Connect with us

Latin America

အမေရိကန်စစ်တပ်၏ “မည်သည့်ကျူးကျော်မှုကိုမဆို” ခုခံတိုက်ခိုက်သွားရန် ပြင်ဆင်ထားကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဆို

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အမှာစကား ပြောကြားနေသော ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez (ဝဲဘက်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်အနေဖြင့် ဗင်နီဇွဲလားအပေါ် “မည်သည့်ကျူးကျော်မှုမဆို” လုပ်ဆောင်ပါက အကြောင်းအရာ သို့မဟုတ် အတိုင်းအတာ မည်ကဲ့သို့ပင်ဖြစ်စေ ဗင်နီဇွဲလားဘက်က ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez က ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်အနေဖြင့် “ကာရေဘီယံပင်လယ်အား သိမ်းပိုက်ရန်” ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဗင်နီဇွဲလားပိုင်နက်မြေအပေါ် တက်ရောက်ဝံ့ပါက “ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်သွားမှာ” ဖြစ်ကြောင်း၊ လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံတပ်ဖွဲ့သည် မိမိနိုင်ငံ ဝေဟင်ပိုင်နက်နှင့် ရေပိုင်နက်များ၌ ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း Vladimir Padrino Lopez က ထိုနေ့ ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Vladimir Padrino Lopez က အမေရိကန်အစိုးရအနေဖြင့် ကာလကြာရှည်စွာ “အတင်းအကျပ် ဒဏ်ခတ်အရေးယူမှု” ဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် “ဝန်းရံပိတ်ဆို့မှု” များ လုပ်ဆောင်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးကာ အတွင်းပိုင်းမှ ဗင်နီဇွဲလားနိုင်ငံ ပြိုကွဲသွားအောင် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် “ဝန်းရံပိတ်ဆို့မှု” ကြောင့် ဗင်နီဇွဲလားနိုင်ငံက မိမိကိုယ်ပိုင်ရပ်တည်၍ ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆင်သင့်ပြင်ဆင်လာစေကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမေရိကန်၏ ယခုအကြိမ် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ၌ “အသစ်တစ်ကြိမ် ကျူးကျော်မှု” လုပ်ရပ်အား အနီးကပ်ဂရုပြုကြရန် တိုက်တွန်းကြောင်း၊ ယင်းသည် ဗင်နီဇွဲလားနှင့် ဒေသတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် “လက်တင်အမေရိက မူးယစ်ဆေးဝါးရောင်းချသည့်အဖွဲ့အား တိုက်ဖျက်ရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက်ရှိ ကာရေဘီယံပင်လယ်ပြင်တွင် ကုန်းရေနှစ်သွယ် ရေယာဉ်စုများ ဖြန့်ကြက်နေရာချထားရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ဩဂုတ် ၂၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ၎င်းအနက် မရိန်းတပ်ဖွဲ့ဝင် ၂,၂၀၀ ခန့် တင်ဆောင်ထားသော ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောနှင့် ဆိုက်ကပ်ဆင်းသက်သင်္ဘော (LSD) ၃ စင်း ပါဝင်ကြောင်း သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုက ဩဂုတ် ၂၂ ရက်တွင် အမေရိကန်က အကြမ်းဖက်ဝါဒ၊ စစ်ရေးနည်းလမ်းဖြင့် ဗင်နီဇွဲလာနိုင်ငံ၏ အုပ်ချုပ်မှုအား ကမောက်ကမဖြစ်အောင် လုပ်ဆောင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ (Xinhua)

——————
(Chinese Version)
委内瑞拉防长:准备抗击美军“任何侵略”
新华社加拉加斯8月31日电(记者田睿)委内瑞拉国防部长帕德里诺·洛佩斯8月31日表示,如果美军对委内瑞拉发动“任何侵略”,不论性质或强度如何,委内瑞拉都将予以抗击。
洛佩斯当天在委内瑞拉国防部举行的新闻发布会上说,美军正企图“占领加勒比海”,若其胆敢踏上委内瑞拉领土,“我们将战斗”。目前,委内瑞拉国家武装部队正在本国领空、领海进行巡逻。
洛佩斯说,美国政府长期以来通过一系列“粗暴制裁”对委内瑞拉实施“围困”、阻碍商业贸易发展,企图从内部瓦解委内瑞拉,但“围困”促使委内瑞拉自强发展并做好准备。他呼吁国际社会密切关注美国此轮在拉美和加勒比地区的“新侵略”行为,认为这将对委内瑞拉乃至整个地区产生影响。
据美国媒体8月20日报道,美国总统特朗普决定以“打击拉美贩毒集团”为由,在委内瑞拉附近加勒比海域部署一支两栖舰队。报道援引消息人士的话说,其中包含3艘两栖攻击舰和船坞登陆舰,载有约2200名海军陆战队员。委内瑞拉总统马杜罗22日谴责美国企图以恐怖主义、军事手段颠覆委内瑞拉政权。(完)
图说:8月31日,委内瑞拉国防部长帕德里诺·洛佩斯(左)在首都加拉加斯举行的新闻发布会上讲话。新华社发(萨尔戈多摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.