North America
ရုရှားနှင့် အမေရိကန်အနေဖြင့် မကြာမီတွင် နိုင်ငံ့ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မူအားဖြင့် သဘောတူညီကြောင်း ရုရှားသမ္မတ လက်ထောက် ဆို

မော်စကို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန် အဆိုပြုချက်အရ ရုရှားနှင့် အမေရိကန်တို့သည် မကြာမီတွင် နိုင်ငံ့ခေါင်းဆောင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မူအားဖြင့် သဘောတူညီကြောင်း ရုရှားသမ္မတ လက်ထောက် Yury Ushakov က ဩဂုတ် ၇ ရက်တွင် မော်စကိုမြို့၌ မီဒီယာထံ ပြောကြားခဲ့သည်။
ယနေ့ ရုရှားသတင်းဌာန၏ သတင်းဖော်ပြမှုအရ Yury Ushakov က “ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မယ့်နေရာကို အခြေခံအားဖြင့် ညှိနှိုင်းအတည်ပြုပြီးပါပြီ” ဟု ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည့်အချိန်ကိုမူ နှစ်ဖက်သည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့်ရွေးချယ်ချက်ကို ဆွေးနွေးခဲ့ဖူးရာ ရုရှားဘက်အနေဖြင့် ဤရွေးချယ်ချက်ကို အလွန်အပြုသဘောဆောင်စွာ ရှုမြင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ ဩဂုတ် ၆ ရက်က ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေးစဉ်နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် Ushakov က တွေ့ဆုံဆွေးနွေးမှုသည် လက်တွေ့ကျ၍ အပြုသဘောဆောင်ရာ “နှစ်ဖက်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုရလဒ်အပေါ် စိတ်ကျေနပ်မှုရှိကောင်းရှိနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
စတိဗ် ဝစ်ကော့ဖ်နှင့် ပူတင် တွေ့ဆုံဆွေးနွေးစဉ် ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံ ခေါင်းဆောင်တွေ့ဆုံဆွေးနွေးမှုအစီအစဉ်ကို အဆိုပြုခဲ့သော်လည်း ဤအစီအစဉ်ကို အတိအကျဆွေးနွေးခဲ့ခြင်းမရှိကြောင်း၊ “ရုရှားဘက်က ဒီအစီအစဉ်ကို လုံး၀ ဘေးတစ်ဖက်မှာပဲထားတယ်၊ ဘာမှတ်ချက်မှမပေးပါဘူး”၊ ရုရှားနှင့် အမေရိကန် နိုင်ငံ့ခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုတင်ပြင်ဆင်မှုအပေါ် အာရုံစိုက်ရန် ရုရှားဘက်မှ အကြံပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ဩဂုတ် ၆ ရက် အိမ်ဖြူတော်၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
俄总统助理:俄美原则上同意近日举行元首会晤
新华社莫斯科8月7日电 俄罗斯总统助理乌沙科夫7日在莫斯科对媒体说,根据美方提议,俄美原则上同意在近期举行两国元首会晤。
据今日俄罗斯通讯社报道,乌沙科夫说,“举行本次会晤的地点基本上已经商定”。至于会晤时间,双方曾讨论过在下周举行会晤的选项,俄方相当积极地看待这一选项。
谈及俄总统普京6日在克里姆林宫与美国中东问题特使威特科夫的会谈时,乌沙科夫表示,会谈务实且具有建设性,“双方或许对会谈结果都感到满意”。乌沙科夫还说,威特科夫在与普京会谈时提出举行俄罗斯、美国和乌克兰三国元首会晤的方案,但这一方案未被具体讨论,“俄方完全搁置了这一方案,不予置评”,俄方建议首先集中精力筹备俄美元首会晤。
美国总统特朗普6日在白宫接受媒体采访时表示,他“很有可能”不久与普京及乌克兰总统泽连斯基就结束俄乌冲突举行会晤。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联