Connect with us

Europe

ပူတင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံ ကရင်မလင်နနန်းတော်၌ ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - President of Russia)

မော်စကို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ပူတင်သည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval နှင့် ဩဂုတ် ၇ ရက်တွင် ရုရှားနိုင်ငံ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုက်က ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့အစောပိုင်းတွင် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu ကလည်း Ajit Doval နှင့် လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ဝက်ဘ်ဆိုက်တွင် ပူတင်နှင့် Ajit Doval တို့ တွေ့ဆုံဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာကို ထုတ်ပြန်ထားခြင်းမရှိပေ။

Sergei Shoigu နှင့် တွေ့ဆုံပြီးနောက် Ajit Doval က အိန္ဒိယနှင့် ရုရှားတို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားကြောင်း၊ အိန္ဒိယအနေဖြင့် “နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တန်ဖိုးထား” ကြောင်း၊ နှစ်ဖက်က အဆင့်မြင့်အလွှာတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နေကြောင်း၊ “သမ္မတ ပူတင်က ယခုနှစ် နှစ်ကုန်မှာ အိန္ဒိယနိုင်ငံကို ခရီးစဉ်လာရောက်ဖို့ စီစဉ်နေတယ်ဆိုတာကို ကျွန်တော်တို့ဘက်က ဝမ်းမြောက်စွာ သိရှိရပါတယ်။ ဒီခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လားရာအသစ် လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Rossiya Segodnya သတင်းအေဂျင်စီက သတင်းဖော်ပြထားသည်။

Sergei Shoigu က ရုရှား-အိန္ဒိယ အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဘက်စုံမြှင့်တင်ခြင်းသည် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ အဆိုပါဆက်ဆံရေးသည် အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ အပြန်အလှန်၏ အကျိုးစီးပွားအား တန်းတူညီမျှ ထည့်သွင်းစဉ်းစားမှုနှင့် ပူးတွဲလုပ်ငန်းစဉ် မျှော်မှန်းချက်များအား တွန်းအားပေးမှု အခြေခံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ရုရှား-အိန္ဒိယ နှစ်ဖက်သည် ပိုမိုတရားမျှတ၍ တည်ငြိမ်သော ကမ္ဘာကြီး စည်းစနစ်အသစ် တည်ဆောက်ခြင်း၊ နိုင်ငံတကာဥပဒေ ထိပ်ဆုံးတွင်ထားရှိရန် အာမခံပေးခြင်း၊ စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများအား အတူတကွ ခုခံကာကွယ်ခြင်း စသည့် ကဏ္ဍများတွင် တစ်ဆင့်တိုး အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ရုရှား-အိန္ဒိယ နှစ်နိုင်ငံသည် အလွှာစုံ အပြန်အလှန် ယုံကြည်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်နေကြောင်း၊ အဆိုပါတွေ့ဆုံဆွေးနွေးမှု၏ အခြေခံမှာ ပူတင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ ပုံမှန်ထိတွေ့ဆက်ဆံခြင်းဖြစ်ကြောင်း၊ “နှစ်နိုင်ငံခေါင်းဆောင်များ ထပ်မံအပြည့်အဝ တွေ့ဆုံဆွေးနွေးမှု ရက်စွဲကို အတည်ပြုခြင်းက အလွန်အရေးကြီးပါတယ်” ဟုလည်း Sergei Shoigu က ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
普京会见印度国家安全顾问多瓦尔
新华社莫斯科8月7日电 俄罗斯总统网站7日发布消息说,俄总统普京当天在克里姆林宫会见印度国家安全顾问多瓦尔。当天早些时候,俄罗斯联邦安全会议秘书绍伊古同多瓦尔举行工作会晤。
俄总统网站没有公布普京和多瓦尔交谈的具体内容。
据今日俄罗斯通讯社报道,多瓦尔在同绍伊古会晤后表示,印度与俄罗斯建立了非常良好的关系,印方“珍视两国间的战略伙伴关系”,双方在高层开展合作。“我方非常高兴得知普京总统计划于今年年底访问印度”,希望此访为两国关系未来发展指出新方向。
绍伊古表示,全面加强俄印特殊战略伙伴关系具有重要意义,这种关系建立在相互尊重、信任、平等考虑彼此利益和推动联合议程愿望基础上。俄印双方愿在建立更加公正稳定的世界新秩序、确保国际法至上、共同抵御挑战和威胁等方面进一步积极合作。
绍伊古还说,俄印两国正有效进行多层次互信政治对话,这一对话的基础是普京同印度总理莫迪定期接触,“确定两国领导人再次充分会谈的日期至关重要”。(完)
图说:俄罗斯总统网站发布的普京会见多瓦尔的照片