International Organizations
အစ္စရေးက ဂါဇာမြို့အား ထိန်းချုပ်ရန် ဆုံးဖြတ်မှုအပေါ် “များစွာတုန်လှုပ်မိ” ကြောင်း ဂူတာရက်စ် ဆို

ကုလသမဂ္ဂ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့အား ထိန်းချုပ်ရန် ဆုံးဖြတ်မှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေဖြင့် “များစွာတုန်လှုပ်မိ” ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် ကိစ္စရပ်အခြေအနေ “အန္တရာယ် အဆင့်မြင့်တက်မှု” ကို ဖော်ပြနေပြီး သန်းနှင့်ချီသော ပါလက်စတိုင်း ပြည်သူများ ခံစားနေရသည့် ကပ်ဘေးအသွင် နောက်ဆက်တွဲများကို ဆိုးရွားလာစေပြီး ပိုမိုများပြားသော လူ့အသက်များကို အန္တရာယ်ဖြစ်စေမည်ဖြစ်ကြောင်း ဂူတာရက်စ်၏ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Stephanie Tremblay က ဩဂုတ် ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်းပြည်သူများသည် ကြောက်မက်ဖွယ် လူသားချင်းစာနာမှု ကပ်ဘေးကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ကိစ္စရပ်အခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်လာမှုကြောင့် နေရပ်စွန့်ခွာသူများ ပိုမိုများပြားလာစေပြီး သတ်ဖြတ်မှုနှင့် အကြီးအကျယ်ဖျက်ဆီးမှုများ ပိုမိုများပြားလာစေကာ ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်းပြည်သူများ၏ အခက်အခဲကို ဆိုးရွားလာစေမည်ဟု ဂူတာရက်စ်က သတိပေးထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသ ရေရှည်အပစ်ရပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပို့ဆောင်မှုအား အာမခံရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးအား ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ဂူတာရက်စ်က ထပ်မံ အရေးတကြီးတိုက်တွန်းလိုက်ကြောင်းလည်း ကြေညာချက်က ဆိုထားသည်။
အစ္စရေးအစိုးရက နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသော တာဝန်ဝတ္တရားအား ထမ်းဆောင်ရန် ဂူတာရက်စ်က ထပ်မံပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ICJ) ၏ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ထားသော စုံစမ်းမေးမြန်းမှုအကြံပြုချက်အရ အစ္စရေးသည် အခြေချနေထိုင်ရန်နေရာအသစ် တည်ဆောက်ရေး လှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ အခြေချနေထိုင်သူအားလုံး သိမ်းပိုက်ခံရသည့် ပါလက်စတိုင်းနယ်မြေမှ ရွှေ့ပြောင်းရန်၊ အစ္စရေးက သိမ်းပိုက်ခံရသော ပါလက်စတိုင်းနယ်မြေတွင် တရားမဝင်တည်ရှိမှုအား ဆောလျင်စွာ အဆုံးသတ်ရန် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြထားသည်။
ထိုကဲ့သို့ တရားမဝင်သိမ်းပိုက်မှုကို အဆုံးမသတ်သည့်အပြင် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အား အကောင်အထည် မဖော်ပါက ပါလက်စတိုင်း-အစ္စရေးပဋိပက္ခသည် ရေရှည်ဖြေရှင်းမှု ရရှိနိုင်မည် မဟုတ်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသည် “ပါလက်စတိုင်းနိုင်ငံရဲ့ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခု လက်ရှိဖြစ်နေသလို ဆက်လက်ဖြစ်တည်ရမှာလည်းဖြစ်တယ်” ဟု ကြေညာချက်တွင် အလေးထားပြောကြားထားသည်။ (Xinhua)
——————-
(Chinese Version)
古特雷斯对以色列决定接管加沙城“深感震惊”
新华社联合国8月8日电(记者潘云召)联合国秘书长古特雷斯的助理发言人斯特凡妮·特朗布莱8日发表声明说,古特雷斯对以色列政府决定接管加沙地带加沙城“深感震惊”。这一决定标志着事态“危险升级”,可能加重数百万巴勒斯坦人已然遭受的灾难性后果,并危及更多人的生命。
声明说,加沙地带巴勒斯坦人仍在遭受着可怕的人道主义灾难。古特雷斯警告,事态进一步升级将迫使更多人流离失所、导致更多杀戮和大规模破坏,加重加沙地带巴勒斯坦人的苦难。
声明说,古特雷斯再次紧急呼吁加沙地带永久停火,确保人道主义援助畅通无阻,并立即无条件释放所有被扣押人员。
古特雷斯再次强烈敦促以色列政府履行国际法规定的义务。他指出,根据联合国国际法院2024年7月19日发表的咨询意见,以色列有义务立即停止所有新的定居点建设活动,把所有定居者撤离巴勒斯坦被占领土,并尽快结束以色列在巴勒斯坦被占领土的非法存在。
声明强调,如果不结束这种非法占领并落实“两国方案”,巴以冲突就无法得到可持续解决。加沙地带“现在是、也必须继续是巴勒斯坦国不可分割的一部分”。(完)
图说:7月14日,在位于纽约的联合国总部,联合国秘书长古特雷斯在《2025年可持续发展目标报告》发布记者会上讲话。新华社记者 谢锷 摄