Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာမည့်နှစ် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပသော တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရင်းနှီးမြှုပ်နှံရေး ညီလာခံ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus က အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus က ဩဂုတ် ၅ ရက်က ပြောကြားခဲ့သည်။

ယခုအချိန်တွင် ယာယီအစိုးရသည် ရွေးကောက်ပွဲကျင်းပရေးဟူသော နောက်ဆုံးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်ပြီး ရွေးကောက်ခံအစိုးရထံ တာဝန်လွှဲပြောင်းသည့် လုပ်ငန်းစဉ်စတင်ရမည့်အချိန်ဖြစ်ကြောင်း Yunus က အဆိုပါညတွင် ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် တစ်နိုင်ငံလုံးထံ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ စုစည်းကျင်းပနိုင်ရန် ၎င်းသည် ယာယီအစိုးရကိုယ်စား ရွေးကောက်ပွဲကော်မရှင်နာအကြီးအကဲထံ စာရေးတင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ် Sheikh Hasina နှင့် ၎င်းအစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ ဩဂုတ် ၅ ရက်တွင် Hasina နုတ်ထွက်ခဲ့သည်။ ဩဂုတ် ၆ ရက်တွင် အမျိုးသားလွှတ်တော် ရုပ်သိမ်းခဲ့သည်။ ဩဂုတ် ၈ ရက်တွင် Yunus သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေးတာဝန် ထမ်းဆောင်ကြောင်း ကျမ်းသစ္စာကျိမ်ဆိုခဲ့သည်။ (Xinhua)
……………………
(Chinese Version)
孟加拉国将于明年2月举行大选
新华社达卡8月5日电(记者孙楠)孟加拉国临时政府首席顾问尤努斯5日说,该国将于明年2月举行大选。
尤努斯当晚向全国发表电视讲话说,临时政府现在应该履行最后一项职责即举行选举,开启将责任移交给民选政府的程序。他将代表临时政府致函首席选举专员,以便选举委员会在2026年2月组织全国选举。
2024年8月,孟加拉国发生全国性抗议活动,要求总理谢赫·哈西娜及其政府辞职;5日,哈西娜辞职;6日,国民议会解散;8日,尤努斯宣誓就任孟加拉国临时政府首席顾问。(完)
图说:2025年6月1日,在孟加拉国达卡举行的中国-孟加拉国贸易投资大会上,孟加拉国临时政府首席顾问尤努斯致辞。新华社记者 孙楠 摄