Connect with us

Europe

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ သဘောတူညီချက်မူကြမ်းလက်မှတ်ရေးထိုး၍ ဆက်ဆံမှု ပုံမှန်ဖြစ်ရန် တွန်းအားပေး

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗားကူး၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့သည် ဩဂုတ် ၈ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ နှစ်နိုင်ငံက ထိုနေ့တွင် “အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံများအကြား ဆက်ဆံရေး ထူထောင်ခြင်း သဘောတူညီချက်” မူကြမ်းအကြောင်းအရာအား လက်မှတ်ရေးထိုးခဲ့ရာ နှစ်နိုင်ငံက “သင့်မြတ်သော အိမ်နီးချင်းဆက်ဆံရေး ထူထောင်ရန် လိုအပ်ချက်ကို နောက်ဆုံးဖန်တီးလိုက်ပြီ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev နှင့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan သည် ထိုနေ့တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက အထက်ပါသဘောတူညီချက် မူကြမ်းအကြောင်းအရာအား လက်မှတ်ရေးထိုးမှုကို သက်သေထူခဲ့ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက် နောက်ဆုံးလက်မှတ်ရေးထိုး၍ အတည်ပြုမှုအတွက် တစ်ဆင့်တိုးအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက် နယ်စပ်ကိုကျူးကျော်၍မရခြင်းနှင့် လက်နက်အင်အားသုံး၍ ပိုင်နက်မြေလုယူမှု တားမြစ်ခြင်း အခြေခံမူပေါ်တွင် အခြေခံ၍ နှစ်နိုင်ငံက သင့်မြတ်သော အိမ်နီးချင်းဆက်ဆံရေး ထူထောင်ရန် အခြေအနေအား နောက်ဆုံး ဖန်တီးနိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်မှန်သည် နှစ်နိုင်ငံ ရန်လိုသည့်သမိုင်းအား အဆုံးသတ်ရန်အတွက် လမ်းကြောင်းဖွင့်လှစ်ပေးလိုက်ကြောင်း ကြေညာချက်က ဆိုထားသည်။

သဘောတူညီချက် တရားဝင်လက်မှတ်ရေးထိုးမှုသည် “အချိန်အကြာကြီး မလိုလောက်ဘူး” ဟု မျှော်မှန်းရကြောင်း Ilham Aliyev က ထိုနေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့သည် Nagorno-Karabakh ဒေသ ပိုင်ဆိုင်မှုပြဿနာကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ နှစ်နိုင်ငံက ၁၉၉၄ ခုနှစ်တွင် ဘက်စုံအပစ်ရပ်မှု သဘောတူညီချက် ရရှိခဲ့သော်လည်း Karabakh ဒေသအရေးကိစ္စကြောင့် အစဉ်တစိုက် ရန်လိုမှုအခြေအနေ ဖြစ်နေပြီး လက်နက်ကိုင်ပဋိပက္ခလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့သည် ပူးတွဲကြေညာချက် ထုတ်ပြန်၍ အချုပ်အခြာအာဏာနှင့် ပိုင်နက်မြေပြည့်စုံမှုအား လေးစားသည့် အခြေခံမူပေါ်တွင် အခြေခံ၍ ဆက်ဆံရေးပုံမှန်ဖြစ်ရေး ဖော်ဆောင်လို့သည့် ဆန္ဒကို ထပ်မံအလေးထားဖော်ပြခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
阿塞拜疆和亚美尼亚草签协议 推动关系正常化
新华社巴库8月8日电(记者钟忠)阿塞拜疆和亚美尼亚8日发表联合声明说,两国当天草签了《阿塞拜疆和亚美尼亚关于建立和平与国家间关系的协议》文本,两国“终于创建了建立睦邻关系的条件”。
声明说,阿塞拜疆总统阿利耶夫和亚美尼亚总理帕什尼扬当天在美国华盛顿举行会晤,见证两国外长草签上述协议文本,两国将采取进一步措施以最终签署并批准该协议。声明说,历经冲突后,在基于边界不可侵犯及禁止使用武力夺取领土的原则上,两国建立睦邻关系的条件终于得以创建。这一现实为结束两国敌对历史开辟了道路。
阿利耶夫当天告诉阿塞拜疆媒体,预计协议的正式签署“应该不需要很长时间”。
苏联解体后,阿塞拜疆和亚美尼亚因纳戈尔诺-卡拉巴赫(纳卡)地区归属问题爆发战争。虽然两国1994年达成全面停火协议,但一直因纳卡问题处于敌对状态,武装冲突时有发生。2023年12月7日,阿塞拜疆和亚美尼亚发表联合声明,重申有意在尊重主权和领土完整原则基础上实现关系正常化并达成和平协议。(参与记者:夏林)(完)
图说1:8月8日,美国总统特朗普(左)在华盛顿白宫迎接亚美尼亚总理帕什尼扬。新华社记者 胡友松 摄
图说2:8月8日,美国总统特朗普(左)在华盛顿白宫迎接阿塞拜疆总统阿利耶夫。新华社记者 胡友松 摄