Connect with us

Europe

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် Klyuchevskoy မီးတောင် အနီးတစ်ဝိုက်ရှိ ဆည်တစ်ခုပျက်စီး

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်၌ ပေါက်ကွဲနေသော Klyuchevskoy မီးတောင်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Institute of Volcanology and Seismology of the Far Eastern Branch of the Russian Academy of Sciences)

ဗလာဒီဗော့စ်တော့ခ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် Klyuchevskoy မီးတောင်ပေါက်ကွဲမှုကြောင့် အဆိုပါမီးတောင် အနီးတစ်ဝိုက် Studenaya မြစ်ပေါ်ရှိ ဆည်တစ်ခု ပျက်စီးခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ မီးတောင်ဗေဒနှင့် ငလျင်ဗေဒ သုတေသနဌာနက ဩဂုတ် ၆ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် ဇူလိုင် ၃၀ ရက်က ပြင်းအား ၈.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် Klyuchevskoy မီးတောင် လှုပ်ရှားမှုများ ပြင်းထန်ခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၂ ရက်အတွင်း သုတေသနဝန်ထမ်းများက အနီးတစ်ဝိုက်ဒေသ၌ လက်‌တွေ့ကွင်းဆင်းလေ့လာချိန်တွင် Studenaya မြစ်အား ရေစီးကြောင်းခွဲရန် အသုံးပြုသည့် ဆည်တစ်ခုသည် Klyuchevskoy မီးတောင် ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဆည်ကို ၂၀၂၃ ခုနှစ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အနီးတစ်ဝိုက်တွင် အကြီးစားလူနေထိုင်ရာနေရာမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Klyuchevskoy မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ချော်ရည်များသည် Bogdanovich ရေခဲမြစ်အတွင်း စီးဝင်သွားကြောင်း၊ အရည်ပျော်လာသည့် ရေခဲမြစ်အစိတ်အပိုင်းသည် တောင်ကုန်းတစ်လျှောက် စီးဆင်းသည့်ဖြစ်စဉ်အတွင်း ကြီးမားသောရွှံ့နွံစီးကြောင်း ဖြစ်လာနိုင်ကာ ဒေသတွင်းပြည်သူနှင့် ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်းလည်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်၌ ပေါက်ကွဲနေသော Klyuchevskoy မီးတောင်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Institute of Volcanology and Seismology of the Far Eastern Branch of the Russian Academy of Sciences)

———————-
(Chinese Version)
俄堪察加半岛克柳切夫火山附近一堤坝被损毁
新华社符拉迪沃斯托克8月6日电(记者陈畅)俄罗斯科学院远东分院火山学和地震学研究所6日在社交媒体上发布消息说,因堪察加半岛克柳切夫火山喷发,位于该火山附近斯图焦纳亚河上的一座堤坝被损毁。
消息说,堪察加附近海域7月30日发生8.7级地震后,克柳切夫火山活动增强。7月30日至8月2日,研究人员在对附近地区进行实地考察时,发现一座用于分流斯图焦纳亚河的堤坝因火山喷发被损毁。这座堤坝建于2023年,附近没有大型居民点。
消息还说,克柳切夫火山喷发的熔岩流向波格丹诺维奇冰川,融化的冰川沿山坡流动过程中有可能形成规模巨大的泥石流,威胁当地居民和游客安全。(完)
图说:这是8月4日在俄罗斯堪察加半岛拍摄的喷发中的克柳切夫火山。新华社发(俄罗斯科学院远东分院火山学和地震学研究所供图)