North America
အစ္စရေး၏ ကာတာတွင် လုပ်ဆောင်သော တိုက်ခိုက်မှုအပေါ် ထရမ့် “အလွန် စိတ်မကောင်းဖြစ်” ဟုဆို

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်သည် အစ္စရေး၏ စက်တင်ဘာ ၉ ရက်က ကာတာနိုင်ငံမြို့တော် ဒိုဟာ၌ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) အား တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် “အလွန် စိတ်မကောင်းဖြစ်ကြောင်း” အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးက ဒိုဟာရှိ ဟားမက်စ် ပစ်မှတ်များကို တိုက်ခိုက်လျက်ရှိကြောင်း အမေရိကန် စစ်တပ်က အဆိုပါနေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်ထံ အသိပေးခဲ့ကြောင်း Karoline Leavitt က ယင်းနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ “သမ္မတကြီးက ကာတာနိုင်ငံကို အမေရိကန်ရဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ရှုမြင်ပါတယ်၊ ယခုအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာအပေါ် သူ အလွန်စိတ်မကောင်းဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကာတာသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပြီး ကာတာနယ်နိမိတ်အတွင်း တစ်ဖက်သတ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းသည် အစ္စရေးနှင့် အမေရိကန် ရည်မှန်းချက်ကို မြှင့်တင်ရန် အကျိုးမပြုကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ထရမ့်သည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၊ ကာတာနိုင်ငံ အကြီးအကဲ Tamim bin Hamad Al Thani တို့နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ Tamim နှင့် ဖုန်းပြောဆိုရာတွင် ထရမ့်က ကာတာနယ်နိမိတ်အတွင်း ဤကဲ့သို့သောဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ရန် အာမခံပေးခဲ့သည်။
သို့သော် Leavitt က အမေရိကန်စစ်တပ်က အစ္စရေး တိုက်ခိုက်မှုပြုလုပ်ခြင်းကို မည်သို့ သိရှိရသနည်းနှင့် အမေရိကန်ထံ ကြိုတင်၍ အကြောင်းကြားခြင်း ရှိမရှိနှင့် စပ်လျဉ်းသော မေးခွန်းများကို ဖြေကြားရန် ငြင်းပယ်ခဲ့သည်။
အဆိုပါနေ့တွင် ဒိုဟာမြို့ရှိ ဟားမက်စ်အကြီးအကဲ အဖွဲ့ဝင်များကို “ပစ်မှတ်တိကျသောတိုက်ခိုက်မှု” ပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်နှင့် အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) တို့က စက်တင်ဘာ ၉ ရက် ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။ ဟားမက်စ်အဖွဲ့က ၎င်းတို့ဘက်မှ တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူရှိသော်လည်း ဟားမက်စ်အကြီးအကဲများအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ ကြံစည်မှုမှာ “မအောင်မြင်ခဲ့ကြောင်း” ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကာတာနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖျန်ဖြေမှုများတွင် အဓိကအခန်းကဏ္ဍမှ အစဉ်သဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဤတိုက်ခိုက်မှုအပြီး ကာတာ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအများအပြား၊ ကုလသမဂ္ဂ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် စသည့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများက နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်ကာ ကာတာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်ခဲ့သည့် ဤလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (အလယ်)၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး Katz စသည်တို့ Shin Bet ကွပ်ကဲမှုစင်တာတစ်ခုတွင် စက်တင်ဘာ ၉ ရက်က နှီးနှောဖလှယ်နေကြသည်ကို အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) မှ ထုတ်ပြန်သော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
特朗普对以色列在卡塔尔发动袭击感到“很糟糕”
新华社华盛顿9月9日电(记者徐剑梅)美国白宫新闻秘书莱维特9日表示,美国总统特朗普对以色列当天在卡塔尔首都多哈针对巴勒斯坦伊斯兰抵抗运动(哈马斯)发动袭击感到“很糟糕”。
莱维特在当天举行的记者会上透露,美国军方当天早晨向白宫通报说,以色列正在打击位于多哈的哈马斯目标。她说:“总统视卡塔尔为美国的坚定盟友,他对这次袭击发生的地点感到很糟糕。”
莱维特说,卡塔尔是一个主权国家,单方面在卡塔尔境内发动空袭,无助于推进以色列和美国的目标。袭击发生后,特朗普与以色列总理内塔尼亚胡和卡塔尔埃米尔(国家元首)塔米姆分别进行了电话交谈。在与塔米姆通话时,特朗普保证类似事件不会在卡塔尔境内再次发生。
不过,莱维特拒绝回答有关美国军方如何获知以色列发动袭击以及以方是否提前通知了美方的提问。
以色列国防军和以国家安全总局(辛贝特)9日发表声明确认,当天针对在多哈的哈马斯高层成员进行了“精准打击”。哈马斯9日发表声明,证实哈马斯方面有人员在袭击中身亡,但以方暗杀哈马斯高层的图谋“未能得逞”。
卡塔尔在加沙地带停火调解努力中一直发挥着关键作用。袭击发生后,包括卡塔尔在内的众多中东国家以及联合国、阿拉伯国家联盟等国际和地区组织对这一严重违反国际法、侵犯卡塔尔主权行为表示强烈谴责。(完)
图说:9月9日,在美国首都华盛顿白宫,美国白宫新闻秘书莱维特在记者会上讲话。新华社记者 胡友松 摄
图说2:这张以色列国家安全总局(辛贝特)发布的照片显示,9月9日,以色列总理内塔尼亚胡(中)、以色列国防部长卡茨(左一)等在一处辛贝特指挥中心内交流。新华社发