Europe
ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှု ရပ်တန့်ထားပြီဖြစ်၊ ပိုလန်က နယ်စပ်ပိတ်ခြင်းမှာ “ခံစားချက်ဖြင့် အတိုင်းထက်အလွန်တုံ့ပြန်ခြင်း” ဖြစ်သည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဆို

မော်စကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်း၏ ဆွေးနွေးညှိနှိုင်းမှုသည် ရပ်တန့်ထားပြီဖြစ်ကြောင်း၊ ပိုလန်က ရုရှားနှင့် ဘီလာရုစ်၏ စစ်ရေးလေ့ကျင့်မှုကြောင့် နယ်စပ်ကိုပိတ်ခြင်းသည့် “ခံစားချက်ဖြင့် အတိုင်းထက်အလွန်တုံ့ပြန်ခြင်း” ဖြစ်သည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က စက်တင်ဘာ ၁၂ ရက်တွင် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ရုရှား-အမေရိကန် အကြီးအကဲများ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှုသည် အကျပ်အတည်းထဲ ကျရောက်နေသည်လော ဟူသောမေးခွန်းနှင့် စပ်လျဉ်း၍ Dmitry Peskov က ချိတ်ဆက်မှုလမ်းကြောင်း ထူထောင်ထားသော်လည်း ရုရှားနှင့် ယူကရိန်း ဆွေးနွေးညှိနှိုင်းသည့်အဖွဲ့အကြား အပြန်အလှန်ဆက်ဆံမှုကို ယာယီရပ်တန့်ထားပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုသည် ချက်ချင်းရလဒ်ရရှိနိုင်မည်မဟုတ်ကြောင်း၊ မည်သူမဆို “အလွန်အကျွံ အကောင်းမမြင်” သင့်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
ပိုလန်သည် ရုရှား-ဘီလာရုစ် နှစ်ဖက်၏ စစ်ရေးလေ့ကျင့်မှုကြောင့် ဘီလာရုစ်နှင့် နယ်စပ်အားပိတ်ခြင်းသည် “ခံစားချက်ဖြင့် အတိုင်းထက်အလွန်တုံ့ပြန်ခြင်း” ဖော်ပြချက်ပင်ဖြစ်ကြောင်းလည်း Dmitry Peskov က ဆိုသည်။
ရုရှားနှင့် ဘီလာရုစ်တို့၏စစ်တပ်များသည် စက်တင်ဘာ ၁၂ ရက်မှ စ၍ Zapad-2025 အမည်ရ ပူးတွဲမဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုအား ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ပြောကြားခဲ့သည်။ ပိုလန်ကလည်း စက်တင်ဘာ ၁၂ ရက်တွင် ရုရှားနှင့် ဘီလာရုစ်တို့က ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေခြင်းကြောင်း ပိုလန်သည်ထိုနေ့မှစ၍ ဘီလာရုစ်နှင့် ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်အားလုံးအား ပိတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
——————–
(Chinese Version)
俄总统新闻秘书:俄乌谈判已暂停 波兰关闭边境是“情绪过激”
新华社莫斯科9月12日电(记者黄河)俄罗斯总统新闻秘书佩斯科夫12日对媒体吹风时表示,俄罗斯与乌克兰的谈判已经暂停,波兰因俄罗斯与白俄罗斯的演习而关闭边境是“情绪过激”。
针对有关俄美领导人在阿拉斯加会晤后俄乌谈判是否陷入僵局的问题,佩斯科夫表示,尽管建立了沟通渠道,但俄罗斯与乌克兰谈判团队之间的互动已经暂停。他说,围绕乌克兰危机的谈判不可能立刻见效,任何人都不应该“过分乐观”。
佩斯科夫还表示,波兰因俄白双方的演习而关闭与白俄罗斯的边境是“情绪过激”的表现。
俄罗斯国防部12日说,俄罗斯和白俄罗斯武装力量当天开始举行代号为“西部-2025”的联合战略演习。波兰12日宣布,因俄白正在举行的联合军演,波兰即日起关闭所有通往白俄罗斯的边境口岸。(完)
图说:这是4月24日在俄罗斯莫斯科拍摄的克里姆林宫。新华社发(亚历山大摄)