake hands in Putrajaya, Malaysia, July 28, 2025. (Bernama via Xinhua)