Africa & Middle East
ကာတာအနေဖြင့် အစ္စရေးအား တုံ့ပြန်ရန် လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားမည်ဟု ကာတာ ဝန်ကြီးချုပ် ဆို

ဒိုဟာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာအား ချိုးဖောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို သည်းညည်းခံမည်မဟုတ်ကြောင်း၊ အစ္စရေးအား တုံ့ပြန်ရန် လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ကာတာနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကာတာနိုင်ငံက အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဘက်စုံအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Sheikh Mohammed bin Abdulrahman Al Thani က ထိုနေ့ ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကာတာအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ဆွေးနွေးညှိနှိုင်းမှုတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း၊ သို့သော် အစ္စရေးက တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် လက်ရှိတွင် လုပ်ဆောင်လျက်ရှိသည့် တွေ့ဆုံဆွေးနွေးမှု မရှိကြောင်း ၎င်းက ဆိုသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Majed Mohammed Al-Ansari က စက်တင်ဘာ ၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အစ္စရေးမှ တိုက်ခိုက်မှု လုပ်ဆောင်မည်ကို ကာတာဘက်က ကြိုတင်သိရှိထားသည်ဟူသော သတင်းဖော်ပြချက်များအား ငြင်းပယ်ခဲ့ပြီး အဆိုပါပြောဆိုချက်မှာ “အခြေအမြစ်မရှိကြောင်း” ပြောကြားခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီးမှသာ အမေရိကန် အရာရှိတစ်ဦးက ကာတာဘက်သို့ ဆက်သွယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကာတာနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်မှု ညှိနှိုင်းရာ၌ အစဉ်အမြဲ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အစ္စရေးစစ်တပ်နှင့် အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) တို့သည် စက်တင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ထိုနေ့တွင် ဒိုဟာမြို့ရှိ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) အဆင့်မြင့်အလွှာ အဖွဲ့ဝင်များအပေါ် “တိကျသည့် တိုက်ခိုက်မှု” လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဟားမက်စ်ဘက်ကလည်း စက်တင်ဘာ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ ဟားမက်စ်ဘက်တွင် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူရှိကြောင်း၊ သို့သော် ဟားမက်စ် အဆင့်မြင့်အလွှာအား လုပ်ကြံသတ်ဖြတ်သည့် အစ္စရေး၏အကြံအစည်သည် “အောင်မြင်မှု မရှိခဲ့ကြောင်း” အတည်ပြုခဲ့သည်။ (Xinhua)
———————-
(Chinese Version)
卡塔尔首相:卡方保留回应以色列的权利
新华社多哈9月9日电(记者汪强)卡塔尔首相兼外交大臣穆罕默德9日说,卡塔尔绝不容忍任何侵犯其主权的行为,将保留对以色列作出回应的权利。
穆罕默德当天在卡塔尔首都多哈举行的记者会上说,卡塔尔将采取全面措施,以防止类似事件再次发生。他表示,卡塔尔将继续参与调解加沙地带停火谈判,但在以色列发动袭击后,当前没有正在进行的会谈。
卡塔尔外交部发言人安萨里9日在社交媒体发文否认有关卡塔尔事先获悉以色列将发动袭击的报道,表示这一说法“毫无根据”。他说,在以色列袭击引发爆炸后,一名美国官员才联系了卡塔尔方面。
卡塔尔在加沙地带停火调解努力中一直发挥着关键作用。以色列国防军和以国家安全总局(辛贝特)9日发表声明确认,当天针对在多哈的巴勒斯坦伊斯兰抵抗运动(哈马斯)高层成员进行了“精准打击”。哈马斯9日发表声明,证实哈马斯方面有人员在袭击中身亡,但以方暗杀哈马斯高层的图谋“未能得逞”。(完)
图说:9月9日,在卡塔尔首都多哈,安全人员在事发现场附近执勤。新华社发(尼库摄)