International Organizations
အီရန်နျူကလီးယားအရေးတွင် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများ တစ်ဆင့်တိုး တိုးမြှင့်ဆောင်ရွက်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ဗီယင်နာ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့က အီရန်နှင့် IAEA အတွင်းရေးမှူးရုံးတို့ကြား အာမခံစောင့်ကြည့်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ထူထောင်ရေးဆိုင်ရာကဏ္ဍတွင် အပြုသဘောဆောင်သော တိုးတက်မှုများကို စက်တင်ဘာလ ၁၀ ရက်တွင် ဆွေးနွေးခဲ့သည်။ IAEA ဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် လီဆုန်းက တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို အပြည့်အစုံဖော်ပြခဲ့ပြီး ဘက်အသီးသီးအနေဖြင့် အီရန်နျူကလီးယားအရေးတွင် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများ တစ်ဆင့်တိုး တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် လီဆုန်းက ယခုနှစ် ဇွန်လတွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် IAEA အာမခံစောင့်ကြည့်မှုကို လက်ခံထားသော အီရန်၏ နျူကလီးယားအဆောက်အအုံများကို ပြောင်ပြောင်တင်းတင်း စစ်ရေးတိုက်ခိုက်မှုပြုခဲ့ပြီး အီရန်နျူကလီးယားအရေးဆိုင်ရာ သံတမန်ရေးကြိုးပမ်းမှုများကို ပြင်းထန်စွာဖျက်ဆီးခဲ့ကာ အီရန်နှင့် IAEA ၏ အာမခံစောင့်ကြည့်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြင်းထန်စွာ နှောင့်ယှက်ခဲ့ကြောင်း၊ ကြမ်းတမ်းရှုပ်ထွေးသော အခြေအနေများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံသည် ဗိုလ်ကျကြီးစိုးသည့် အနိုင်ကျင့်မှု လုပ်ရပ်များကို အခိုင်အမာ ကန့်ကွက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ညှိနှိုင်းဖျန်ဖြေခြင်းတို့၏ အခန်းကဏ္ဍကို အခိုင်အမာ ဆောင်ရွက်စေကာ ပဋိပက္ခများ မြင့်တက်ခြင်းကို တားဆီးရန်နှင့် ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သော သံတမန်ရေး ကြိုးပမ်းမှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် ဥရောပနိုင်ငံသုံးနိုင်ငံ (ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ) ၏ “ပိတ်ဆို့အရေးယူမှုများ လျင်မြန်စွာ ပြန်လည်လုပ်ဆောင်ခြင်း” ဆိုင်ရာ လှုပ်ရှားမှုများကို အတိအလင်း ကန့်ကွက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကို အထောက်အကူမပြုသလို ပြန်လည်ဆွေးနွေးခြင်းကို မြှင့်တင်ရာတွင်လည်း အဟန့်အတားဖြစ်စေကာ ကပ်ဘေးသဖွယ် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပြီး သံတမန်ရေးကြိုးပမ်းအားထုတ်မှုများအားလုံးကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
လီဆုန်းက တရုတ်နိုင်ငံခေါင်းဆောင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲရေး အစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံတို့သည် အီရန်နျူကလီးယားအရေးကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးသော လမ်းညွှန်မှု အနက်အဓိပ္ပါယ်ရှိကြောင်း၊ အီရန်နျူကလီးယားအရေးသည် အီရန်၏ ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင်သုံးစွဲခွင့်ကို အပြည့်အဝလေးစားမှု၊ အီရန် နျူကလီးယားအစီအစဉ်၏ ငြိမ်းချမ်းရေးသဘောသဘာဝကို သေချာစေမှု၊ IAEA မူဘောင်အတွင်းရှိ တင်းကျပ်သော အပြည်ပြည်ဆိုင်ရာ နျူကလီးယားစစ်ဆေးမှုကို အခြေခံမှုရှိမှသာလျှင် ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန်နျူကလီးယားအရေးကို နိုင်ငံရေးနှင့်သံတမန်ရေးလမ်းကြောင်းမှ ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရေးအား အခိုင်အမာ ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက်အသစ်များ ရယူသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့အား လက်နက်အားကိုးအလွဲသုံးစားမပြုရန်၊ ဥရောပနိုင်ငံသုံးနိုင်ငံကို “ပိတ်ဆို့အရေးယူမှုများ လျင်မြန်စွာ ပြန်လည်လုပ်ဆောင်ခြင်း” မြှင့်တင်မှုအား ရပ်တန့်ရန် တိုက်တွန်းကာ သက်ဆိုင်ရာ ဘက်အသီးသီးအားလုံးအား စစ်မှန်သော သံတမန်ရေးအတွက် လက်တွေ့ကျသောအရာများ ပိုမိုလုပ်ဆောင်ရန် တောင်းဆိုကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အခြေခံမူ၊ တာဝန်ယူမှုနှင့် အပြုသဘောဆောင်မှုရှိသော သဘောထားကို ဆက်လက်အရင်းခံ၍ အီရန်နျူကလီးယားအရေး၏ နိုင်ငံရေးနှင့်သံတမန်ရေးလုပ်ငန်းစဉ်ကို မှန်ကန်သော လမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိစေရန်၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးယန္တရားအား အခိုင်အမာ ထိန်းသိမ်းကာကွယ်သွားရန် ဘက်အသီးသီးနှင့် အတူတကွ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါနေ့ ဘုတ်အဖွဲ့ အစည်းအဝေးတွင် IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ၎င်းသည် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရက်ဂ်ချီနှင့် စက်တင်ဘာ ၉ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၌ အီရန်နှင့် IAEA အကြား အာမခံစောင့်ကြည့်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ထူထောင်ရေးဆိုင်ရာ တိကျသော လုပ်ဆောင်မှုပုံစံနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိ၍ သက်ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း အဖွဲ့ဝင်နိုင်ငံများအား အသိပေးခဲ့သည်။ (Xinhua)
…………………
(Chinese Version)
中国呼吁进一步加大在伊朗核问题上的外交努力
新华社维也纳9月10日电(记者于涛 孟凡宇)国际原子能机构理事会10日讨论伊朗与国际原子能机构秘书处在恢复保障监督合作方面的积极进展。中国常驻国际原子能机构代表李松全面阐述中方立场主张,呼吁各方进一步加大在伊朗核问题上的外交努力。
李松表示,今年6月,美国和以色列悍然对伊朗接受国际原子能机构保障监督的核设施发动军事打击,严重破坏伊核问题外交努力,严重干扰伊方与国际原子能机构的保障监督合作。面对严峻复杂的形势,中方坚决反对霸权霸凌行径,坚持发挥劝和促谈、沟通斡旋作用,积极开展建设性的外交努力,防止矛盾激化、促进对话合作。在联合国安理会第2231号决议问题上,中方明确反对欧洲三国(法、英、德)折腾“快速恢复制裁”,指出此举无助于重建信任,不利于推动复谈,可能导致灾难性后果,将外交努力毁于一旦。
李松指出,中国领导人提出的全球治理倡议和全球安全倡议对妥善解决伊核问题具有重要指导意义。伊核问题只有在充分尊重伊朗和平利用核能权利,确保伊核计划和平性质,辅之以国际原子能机构框架下的严格国际核查的前提下,才能得到妥善解决。国际社会应就坚持通过政治外交途径妥善解决伊核问题达成新的共识。中方敦促美国和以色列不要滥用武力,敦促欧洲三国停止推动“快速恢复制裁”,呼吁所有有关各方为真正的外交多做实实在在的事情。他表示,中方将继续本着讲原则、负责任和建设性态度,与各方共同努力,推动伊核问题政治外交进程回到正轨,坚定维护国际核不扩散机制。
在当天的理事会上,国际原子能机构总干事格罗西向成员国通报,他9日与伊朗外长阿拉格齐在埃及首都开罗就伊朗与国际原子能机构恢复保障监督合作的具体模式达成一致,并签署有关文件。(完)
图说:9月10日在奥地利维也纳拍摄的国际原子能机构理事会会议现场。新华社发(中国常驻维也纳联合国代表团供图)