Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းငလျင်ကြောင့် သေဆုံးသူ လူဦးရေ ၆၂၂ ဦးအထိ မြင့်တက်လာ

ကဘူးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၆၂၂ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၁,၅၅၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
Kunar ပြည်နယ်တွင် သေဆုံးသူဦးရေမှာ ၆၁၀ ဦးရှိပြီး အခြားသူ ၁,၃၀၀ ဦး ဒဏ်ရာရရှိကြောင်း၊ Nangarhar ပြည်နယ်၌ သေဆုံးသူဦးရေ ၁၂ ဦးရှိပြီး အခြားသူ ၂၅၅ ဦး ဒဏ်ရာရရှိကြောင်း၊ ငလျင်ဒဏ်သင့်ဒေသ၌ လူနေအိမ် အများအပြား ပြိုလဲသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Abdul Mateen Qani က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့က လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသသို့ အမြန်ဆုံး သွားရောက်လျက်ရှိကြောင်း Abdul Mateen Qani က ဆိုသည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ အာဖဂန်နစ္စတန်နိုင်ငံ ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် အဆိုပါနိုင်ငံ Nangarhar ပြည်နယ် မြို့တော် Jalalabad အရှေ့မြောက်ပိုင်း ၂၇ ကီလိုမီတာ အကွာတွင်ရှိကာ ငလျင်အနက်မှာ ၈ ကီလိုမီတာဖြစ်ကြောင်း သိရသည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ် ဗဟိုဆေးရုံ၌ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
阿富汗东部地震死亡人数升至622人
新华社喀布尔9月1日电(记者聂新宇 李昂)阿富汗临时政府内政部9月1日发表声明说,阿富汗东部地震死亡人数已升至622人,另有1555人受伤。
阿富汗临时政府内政部发言人卡尼说,库纳尔省遇难人数达610人,另有1300人受伤;楠格哈尔省遇难人数12人,另有255人受伤。灾区大量居房坍塌。
卡尼表示,救援团队正加紧奔赴灾区。
据美国地质调查局地震信息网消息,阿富汗当地时间8月31日23时47分发生6.0级地震。震中位于该国楠格哈尔省首府贾拉拉巴德东北方向27公里处,震源深度8公里。(完)
图说1:9月1日,在阿富汗库纳尔省中心医院,人们聚集在救护车旁。新华社发(卡扎菲摄)
图说2:9月1日,医护人员在阿富汗库纳尔省中心医院救治地震伤者。新华社发(卡扎菲摄)