Connect with us

Latin America

အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုအား ဆွေးနွေးညှိနှိုင်းရန် ဘရာဇီးက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တင်ပြ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးချုပ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဘရာဇီးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အငြင်းပွားမှု ဖြေရှင်းရေးယန္တရားအောက်တွင် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမည့် တောင်းဆိုချက်အား တင်ပြပြီးဖြစ်သည်ဟု ဘရာဇီးအစိုးရက ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
အထက်ပါတောင်းဆိုချက်သည် အမေရိကန်အစိုးရ ၎င်း၏ ယခုနှစ် ဧပြီ ၂ ရက်တွင်ထုတ်ပြန်သော “အလားတူစည်းကြပ်ခွန်” ဟူသည့် အမိန့်ကြေညာချက်နှင့် ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည့် “ဘရာဇီးအစိုးရ၏ အမေရိကန်အပေါ် ခြိမ်းခြောက်မှုအား တုံ့ပြန်ခြင်း” အမိန့်ကြေညာချက်အရ ဖော်ဆောင်သည့် စည်းကြပ်ခွန် အစီအမံအပေါ် သံသယဝင်မှုအား အဆိုပြုထားသည်ဟု ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအတွင်း၌ ဖော်ပြထားသည်။
အမေရိကန်က အထက်ပါအစီအမံများ ကျင့်သုံးခြင်းသည် ၎င်း၏ WTO အပေါ် ကတိပြုထားသည့် အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) အခြေခံမူ၊ WTO မူဘောင်အတွင်း၌ ညှိနှိုင်းဆွေးနွေးမှုဖြင့် အမြင့်ဆုံးစည်းကြပ်ခွန်ကန့်သတ်ချက် ရရှိခြင်း စသည့် အဓိကကတိပြုချက်များကို ချိုးဖောက်နေကြောင်း၊ ဘရာဇီးအစိုးရအနေဖြင့် ညှိနှိုင်းဆွေးနွေးလိုသည့်ဆန္ဒကို ထပ်မံအလေးထား ပြောကြားလိုပြီး ညှိနှိုင်းဆွေးနွေးမှုသည် ပြဿနာအား ဖြေရှင်းပေးရန် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ကြေညာချက်က ဆိုထားသည်။
WTO ၏ စည်းကမ်းအရ ညှိနှိုင်းဆွေးနွေးမှုသည် WTO အငြင်းပွားမှု ဖြေရှင်းရေးယန္တရား၏ ပထမခြေလှမ်းဖြစ်သည်။ နှစ်ဖက်က ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောတူညီချက်ရရှိခြင်း၊ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိပါက ဘရာဇီးအနေဖြင့် WTO အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အစည်းမှ ခုံရုံးအဖွဲ့ငယ် ဖွဲ့စည်းပေးရန် တောင်းဆိုနိုင်သည်။
အမေရိကန်အစိုးရက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်အရ အမေရိကန်သည် ဩဂုတ် ၆ ရက်မှစ၍ အမေရိကန်သို့တင်ပို့သည့် ဘရာဇီးကုန်ပစ္စည်းများအပေါ် ပစ္စည်းတန်ဖိုးအလိုက် စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ယင်းဆိုလိုသည်မှာ အမေရိကန်က ဧပြီလတွင် ထုတ်ပြန်သော “အလားတူစည်းကြပ်ခွန်” ဟူသည့် အမိန့်ကြေညာချက် အခြေခံပေါ်တွင် အသားအမျိုးအစား၊ ကော်ဖီ၊ သစ်သီး စသည်တို့ အပါအဝင် အမေရိကန်သို့ တင်ပို့သည့် ဘရာဇီးကုန်ပစ္စည်း အများစု၏ စည်းကြပ်ခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်သည်။ (Xinhua)

ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယား၌ ဘရာဇီးနိုင်ငံအခြေစိုက် တရုတ်မီဒီယာများ၏ အဖွဲ့လိုက်တွေ့ဆုံမေးမြန်းမှုကို မေ ၅ ရက်က ဖြေကြားစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
巴西就美加征关税向世贸组织提请磋商
新华社里约热内卢8月6日电(记者周永穗 吴昊)巴西政府6日说,巴西已提交在世界贸易组织争端解决机制下与美国进行磋商的请求。
巴西外交部当天在一份声明中宣布,这项请求对美国政府根据其今年4月2日颁布的所谓“对等关税”行政令和7月30日颁布的“应对巴西政府对美国的威胁”行政令实施关税措施提出质疑。
声明说,美方实施上述措施公然违反其对世贸组织作出的最惠国原则、在世贸组织框架内谈判达成关税上限等核心承诺。巴西政府重申愿意进行谈判,并希望磋商有助于问题的解决。
根据世贸组织规则,磋商是世贸组织争端解决机制的第一步。若双方无法通过磋商达成共识、解决争端,巴西可请求世贸组织争端解决机构设立仲裁小组。
根据美国政府7月30日颁布的行政令,美国从8月6日起对巴西输美产品加征40%的从价关税。这意味着在美方4月颁布的所谓“对等关税”行政令基础上,大部分巴西输美产品的关税税率提高到50%,包括肉类、咖啡、水果等。(完)
图说1:这是9月10日在瑞士日内瓦拍摄的世界贸易组织总部。新华社记者 连漪 摄
图说2:5月5日,巴西总统卢拉在首都巴西利亚接受中国驻巴西媒体集体采访。新华社记者王天聪摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.