Connect with us

Asia

အိန္ဒိယ-အမေရိကန် အားပြိုင်မှု အရှိန်မြင့်တက်၊ မိုဒီ အဘယ်ကြောင့် “အလျှော့မပေးဘဲ တောင့်ခံ” နေရသနည်း

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရမ့်က မီဒီယာသတင်းထောက်များ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယက ရုရှားရေနံအများအပြား ဝယ်ယူပြီး ထိုမှတစ်ဆင့် အကျိုးအမြတ်ရရှိနေခြင်းကြောင့် အမေရိကန်အနေဖြင့် အိန္ဒိယ ထုတ်ကုန်များအပေါ် သွင်းကုန်စည်းကြပ်ခွန် အများအပြား ကောက်ခံသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၄ ရက် လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ရာတွင် အိန္ဒိယအနေဖြင့် နိုင်ငံအကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံအားလုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကာလများတွင် ထရမ့်အစိုးရက အိန္ဒိယအပေါ် ဆက်တိုက် ဖိအားပေးလျက်ရှိရာ ယင်းကိုအကြောင်းပြ၍ အမေရိကန်-အိန္ဒိယ ကုန်သွယ်စီးပွား သဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုအတွင်း အပေးအယူလုပ်သည့်နိုင်ကွက် ထပ်တိုးလိုသည့် အကြံအစည် ရှိသလို ရုရှား-ယူကရိန်း အရေးကိစ္စ ညှိနှိုင်းပေးရာ၌ တိုးတက်မှု နှေးကွေးနေသည့်အပေါ် ၎င်း၏ရှုံးနိမ့်မှုခံစားချက်ကိုလည်း ပြသလျက်ရှိသည်ဟု သုံးသပ်သူများက ယူဆကြသည်။ အစိုးရ၏ သဘောထားကို ကြည့်မည်ဆိုလျှင် အမေရိကန်၏ဖိအားကို အိန္ဒိယက အရှုံးမပေးလိုခြင်းမှာ အမေရိကန်-အိန္ဒိယဆက်ဆံရေးအပေါ် ကြီးမားသည့် စမ်းသပ်မှုများကို ရင်ဆိုင်ရစေသည်။

စည်းကြပ်ခွန် ဖိအားပေးခြင်းဖြင့် နိုင်ကွက်တိုးခြင်း

ထရမ့်အစိုးရသည် ကုန်သွယ်စီးပွားအရေးကိစ္စတွင် အိန္ဒိယအပေါ် အကြိမ်ပေါင်းများစွာ ရက်ပေါင်းဆက်တိုက် ဖိအားပေးခဲ့ပြီး ဖြစ်သည်။ ထရမ့်က ဇူလိုင် ၃၀ ရက် လူမှုကွန်ရက်မီဒီယာတွင် အိန္ဒိယက အမေရိကန်ထုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်နှုန်းထားမှာ မြင့်မားလွန်းသလို စည်းကြပ်ခွန်မဟုတ်သည့် အတားအဆီးများမှာ အခြားမည်သည့်နိုင်ငံထက်မဆို ရှုပ်ထွေးခြင်းကြောင့် အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးသည် နှစ်ပေါင်းများစွာ ပမာဏအနည်းငယ်သာ ထိန်းထားနိုင်ကြောင်း အပြစ်တင်ပြောဆိုခဲ့သည်။ အိန္ဒိယကို ၎င်းက “သေဆုံးနေသော စီးပွားရေးအစုအဖွဲ့” ဟု ခေါ်ဝေါ်ခဲ့ရာ ဩဂုတ် ၁ ရက်မှစ၍ အမေရိကန်သို့ တင်သွင်းသည့် အိန္ဒိယကုန်စည်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး အခြားသော “ဒဏ်ခတ်မှုများ” ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အကယ်၍ ရုရှားလက်နက်နှင့် ရေနံအား အိန္ဒိယ ဆက်လက်ဝယ်ယူမည်ဆိုပါက အမေရိကန်ဘက်က အိန္ဒိယကုန်ပစ္စည်းများကို ၂၅ ရာခိုင်နှုန်း သွင်းကုန် စည်းကြပ်ခွန်ဟူသော အခြေခံအပေါ်တွင် ဒဏ်ခတ်စည်းကြပ်ခွန် ထပ်ဆောင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ခြိမ်းခြောက်ခဲ့ပေသေးသည်။

အမေရိကန်၏ ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုကို ရင်ဆိုင်ရာတွင် အိန္ဒိယက ခပ်ထန်ထန်တုံ့ပြန်ခဲ့သည်။ အိန္ဒိယက ရုရှားရေနံ ဝယ်ယူသည့်ကိစ္စရပ်အပေါ် အိန္ဒိယ-ရုရှား ဆက်ဆံရေးသည် “တည်ငြိမ်ပြီး အချိန်ကာလ၏ စမ်းသပ်မှုကို ဖြတ်သန်း” ခဲ့ရာ “တတိယနိုင်ငံ၏ ရောင်ပြန်ပုံဆောင်ခဲ” ဖြင့် စိစစ်ရန် မသင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယ-ရုရှား ရေနံအရောင်းအဝယ်နှင့်စပ်လျဉ်းသည့် အိန္ဒိယအစိုးရ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း အိန္ဒိယ အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ The New York Times က ဩဂုတ် ၂ ရက်တွင် ဖော်ပြခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူထုအား ပြည်တွင်းဖြစ်ကို ဝယ်ယူကြရန်၊ ကမ္ဘာတစ်ဝန်း မရေရာမှုများနှင့် ဆိုးရွားနေသည့် အချိန်အခါတွင် အိန္ဒိယစီးပွားရေးအပေါ်ရိုက်ခတ်မှုကို လျှော့ချရန် ဩဂုတ် ၂ ရက်တွင် တိုက်တွန်းခဲ့သည်။ အိန္ဒိယသည် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယအနေဖြင့် စီးပွားရေး အကျိုးစီးပွားကဏ္ဍတွင် သတိထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါသဘောထားဖော်ပြချက်များမှာ “အိန္ဒိယက ‘သေဆုံးတဲ့ စီးပွားရေးအစုအဖွဲ့’ ဖြစ်တယ်”၊ “အိန္ဒိယက အမေရိကန်ဈေးကွက်ကို ဆိုးရွားစွာ မှီခိုနေရတယ်” ဟူသော ထရမ့်၏ အဆိုနှင့် စပ်လျဉ်း၍ တုံ့ပြန်ချက်ဖြစ်ကြောင်း Hindustan Times က ဖော်ပြခဲ့သည်။

အမေရိကန်က အကျိုးစီးပွားကြောင့် မျက်နှာလွှဲခဲပစ်ခြင်း

ထရမ့်အစိုးရ၏ ကုန်သွယ်စီးပွားနှင့် သံတမန်ဆက်ဆံရေးအလွှာက အကျိုးစီးပွားတောင်းဆိုချက်များကို အိန္ဒိယ မဖြည့်ဆည်းပေးနိုင်ခြင်းသည် အမေရိကန် မျက်နှာလွှဲခဲပစ်လုပ်ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း သုံးသပ်သူများက ယူဆကြသည်။

ကုန်သွယ်စီးပွားအရေးကိစ္စတွင် အိန္ဒိယစည်းကြပ်ခွန်အဆင့်က အတန်အသင့် မြင့်မားပြီး အမေရိကန်အပေါ် ကုန်သွယ်ရေးပိုငွေ များပြားနေခြင်းကြောင့် အိန္ဒိယသည် ထရမ့်အစိုးရ၏ မျက်စိစပါးမွေးစူးစရာ ဖြစ်လာခဲ့သည်။ အမေရိကန်နှင့် အိန္ဒိယ နှစ်ဖက်အနေဖြင့် ယခုကာလများတွင် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု များစွာ ကျင်းပခဲ့ကြောင်း၊ သို့သော် အိန္ဒိယက အမေရိကန်တောင်းဆိုသည့်အတိုင်း အမေရိကန် စိုက်ပျိုးရေးနှင့် နို့ထွက်လုပ်ငန်းများအပေါ် စည်းကြပ်ခွန်သက်သာခွင့်ပေးရန် အစဉ်အမြဲ ငြင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။

ထရမ့်အစိုးရက အိန္ဒိယအပေါ် ဖိအားပေးခြင်းဖြင့် ကုန်သွယ်စီးပွားကဏ္ဍ စေ့စပ်ဆွေးနွေးမှုတွင် နိုင်ကွက်တိုးထားရန် မျှော်လင့်ကြောင်း The New York Times ၏ သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်သည် တစ်ချိန်တည်းတွင်ပင် “ကြက်ကို သတ်ပြီး မျောက်ကို ခြောက်လန့်ထားခြင်း” လည်း ဖြစ်ရာ အိန္ဒိယကို ဖိအားပေးခြင်းဖြင့် အခြားသော အမေရိကန်နှင့် သဘောတူညီချက် မရရှိသေးသည့် ကုန်သွယ်ဖက်များကို ခြောက်လန့်ထားခြင်းဖြစ်သည်ဟု သုံးသပ်သူအချို့က ယူဆကြသည်။

သံတမန်ဆက်ဆံရေးအလွှာတွင် ထရမ့်က ရုရှား-ယူကရိန်းပဋိပက္ခအား အလွန်လျင်မြန်စွာ ဖြေရှင်းမည်ဟု ကတိပြုထားဖူးသော်လည်း လက်တွေ့တိုးတက်မှုများ ရရှိခဲ့ခြင်း မရှိပေ။ ယခုကာလများတွင် ထရမ့်အစိုးရက ရုရှားရေနံတင်ပို့မှုကို ကန့်သတ်ခြင်းမှတစ်ဆင့် ရုရှားဘက်မှ အလျှော့ပေးလိုက်လျောစေရန် ကြိုးပမ်းခဲ့သည်။ အမေရိကန် တတ်သိပညာရှင်အဖွဲ့ Wilson Center တောင်အာရှရေးရာ ပညာရှင် Michael Kugelman က ထရမ့်အစိုးရသည် အိန္ဒိယကို ရုရှားထံမှ ရေနံဝယ်ယူခြင်းမဟုတ်ဘဲ အမေရိကန်ထံမှ ဝယ်ယူရန် ပိုမျှော်လင့်သည်ဟု ယူဆသည်။

ထရမ့်အစိုးရသည် မိမိ၏အကျိုးစီးပွားကို ရယူရန်အတွက် ဂျပန်၊ ကနေဒါ စသည့် မဟာမိတ်များကိုပင် မျက်နှာလွှဲခဲပစ် ချက်ချင်းလုပ်ခဲ့ရာ ယခု အိန္ဒိယအပေါ် မျက်နှာလွှဲခဲပစ်လုပ်မှုမှာ အထူးအဆန်းမဟုတ်ဟု သုံးသပ်သူများက ယူဆသည်။

အိန္ဒိယက အဘယ်ကြောင့် အလျှော့မပေးဘဲ တောင့်ခံထားရသနည်း
လတ်တလော အခြေအနေများမှကြည့်ပါက အိန္ဒိယအစိုးရသည် အမေရိကန်၏ဖိအားအပေါ် အလျှော့ပေးသွားမည်မဟုတ်ပေ။ ယင်းသည် အဓိကအားဖြင့် အကြောင်းရင်း သုံးရပ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

ရှေးဦးစွာ အိန္ဒိယနှင့် ရုရှားတို့သည် ကာလကြာရှည်စွာ နီးကပ်သည့်ဆက်ဆံရေးရှိကြသည်။ ရုရှားသည် အိန္ဒိယလက်နက်များ၏ အဓိကအရင်းအမြစ်နိုင်ငံဖြစ်ပြီး ရုရှားမှ ရေနံတင်သွင်းမှုသည် အိန္ဒိယ-ရုရှားဆက်ဆံရေး တည်ငြိမ်ခိုင်မြဲစေရန် အကျိုးရှိသည်။ ရုရှားက အိန္ဒိယအပေါ် ရေနံတင်ပို့သည့်ဈေးနှုန်းသည် အတန်အသင့်သက်သာနေသေးကြောင့် အိန္ဒိယကလည်း ထိုမှတစ်ဆင့် အကျိုးအမြတ်များစွာ ခံစားနေရသည်။

ဒုတိယအနေဖြင့် အိန္ဒိဘက်က အမေရိကန်၏ဖိအားပေးမှုအား ရင်ဆိုင်ရာတွင် နောက်ဆုတ်အလျှော့ပေးပါက ၎င်း၏လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်သောပုံရိပ်ကို ထိခိုက်စေမည်ဖြစ်သည်။ အိန္ဒိယပြည်တွင်း၌ အမျိုးသားရေးဝါဒ ခံစားချက်များ တက်ကြွနေသည့် ထပ်တိုးအချက်ကြောင့် မိုဒီအစိုးရက အဓိကအခန်းကဏ္ဍ၌ အလျှော့ပေးပါက ပြည်တွင်း၌ မကျေနပ်မှုများ ဖြစ်ပွားလာစေနိုင်သည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် လတ်တလောနှစ်ပိုင်းအတွင်း စီးပွားရေးတိုးတက်မှုအမြန်နှုန်းသည် အတန်အသင့်မြန်ဆန်ပြီး အတန်အသင့်ကြီးမားသော ဈေးကွက်အလားအလာကို ပိုင်ဆိုင်ထားသည်။ အိန္ဒိယသည် အမြန်ဆုံး ယခုနှစ်အတွင်း ဂျပန်ကို ကျော်တက်ကာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးအစုအဖွဲ့ ဖြစ်လာနိုင်သည်ဟု လေ့လာသုံးသပ်မှုများက ကြိုတင်ခန့်မှန်းထားသည်။ အိန္ဒိယ၏ စီးပွားရေးအင်အားကြောင့် မိုဒီအစိုးရက အတိုင်းအတာတစ်ခုအတွင်း၌ အမေရိကန်နှင့် “အလျှော့မပေးဘဲ တောင့်ခံထားရန်” အင်အားရှိလာစေသည်။

နှစ်ဖက်ဆက်ဆံရေး မြန်ဆန်စွာပြောင်းလဲမှုဖြစ်လာ
ထရမ့်က ယခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် မကြာမီ မိုဒီကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး နှစ်ဖက်က လက်နက်ရောင်းချရေး၊ စွမ်းအင် စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ သဘောတူညီချက်များ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။ အမေရိကန်-အိန္ဒိယဆက်ဆံရေးသည် အပြုသဘောဆောင်သည့် အလားအလာကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ထိုစဉ်က ပြင်ပလောကက မျှော်မှန်းခဲ့ကြသည်။ သို့သော် နှစ်ဝက်အကြာတွင်ပင် နှစ်ဖက်ဆက်ဆံရေး သိသိသာသာကျဆင်းလာခဲ့ရာ အမေရိကန်-အိန္ဒိယဆက်ဆံရေးသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဟု မီဒီယာများနှင့် လေ့လာသုံးသပ်သူများက ယူဆကြသည်။

အိန္ဒိယ Imagindia Institute ထူထောင်သူ Robinder Sachdev က လွန်ခဲ့သည့် ၆ လအတွင်း အမေရိကန်အပေါ် အိန္ဒိယ၏ သဘောထားသည် ပြောင်းလဲမှုဖြစ်ပွားခဲ့ရာ အမေရိကန်၏ မူဝါဒများအပေါ် ပိုမိုစိုးရိမ်လာသလို ထရမ့်အစိုးရအပေါ် ပိုမိုမယုံကြည်မှုများ ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

ကုန်သွယ်စီးပွားရေးနှင့် ရုရှားနိုင်ငံအပေါ် မူဝါဒ၌ ဒွိဟကွဲလွဲမှုများ ရှိသည့်အပြင် အမေရိကန်က ပါကစ္စတန်နှင့် ဆက်ဆံရေး ရင်းနှီးလာခြင်းကလည်း အမေရိကန်-အိန္ဒိယဆက်ဆံရေးအပေါ် သက်ရောက်မှု ဖြစ်စေခဲ့သည်။ အမေရိကန်နှင့် ပါကစ္စတန်က လတ်တလောကာလအတွင်း ခရစ်တိုငွေကြေး (Cryptocurrency)၊ သတ္တုလုပ်ငန်းနှင့် ရေနံ စသည့်ကဏ္ဍများတွင် သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ ထရမ့်က ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir ကို အိမ်ဖြူတော်သို့ လာရောက်ရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုလုပ်ရပ်များကြောင့် အမေရိကန်-အိန္ဒိယဆက်ဆံရေးကို ပိုမိုရှုပ်ထွေးလာစေကြောင်း ဗြိတိန်နိုင်ငံ “The Guardian” က သတင်းဖော်ပြခဲ့သည်။

အမေရိကန်သည် အိန္ဒိယနှင့် လွန်ခဲ့သည့်နှစ် ၂၀ အတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ သို့သော် အမေရိကန်နှင့် ပါကစ္စတန် ဆက်ဆံရေးသည် “မထင်မှတ်ထားလောက်အောင် ပြန်လည်ရှင်သန်အားကောင်းလာမှု” နှင့် ကျော်ဖြတ်နေရကြောင်း၊ ထိုပြောင်းလဲမှုသည် အိန္ဒိယအပေါ် ဆိုးရွားသော စိန်ခေါ်မှုဖြစ်စေကြောင်း Michael Kugelman က ပြောကြားခဲ့သည်။

အမေရိကန်-အိန္ဒိယဆက်ဆံရေး တင်းမာလာသည့် နောက်ခံအခြေအနေတွင် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခန့်အပ်ခြင်း မရှိသေးသလို တောင်အာရှရေးရာအား တာဝန်ယူသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုလည်း အတည်မပြုရသေးကြောင်း၊ ထိုကဲ့သို့ အဓိကကျသည့်ရာထူးတာဝန်နေရာများ လစ်လပ်မှုသည် အမေရိကန်-အိန္ဒိယဆက်ဆံရေး ပြန်လည်တိုးတက်မှုအတွက် အပြုသဘောမဆောင်သော သက်ရောက်မှုများ ဖြစ်စေနိုင်ဟုလည်း ၎င်းက ယူဆသည်။

အိန္ဒိယနိုင်ငံရေးပညာရှင် Pratap Bhanu Mehta က လက်ရှိတွင် အိန္ဒိယဘက်က အမေရိကန်အပေါ် သံသယဝင်မှုသည် ၁၉၇၁ ခုနှစ် အခြေအနေနှင့် ဆင်တူကြောင်း၊ ထိုစဉ်က အိန္ဒိယ-အမေရိကန်ဆက်ဆံရေးသည် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကြောင့် အဆုံးအစွန်ထိ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
“(နှစ်ဖက်ဆက်ဆံရေးက) ပျက်စီးနေပါပြီ။ နှစ်ဖက်က ဘယ်လိုမျိုး သဘောတူညီချက်ပဲရရ အမေရိကန်အပေါ် အိန္ဒိယ၏ မယုံကြည်မှုက စဉ်ဆက်မပြတ် နက်ရှိုင်းလာတာပဲရှိမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား၌ အမှာစကား ပြောကြားနေသော အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Press Information Bureau of India)

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ခရီးစဉ်ရောက်ရှိနေသော အမေရိကန်သမ္မတ ထရမ့် (အလယ်) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ လက်ဆွဲနှုတ်ဆက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
国际观察|印美博弈升级 莫迪为何“硬磕”
新华社新德里8月5日电 题:印美博弈升级 莫迪为何“硬磕”   新华社记者
美国总统特朗普4日在社交媒体发文称,由于印度购买大量俄罗斯石油并借此获利,美国将大幅提高对印度产品征收的进口关税。印度外交部同日回应称,印度将采取一切必要措施维护国家利益和经济安全。
分析人士认为,特朗普政府近期接连向印度施压,有借此在美印经贸协议谈判中增加筹码的意图,也体现出其对调解俄乌问题进展缓慢的挫败感。从官方表态来看,印度不愿屈服于美方压力,美印关系面临不小考验。
关税施压加码
连日来,特朗普政府已多次在经贸问题上向印度施压。特朗普7月30日在社交媒体上抱怨印度对美国产品关税税率太高,非关税壁垒比其他任何国家“繁杂”,造成美印贸易多年来维持较小规模。他将印度称为“死亡经济体”,宣布从8月1日起对印度输美商品征收25%的关税并实施其他“惩罚”。他还威胁,如果印度继续购买俄罗斯武器和石油,美方将在对印度商品征收25%进口关税的基础上额外施加惩罚性关税。
面对美方威胁和施压,印度强硬回应。针对印度购买俄石油问题,印外交部发言人8月1日说,印俄关系“稳定且经过时间考验”,不该用“第三方国家的棱镜”去审视。美国《纽约时报》2日援引印方官员的话称,印度政府关于印俄石油交易的立场并未改变。
印度总理莫迪8月2日呼吁民众购买本土产品,在全球不确定性加剧之际减轻印度经济所受冲击。他还称,印度将成为世界第三大经济体,因此印度必须在经济利益方面保持警惕。《印度斯坦时报》报道说,这些表态是对特朗普有关“印度是‘死亡经济体’”“印度严重依赖美国市场”说法的回应。
美国因利翻脸
分析人士认为,印度未能满足特朗普政府在经贸和外交层面的利益需求,是美方翻脸的主要原因。   在经贸问题上,印度关税水平较高,且对美国存在较大顺差,这让印度成为特朗普政府的“眼中钉”。据报道,美印双方近期举行多轮贸易谈判,但印度一直拒绝按美国要求给予美方农业和乳业关税优惠。   《纽约时报》报道说,特朗普政府希望通过对印施压来增加在经贸谈判中的筹码。有分析人士认为,美方同时也在“杀鸡儆猴”,借施压印度恐吓其他尚未与美方达成协议的贸易伙伴。
在外交层面,特朗普曾承诺会很快解决俄乌冲突,但一直未能取得实质性进展。近来特朗普政府试图通过限制俄罗斯油气出口来迫使俄方妥协。美国智库威尔逊中心南亚问题专家迈克尔·库格尔曼认为,特朗普政府更希望印度从美国而不是从俄罗斯购买石油。
分析人士认为,特朗普政府为了谋取自身利益,即便对日本、加拿大等盟友也是说翻脸就翻脸,现在对印度翻脸不足为奇。
印度为何“硬磕”
从近期表态看,印度政府不愿屈服于美国压力。分析人士认为,这主要有三方面原因。
首先,印度和俄罗斯长期以来关系密切。俄罗斯是印度武器装备的主要来源国,进口俄石油有利于稳固印俄关系,而且俄罗斯对印出口石油价格相对低廉,印度从中获利颇丰。
其次,如果印度面对美国施压退缩让步,将有损其独立自主形象。加之印度国内民族主义情绪高昂,莫迪政府在关键领域作出妥协或引发国内不满。
此外,印度近年来经济增速较快,拥有较大市场潜力,有分析预测印度最快有望于今年超越日本成为全球第四大经济体。印度的经济实力让莫迪政府一定程度上有底气与美国“硬磕”。
双边关系急转
特朗普今年年初就任后不久便邀请莫迪到访白宫,双方就军售、能源等议题展开讨论并达成一定共识,当时外界预期美印关系会延续积极势头。然而仅半年后,双边关系就明显下滑,媒体和分析人士认为,美印关系正面临数十年来最严峻的挑战。
印度印象研究所创始人罗宾德·萨奇德夫说,过去6个月,印度对美国的心态在发生变化,越来越担心美方政策,对特朗普政府也越来越不信任。   除了在经贸和对俄政策上的矛盾分歧外,美国拉近与巴基斯坦的关系,也对美印关系造成影响。英国《卫报》报道说,美国与巴基斯坦近来在加密货币、矿业和石油等领域达成协议,特朗普还邀请巴基斯坦陆军参谋长穆尼尔到访白宫,这一系列动作让美印关系更加复杂。
库格尔曼表示,美国同印度过去20年来战略合作持续深化,但美国与巴基斯坦的关系正经历“出人意料的复苏”,这一变化对印方构成了严峻挑战。他还认为,在美印关系紧张的背景下,美国驻印度大使尚未就位,负责南亚事务的助理国务卿也尚未确认,这些关键岗位的空缺会对美印关系的修复产生不利影响。
印度政治学者普拉塔普·巴努·梅赫塔表示,目前印度方面对美国的猜忌与1971年情况类似,当时印美关系因印巴冲突而跌至低谷。“(双边关系)已遭到破坏。无论双方达成什么协议,印度对美国的不信任只会持续加深。”(完)
1、8月1日,在美国首都华盛顿白宫,美国总统特朗普回答媒体记者提问。新华社记者胡友松摄
2、这是印度总理莫迪2021年8月15日在德里举行的独立日庆祝仪式上讲话的资料照片。新华社发(印度新闻局供图)
3、2020年2月25日,在印度新德里,到访的美国总统特朗普(中)与印度总理莫迪在举行会谈前握手。新华社发(帕塔·萨卡尔摄)