Europe
ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်

ဗလာဒီဗော့စ်တော့ခ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် စက်တင်ဘာ ၁၃ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ပြင်းအားအဆင့်သည် ၇ အထက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ငလျင်စောင့်ကြည့်တိုင်းတာရေး အဖွဲ့အစည်းများစွာ၏ သတင်းအရ သိရသည်။ အမေရိကန် ဆူနာမီ ကြိုတင်သတိပေးစနစ်က ကမ်ချတ်ကာကျွန်းဆွယ် အရှေ့ဘက်ကမ်းအတွက် ဆူနာမီခြိမ်းခြောက်မှု သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ ပေကျင်းဒေသစံတော်ချိန် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကမ်ချတ်ကာကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်အနက်သည် ၁၀ ကီလိုမီတာ ရှိကြောင်း သိရသည်။ ထို့နောက် ယင်းအဖွဲ့အစည်းက ငလျင်ပြင်းအားအဆင့်ကို ၇.၄ အထိ လျှော့ချခဲ့ပြီး ငလျင်အနက်ကိုလည်း ၃၉.၅ ကီလိုမီတာအဖြစ် ပြင်ဆင်ခဲ့သည်။ ငလျင်ဗဟိုချက်သည် ကမ်ချတ်ကာဒေသ မြို့တော် Petropavlovsk-Kamchatsky ၏ အရှေ့ဘက် ၁၁၁ ကီလိုမီတာအကွာ၌ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) ၏ တိုင်းတာသတ်မှတ်ချက်အရ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကမ်ချတ်ကာကျွန်းဆွယ် အရှေ့ဘက်ကမ်း အနီးတစ်ဝိုက်ပင်လယ်ပြင် (မြောက်လတ္တီကျု ၅၃.၀၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၆၀.၄၅ ဒီဂရီ) ၌ ပြင်းအား ၇.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်အနက်မှာ ၂၀ ကီလိုမီတာဖြစ်ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
俄堪察加半岛附近海域发生强烈地震
新华社符拉迪沃斯托克9月13日电 据全球多个地震监测机构消息,俄罗斯堪察加半岛附近海域13日发生强烈地震,震级超过7级。美国海啸预警系统针对堪察加半岛东岸发布海啸威胁警报。
据美国地质调查局地震信息网消息,北京时间13日10时37分,堪察加半岛附近海域发生7.7级地震,震源深度10公里。随后,该机构将震级下调至7.4级,震源深度调整为39.5公里。震中位于堪察加边疆区首府堪察加彼得罗巴甫洛夫斯克市以东111公里处。
另据中国地震台网测定,9月13日10时37分,在堪察加东岸附近海域(北纬53.05度,东经160.45度)发生7.3级地震,震源深度20公里。(完)