Latin America
အမြန်ဆုံးဥပဒေပြု၍ ကြေးစားတပ်သားများအား တားမြစ်ရန် ကိုလံဘီယာ သမ္မတ တိုက်တွန်း

ဘိုဂိုတာ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုက ဩဂုတ် ၆ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ကိုလံဘီယာနိုင်ငံသားများ ကြေးစားတပ်သားလုပ်ဆောင်မှုအား တားမြစ်သည့် ဥပဒေကြမ်းအား လွှတ်တော်မှ အမြန်ဆုံးစိစစ်ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ ဆူဒန်မီဒီယာများက ကိုလံဘီယာ ကြေးစားတပ်သားများ သယ်ဆောင်လာသော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) လေယာဉ်တစ်စင်းကို ဆူဒန်လေတပ်က ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။
ဂူစတာဗို ပက်ထရိုက ၎င်းအနေဖြင့် အီဂျစ်နိုင်ငံဆိုင်ရာ ကိုလံဘီယာသံရုံးထံသို့ ဆူဒန်နိုင်ငံ တောင်ဒါဖာပြည်နယ်၌ တိုက်ခိုက်သေဆုံးခဲ့သည့် ကိုလံဘီယာနိုင်ငံသား ကြေးစားတပ်သား အရေအတွက်အား အတည်ပြုရန်၊ ၎င်းတို့ရုပ်အလောင်းများ နိုင်ငံသို့ပြန်ပို့ဆောင်မှုတွင် ကူညီပေးရန် အမိန့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆူဒန်လေတပ်သည် ဩဂုတ် ၆ ရက်တွင် တောင်ဒါဖာပြည်နယ် မြို့တော်ညာလာ၌ ကိုလံဘီလာ ကြေးစားတပ်သားများ တင်ဆောင်လာသော ယူအေအီး လေယာဉ်တစ်စင်းအား ဖျက်ဆီးခဲ့ရာ ကြေးစားတပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ဆူဒန်ရုပ်မြင်သံကြားက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်သည် ပင်လယ်ကွေ့ဒေသ လေတပ်အခြေစိုက်စခန်းတစ်ခုမှ စတင်ပျံသန်းခဲ့ပြီး လူ ၄၀ ဦး ထက်မနည်း တင်ဆောင်လာရာ ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အတွက် လူနှင့်စက်ပစ္စည်းများ ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း၊ ဆူဒန်စစ်တပ် သတင်းထောက်လှမ်းရေးဌာနက လေယာဉ်သွားလာမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကာ လေယာဉ်က ညာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ပြီးနောက် ချက်ချင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်တွင် ဆူဒန်စစ်တပ်နှင့် ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) တို့သည် ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ စစ်မီးလျှံက ဆက်လက်ပြီး အခြားဒေသများသို့ ကူးစက်သွားခဲ့သည်။ ဆူဒန်အစိုးရက ကာလကြာရှည်စွာ အခမ်းအနားအမျိုးမျိုးတွင် ယူအေအီးဘက်က ဆူဒန်အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အား ပံ့ပိုးပေးနေပြီး ၎င်းတို့ကို လက်နက်နှင့် အရင်းအနှီးများ ထောက်ပံ့ပေးနေသည်ဟု ပြစ်တင်ပြောကြားခဲ့ရာ ယူအေအီးဘက်က အားလုံးငြင်းဆိုခဲ့သည်။ (Xinhua)
———————
(Chinese Version)
哥伦比亚总统呼吁尽快立法禁止雇佣兵
新华社波哥大8月7日电(记者李子健)哥伦比亚总统佩特罗6日晚在社交媒体上发文,呼吁国会尽快审议禁止哥伦比亚公民充当雇佣兵的法案。此前,苏丹媒体报道载有哥伦比亚籍雇佣兵的阿联酋飞机被苏丹空军击毁。
佩特罗表示,他已责成哥伦比亚驻埃及大使馆核实在苏丹南达尔富尔州遇袭身亡的哥籍雇佣兵人数,并协助将他们的遗体运送回国。
据苏丹电视台6日报道,苏丹空军当天在南达尔富尔州首府尼亚拉摧毁一架载有哥伦比亚籍雇佣兵的阿联酋飞机,造成数十名雇佣兵死亡。
报道援引苏丹军方消息人士的话说,这架飞机从海湾地区一空军基地起飞,至少载有40人,旨在为苏丹快速支援部队输送人员和装备。苏丹武装部队情报部门实时监控飞机动向,当飞机降落在尼亚拉国际机场后立即实施打击。
2023年4月15日,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。苏丹政府在不同场合多次指责阿联酋支持苏丹快速支援部队、向其提供武器和资金,阿联酋均予以否认。(完)