Africa & Middle East
ယူအေအီးလေယာဉ်တစ်စင်းအား ဆူဒန်လေတပ် ပစ်ခတ်ဖျက်ဆီး

ကိုင်ရို၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဆူဒန်လေတပ်သည် ဩဂုတ် ၆ ရက်တွင် ၎င်းနိုင်ငံအနောက်ပိုင်း တောင်ဒါဖာပြည်နယ် မြို့တော်ညာလာ၌ ကိုလံဘီလာ ကြေးစားတပ်သားများ တင်ဆောင်လာသော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) လေယာဉ်တစ်စင်းအား ဖျက်ဆီးခဲ့ရာ ကြေးစားတပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ဆူဒန်ရုပ်မြင်သံကြားက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်သည် ပင်လယ်ကွေ့ဒေသ လေတပ်အခြေစိုက်စခန်းတစ်ခုမှ စတင်ပျံသန်းခဲ့ပြီး လူ ၄၀ ထက်မနည်း တင်ဆောင်လာရာ ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အတွက် လူနှင့်စက်ပစ္စည်းများ ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း၊ ဆူဒန်စစ်တပ် သတင်းထောက်လှမ်းရေးဌာနက လေယာဉ်သွားလာမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကာ လေယာဉ်က ညာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ပြီးနောက် ချက်ချင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) နှင့် ယူအေအီးဘက်က သက်ဆိုင်ရာ သတင်းဖော်ပြမှုများနှင့် စပ်လျဉ်း၍ တုံ့ပြန်မှု မရှိသေးပေ။
၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်တွင် ဆူဒန်စစ်တပ်နှင့် ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) တို့သည် မြို့တော်ခါတွမ်၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ စစ်မီးလျှံက ဆက်လက်ပြီး အခြားဒေသများသို့ ကူးစက်သွားခဲ့သည်။ ဆူဒန်အစိုးရက ကာလကြာရှည်စွာ အခမ်းအနားအမျိုးမျိုးတွင် ယူအေအီးဘက်က ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အား ပံ့ပိုးပေးနေပြီး ၎င်းတို့ကို လက်နက်နှင့် အရင်းအနှီးများ ထောက်ပံ့ပေးနေသည်ဟု ပြစ်တင်ပြောကြားခဲ့ရာ ယူအေအီးဘက်က အားလုံးငြင်းဆိုခဲ့သည်။
ယခုနှစ်မေလတွင် ဆူဒန်လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီက ကြေညာချက်ထုတ်ပြန်၍ ယူအေအီးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကာ ၎င်း၏ ယူအေအီးအခြေစိုက် သံတမန်အဖွဲ့အား ပြန်လည်ခေါ်ယူကြောင်း ကြေညာခဲ့သည်။ ဆူဒန်စစ်တပ်အား အတိုက်အခံပြုလုပ်ရန် ယူအေအီးက ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) တိုက်ပွဲဆင်နွှဲရေးအတွက် ကိုလံဘီယာ ကြေးစားတပ်သားများအား စုစည်း၍ ငွေကြေးထောက်ပံ့လျက်ရှိသည်ဟု ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ ပြစ်တင်ခဲ့သည်။ ယူအေအီးဘက်ကမူ ယင်းအပေါ် ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
苏丹空军击毁一架阿联酋飞机
新华社开罗8月6日电(记者张猛)喀土穆消息:据苏丹电视台6日报道,苏丹空军当天在该国西部南达尔富尔州首府尼亚拉摧毁一架载有哥伦比亚籍雇佣兵的阿联酋飞机,造成数十名雇佣兵死亡。
报道援引苏丹军方消息人士的话说,这架飞机从海湾地区一空军基地起飞,至少载有40人,旨在为苏丹快速支援部队输送人员和装备。苏丹武装部队情报部门实时监控飞机动向,当飞机降落在尼亚拉国际机场后立即实施打击。
苏丹快速支援部队和阿联酋方面尚未就相关报道作出回应。
2023年4月15日,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。长期以来,苏丹政府在不同场合多次指责阿联酋支持苏丹快速支援部队、向其提供武器和资金,阿联酋均予以否认。今年5月,苏丹安全和国防委员会发表声明,宣布与阿联酋断绝外交关系并撤回其驻阿联酋外交使团。8月4日,苏丹外交部发表声明,指责阿联酋招募、资助哥伦比亚籍雇佣兵为苏丹快速支援部队作战,对抗苏丹武装部队。阿联酋对此予以否认。(完)