Connect with us

Asia

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ ကင်းလှည့်စဉ် မိုင်းနင်းမိ၍ စစ်သည် ၃ ဦး ဒဏ်ရာရဟု ထိုင်းကြည်းတပ် ဆို

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ဒေသတပ်မှူးများ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Royal Thai Armed Forces/Handout via Xinhua)

ဘန်ကောက်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ် စစ်သည် ၃ ဦးသည် ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်၌ ကင်းလှည့်စဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းကြည်းတပ် အမှတ် (၂) စစ်ဒေသ က ထိုနေ့တွင် လူမှုမီဒီယာပလက်ဖောင်း၌ သတင်းထုတ်ပြန်ခဲ့သည်။

မိုင်းနင်းမိသူများအနက် တစ်ဦးသည် ဝဲဘက်ခြေကျင်းဝတ်အောက်ပိုင်း ပြတ်သွားခဲ့ကြောင်း၊ တစ်ဦးက လက်မောင်းနှင့် ကျောကုန်းတွင် ဒဏ်ရာရရှိသွားကြောင်း၊ အခြားတစ်ဦးကမူ ပေါက်ကွဲမှုကြောင့် နားစည် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၎င်းတို့သုံးဦးလုံးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင် ၂၄ ရက်မှစ၍ နယ်စပ်ဒေသ၌ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက အခြားတစ်ဖက်အား နိုင်ငံတကာဥပဒေ ချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်စွပ်စွဲခဲ့ကြသည်။ နှစ်ဖက်ထုတ်ပြန်သည့် အချက်အလက်များအရ ပဋိပက္ခကြောင့် ၁၀၀ ကျော် သေဆုံးဒဏ်ရာရခဲ့ပြီး ပြည်သူ ၁၀၀,၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
ဩဂုတ် ၇ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် အပစ်ရပ်မှုအသေးစိတ်အကြောင်းအရာနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် စစ်တပ်များ လက်ရှိဖြန့်ကြက်နေရာချထားမှုကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသသို့ စစ်ကူထပ်မံပို့ဆောင်ခြင်းမပြုရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
泰国陆军说3名士兵在泰柬边境巡逻时触雷受伤
新华社曼谷8月9日电(记者陈倩慈 林昊)泰国陆军第二军区9日在社交媒体平台通报说,3名泰军士兵当天上午在泰国与柬埔寨边境巡逻时踩中地雷受伤。
通报说,其中一人左脚踝以下被炸断,还有一人手臂及背部受伤,另一人鼓膜在爆炸冲击中受损,3人均已送往当地医院。
泰国与柬埔寨7月24日起在边境地区发生冲突,双方互相指责对方违反国际法。根据双方公布的数据,冲突已造成上百人伤亡,逾10万民众被疏散至安全区域。8月7日,泰柬两国在马来西亚吉隆坡举行的两国边界总委员会特别会议上就停火细则达成共识并签署协议。两国同意维持军队部署现状,承诺不再向边境增兵。(完)
这是7月29日在泰柬边境地区拍摄的泰柬两国军区指挥官会谈现场。新华社发(泰国陆军供图)