Asia
ရှီကျင့်ဖိန်က စင်ကာပူနိုင်ငံ သမ္မတ သာမာန် ရှန်မူဂါရတ်နန်ထံသို့ စင်္ကာပူသမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စင်ကာပူနိုင်ငံ သမ္မတ သာမာန် ရှန်မူဂါရတ်နန် (Tharman Shanmugaratnam) ထံသို့ စင်ကာပူသမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည် ဂုဏ်ပြုသဝဏ်လွှာအား ဩဂုတ်လ ၉ ရက်တွင် ပေးပို့ခဲ့သည်။
နိုင်ငံတည်ထောင်ခြင်း နှစ် ၆၀ ကာလတစ်လျှောက်တွင် စင်ကာပူနိုင်ငံသည် ပင်ကိုထူးခြားမှုရှိသော ခေတ်မီဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ပြီး အများဂရုပြုဖွယ် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နှင့် စင်ကာပူသည် အပြန်အလှန်၏ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံများ၊ အရေးပါသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များလည်း ဖြစ်ကြကြောင်း ဂုဏ်ပြုသဝဏ်လွှာ၌ ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၃၅ နှစ်ကာလတစ်လျှောက်တွင် နှစ်နိုင်ငံသည် နှစ်ဖက်ဆက်ဆံရေးကို မဟာဗျူဟာမြောက်အမြင်နှင့် ရေရှည်ရှုထောင့်မှ တရုတ်-စင်ကာပူ ဆက်ဆံရေးကို ကိုင်တွယ်ခဲ့ကြပြီး တရုတ်-စင်ကာပူ ဆက်ဆံရေးအား အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်မှု ရရှိစေရန် တွန်းအားပေးခဲ့ရာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများမှာ ကြွယ်ဝသောအောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ ယင်းမှာ နိုင်ငံများကြား အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၏ စံနမူနာတစ်ရပ် ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
မိမိအနေဖြင့် တရုတ်-စင်ကာပူ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး တရုတ်-စင်ကာပူ ဘက်စုံထောင့်စုံ အရည်အသွေးမြင့်သော အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုများပြားသော ကောင်းကျိုးသုခများ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပိုမိုအပြုသဘောဆောင်သော စွမ်းအားများ ဖြည့်တင်းပေးနိုင်ရန် နှစ်ဖက်အနေဖြင့် အတူတကွ ကြိုးပမ်းသွားလိုကြောင်း ရှီကျင့်ဖိန်က ရေးသားဖော်ပြခဲ့သည်။ (Xinhua)
…………………
(Chinese Version)
习近平就新加坡共和国成立60周年向新加坡总统尚达曼致贺电
新华社北京8月9日电 8月9日,国家主席习近平致电新加坡总统尚达曼,祝贺新加坡共和国成立60周年。
习近平指出,建国60年来,新加坡走出了一条独具特色的现代化道路,取得了令人瞩目的发展成就。中国和新加坡互为友好近邻和重要合作伙伴。建交35年来,双方始终从战略高度和长远角度把握中新关系,推动中新关系实现提质升级,各领域合作取得丰硕成果,树立了国家间互利共赢、共同发展的典范。我高度重视中新关系发展,希望双方共同努力,推动中新全方位高质量的前瞻性伙伴关系实现更大发展,为两国人民带来更多福祉,为地区和平繁荣注入更多正能量。(完)