Connect with us

North America

အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ဇယ်လန်းစကီးကို ပူတင်တွေ့ဆုံရန် မလိုအပ်ဟု ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ရုရှား သမ္မတ ပူတင်အနေဖြင့် ၎င်းနှင့် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် အရင်တွေ့ဆုံရန် မလိုအပ်ကြောင်း ဩဂုတ် ၇ ရက် ညနေပိုင်းက အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းအချိန်တွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ရုရှားဘက်က ထရမ့်နှင့် တွေ့ဆုံဆွေးနွေးလိုသည့် ဆန္ဒကို ဖော်ပြပြီးဖြစ်ရာ ထို့အပေါ် ထရမ့်က တံခါးဖွင့်ထားသည့် သဘောထားရှိကြောင်း၊ နှစ်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အသေးစိတ်ကို အတည်ပြုလျက်ရှိကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ရုရှား-အမေရိကန် နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် ဆန္ဒရှိကြကြောင်း ပူတင်က ဩဂုတ် ၇ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း သမ္မတများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ရှိ၊ မရှိ မေးမြန်းရာတွင် ပူတင်က ၎င်းအနေဖြင့် ယေဘုယျအားဖြင့် မငြင်းပယ်သည်ကို အကြိမ်ဖန်များစွာ ပြောကြားခဲ့ကြောင်း၊ သို့သော် “(ရုရှား-ယူကရိန်း သမ္မတများ တွေ့ဆုံရန်) အခြေအနေဖန်တီးမှုမှာမူ အလှမ်းဝေးနေကြောင်း” ပြောကြားခဲ့သည်။

ထရမ့်က ဩဂုတ် ၆ ရက် အိမ်ဖြူတော်၌ မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် မကြာမီတွင် ပူတင်၊ ဇယ်လန်းစကီးတို့နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် ဖြစ်နိုင်ခြေအလွန်ရှိကြောင်း ပြောကြားခဲ့သည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရန် ဇယ်လန်းစကီး သဘောတူနိုင်မှု ရှိ၊ မရှိကို မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် လျှောက်လှမ်းရမည့်လမ်းမှာ “အလွန်ဝေးကွာနေဆဲဖြစ်ကြောင်း”၊ “သို့သော် မကြာမီတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်နိုင်ခြေ အလွန်များကြောင်း ” ပြောကြားခဲ့သည်။

ထရမ့်က ဥရောပ ခေါင်းဆောင်များနှင့် ဩဂုတ် ၆ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်အတွင်း ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ထို့နောက်မကြာမီ ၎င်းတို့နှစ်ဦးသည် ဇယ်လန်းစကီးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် မီဒီယာများ၏ သတင်းများအရ သိရသည်။
တွေ့ဆုံဆွေးနွေးပွဲက သတ်မှတ်ကာလတွင် ဖော်ဆောင်နိုင်မည်လောဆိုမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေ တိုးတက်မှု မည်သို့ ရှိသနည်းကို ကြည့်ရမည် ဖြစ်သလို အမေရိကန်-ရုရှား-ယူကရိန်းတို့၏ ကိုယ်စီ ရပ်တည်ချက်များက “လုံလောက်သည့် နီးစပ်မှု” ရှိ၊ မရှိကို ကြည့်ရမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။ (Xinhua)

———————–
(Chinese Version)
特朗普:美俄会晤前普京不必先见泽连斯基
新华社纽约8月7日电(记者夏林)美国总统特朗普7日下午在白宫椭圆形办公室回答记者提问时表示,俄罗斯总统普京在和他会晤之前,不必先会晤乌克兰总统泽连斯基。
当天稍早时候,白宫新闻秘书莱维特在一份声明中说,俄方已经表达了同特朗普会晤的愿望,而特朗普对此持开放态度。双方正在敲定会晤细节。
普京7日对媒体表示,俄美双方都有意举行两国元首会晤。当谈及是否会举行俄乌总统会晤时,普京说,他已多次表示总体上不反对,但“距离创造出那些(俄乌总统会晤)条件还差得远”。
特朗普6日在白宫接受媒体采访时表示,他“很有可能”不久与普京及泽连斯基就结束俄乌冲突举行会晤。在被问及泽连斯基是否同意举行三方会晤时,特朗普说,要结束俄乌冲突的路“依旧很长”,“但不久很有可能举行一场会晤”。
另据美国媒体报道,特朗普6日与欧洲领导人通话时说,他打算最快于下周和普京进行会晤,随后两人与泽连斯基举行三方会晤。美国国务卿鲁比奥说,会晤能否如期实现,要看围绕俄乌冲突的形势进展如何,美俄乌各自的立场是否“足够接近”。(完)
1. 8月1日,在美国首都华盛顿白宫,美国总统特朗普回答提问。新华社记者 胡友松 摄