Connect with us

Africa & Middle East

အမေရိကန်-အစ္စရေးက ကိုယ်ကျိုးစီးပွားအတွက် အရှေ့အလယ်ပိုင်းဒေသကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေသည်ဟု အီဂျစ်ပညာရှင် ဆို

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့တွင် လူများက ကူညီပံ့ပိုးပေးသည့်အစားအစာများ ရယူနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
အီဂျစ်ပင်မမီဒီယာ “Al-Ahram” အွန်လိုင်းဗာရှင်းက အီဂျစ်နိုင်ငံ မဟာဗျူဟာလေ့လာရေးစင်တာ ဒုတိယ ညွှန်ကြားရေးမှူး Mohamed Ibrahim Eldawiry ၏ “‘ဒေသတွင်း အစီအစဉ်များ’နှင့် အစ္စရေး-အမေရိကန် စီမံကိန်း” ဆောင်းပါးကို မကြာသေးမီရက်ပိုင်းက ထုတ်ဝေခဲ့သည်။ အစ္စရေး၏ အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများကို အမေရိကန်က ထောက်ခံခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ အစ္စရေးအား ဒေသတွင်း လွှမ်းမိုးသူအဖြစ် ရပ်တည်စေပြီး ထိုမှ အမေရိကန်-အစ္စရေး အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးရန်၊ အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုကို ထိန်းသိမ်းရန် ဖြစ်ရာ ယင်းမှာ ဒေသအတွင်း အခြားနိုင်ငံများ၏ လုံခြုံရေးကို အန္တရာယ်ပြုလိမ့်မည်ဟု အဆိုပါဆောင်းပါးတွင် ထောက်ပြခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

မကြာသေးမီလများတွင် အမေရိကန်နှင့် အစ္စရေးတို့သည် အရှေ့အလယ်ပိုင်းအပေါ် “ဒေသတွင်း အစီအစဉ်များ” များကို ကြိမ်ဖန်များစွာ ထည့်သွင်းပြောဆိုခဲ့သည်။ ဤ “အစီအစဉ်များ” ဟူသည် ဥပဒေ၊ လူသားချင်းစာနာမှု သို့မဟုတ် နိုင်ငံတကာစံနှုန်းစံညွှန်းများတွင် တိကျသော အထောက်အထားများမရှိဘဲ အမေရိကန်နှင့် အစ္စရေးတို့၏ မဟာဗျူဟာ ရည်မှန်းချက်များနှင့်သာ အထူးလိုက်ဖက်ညီပြီး အမေရိကန်-အစ္စရေး၏ “အရှေ့အလယ်ပိုင်းဒေသအား ပြန်လည်ပုံဖော်ခြင်း” အပေါ် အတူတကွကြံစည်မှုနှင့် အကျိုးစီးပွားများကို ထင်ဟပ်စေသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် ဤ ”အစီအစဉ်များ” ကို အရှေ့အလယ်ပိုင်းဒေသတွင် အတင်းအကျပ်ချမှတ်ရန် ကြိုးပမ်းနေပြီး ယင်းကြောင့် ဖြစ်ပေါ်လာမည့် ကမောက်ကမ အကျိုးဆက်များကိုမူ ဂရုမစိုက်ပေ။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားခဲ့ရာ အစ္စရေးက ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အကြီးစား စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်-အစ္စရေးသည် “ဒေသတွင်း အစီအစဉ်များ” ဟူ၍ ကြိမ်ဖန်များစွာ စတင်ပြောဆိုလာသည်။ ဂါဇာဒေသရှိ စစ်ရေးလှုပ်ရှားမှုများအပြင် အစ္စရေးသည် ဂျော်ဒန် အနောက်ဘက်ကမ်းတွင်လည်း သမိုင်းတွင် မရှိခဲ့ဖူးသည့် ဖိနှိပ်မှုများ ဖော်ဆောင်ခဲ့သလို လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ရေးအင်အားကို အားနည်းစေကာ ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့များကို ဆိုးရွားစွာ အထိနာစေပြီး အီရန်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ဤလှုပ်ရှားမှုများသည် အမေရိကန်-အစ္စရေး၏ ပိုမိုကြီးမားသော ဒေသတွင်း အစီအစဉ် ကနေဦးပုံပေါ်လာခြင်း အမှတ်သင်္ကေတဖြစ်ပြီး ယင်းအဓိက ရည်မှန်းချက်များတွင် အမေရိကန်၏ အပြည့်အဝထောက်ပံ့မှုအောက်တွင် ပါလက်စတိုင်းအရေး မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို အစ္စရေးမှ ဆုံးဖြတ်စေခြင်း၊ ဂါဇာ လူဦးရေအား အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းစေခြင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကို အမြစ်ပြတ်ဖြိုခွဲကာ စစ်ပွဲအပြီးတွင် ဂါဇာဒေသ စီမံခန့်ခွဲမှုတွင် ၎င်းအား ပါဝင်ခွင့်မပြုဘဲ တစ်ချိန်တည်းတွင် ပါလက်စတိုင်းအမျိုးသားအာဏာအဖွဲ့အစည်းများကို သီးခြားခွဲထားခြင်း၊ အစ္စရေးက အနောက်ဘက်ကမ်းရှိ နယ်မြေအများအပြားကို သိမ်းပိုက်ခြင်း၊ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ကိုင်မှုကို လုံးလုံးလျားလျား ဖျက်သိမ်းခြင်း၊ အစ္စရေး၏ ဆီးရီးယားအပေါ် စောင့်ကြပ်မှုနှင့် ထိန်းချုပ်မှုကို အားကောင်းစေခြင်း၊ အမေရိကန်နှင့် အစ္စရေးတို့က စစ်ရေးတိုက်ခိုက်မှု စသည့် နည်းလမ်းများဖြင့် အီရန် နျူကလီးယားလက်နက် ရရှိခြင်းကို တားဆီးခြင်းတို့ ပါဝင်သည်။

ဤလှုပ်ရှားမှုများ၏ နောက်ဆုံးဦးတည်ချက်မှာ အစ္စရေးအား ဒေသတွင်း လွှမ်းမိုးသူဖြစ်စေပြီး ထိုမှ အမေရိကန်-အစ္စရေးတို့ ဘုံအကျိုးစီးပွားနှင့်အညီ ဒေသတွင်း လာရားကို ကြိုးကိုင်ကာ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုကို ထိန်းသိမ်းရန် ဖြစ်သည်။

ထို့ကြောင့် အာရပ်နိုင်ငံများအနေဖြင့် အမေရိကန်-အစ္စရေး အကြံအစည်များ၏ အပျက်သဘောဆောင် သက်ရောက်မှုများကို ခုခံရန်၊ အာရပ်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်မှုနှင့် ရေရှည်အကျိုးစီးပွားများ စတေးခံပစ္စည်း မဖြစ်စေရေးအား သေချာစေရန် အရေးပေါ် လှုပ်ရှားမှု ဆောင်ရွက်ကာ ညှိနှိုင်းဆောင်ရွက်မှုတစ်သားတည်းရှိသော ကိုင်တွယ်ဖြေရှင်းမှုဗျူဟာများကို မဖြစ်မနေ ရေးဆွဲရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။ (Xinhua)
…………………
(Chinese Version)
全球瞭望|埃及学者:美以欲“重塑中东”共谋私利
新华社开罗8月6日电(记者吴宝澍)埃及主流媒体《金字塔报》网络版日前刊发埃及战略研究中心副主任穆罕默德·易卜拉欣·达维里的文章《“地区安排”与以色列和美国的计划》。文章指出,美国支持以色列在中东地区推进一系列行动,目的是让以色列成为地区支配者,从而服务美以利益、维护美国霸权,这将危害地区国家的安全。文章摘要如下:
近几个月,美国和以色列频繁提到对中东的“地区安排”。这些所谓“安排”在法律、人道主义或国际准则方面缺乏明确依据,而是同美国和以色列的战略目标高度契合,凸显美以对于“重塑中东”的共同谋划和利益。美以试图将这些“安排”强加于中东地区,不顾其造成的动荡后果。
2023年10月新一轮巴以冲突爆发,以色列对巴勒斯坦加沙地带发起大规模军事行动后,美以开始频频提及“地区安排”。除了在加沙的军事行动,以色列还在约旦河西岸实施史无前例的镇压,削弱黎巴嫩真主党军事力量,重创叙利亚武装,并与伊朗发生直接对抗。
这些行动标志着美以一项更大的地区计划初见雏形,其关键目标包括:在美国全力支持下,由以色列决定如何处理巴勒斯坦问题;将加沙人口强制迁移到周边国家;彻底瓦解巴勒斯坦伊斯兰抵抗运动(哈马斯),不允许其参与战后加沙治理,同时将巴勒斯坦民族权力机构边缘化;以色列吞并约旦河西岸大片土地;完全解除黎巴嫩真主党武装;以色列强化对叙利亚的监视和控制;美以通过军事打击等方式防止伊朗获得核武器。
这一系列行动的最终目的是让以色列成为地区支配者,从而按照美以共同利益操纵地区走向,维护美国在中东地区的霸权。
对此,阿拉伯国家必须紧急行动,制定协调一致的应对策略,冲抵美以图谋的负面影响,确保阿拉伯国家的主权、稳定和长期利益不沦为牺牲品。(完)
图说:2025年8月1日,在加沙地带拜特拉希耶,人们搬运援助物资。 新华社发(里泽克·阿卜杜勒贾瓦德摄)