Connect with us

North America

Charlie Kirk အား လုပ်ကြံသတ်ဖြတ်သည့် သံသယရှိသူအား ဖမ်းဆီးရမိ၊ အမေရိကန် အစိုးရက စုံစမ်းစစ်ဆေးမှု အသေးစိတ်အကြောင်းအရာ ထုတ်ပြန်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်နိုင်ငံရေးလှုပ်ရှားသူ Charlie Kirk သေဆုံးမှုအတွက် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ် အလံတိုင်တစ်ဝက် လွှင့်ထူထားသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် နာမည်ကျော် ကွန်ဆာဗေးတစ် လှုပ်ရှားသူ Charlie Kirk အား လုပ်ကြံသတ်ဖြတ်သည့် သံသယရှိသူအား ဖမ်းဆီးရမိပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံ ယူးတားပြည်နယ် အုပ်ချုပ်ရေးမှူး Spencer Cox နှင့် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အကြီးအကဲ Kash Patel တို့က စက်တင်ဘာ ၁၂ ရက်တွင် အတည်ပြုခဲ့သည်။
သံသယရှိသူမှာ အသက် ၂၂ နှစ်အရွယ် ယူးတားပြည်နယ် ဝါရှင်တန်ခရိုင်မှ ဒေသခံပြည်သူ Tyler Robinson ဖြစ်ပြီး လက်ရှိတွင် ယူတားပြည်နယ် အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထားပြီး တရားစွဲဆိုမှု ခံယူရန် စောင့်ဆိုင်းနေကြောင်း Spencer Cox က ထို‌နေ့နံနက်ပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုခဲ့သည်။ Tyler Robinson သည် အချင်းဖြစ်ပွားရာနေရာ Utah Valley တက္ကသိုလ်မှ ကျောင်းသားမဟုတ်ဘဲ ၎င်းနေထိုင်ရာနေရာသည် အဆိုပါတက္ကသိုလ်နှင့် ကီလိုမီတာရာချီကွာဝေးကြောင်း ၎င်းက ဆိုသည်။
Tyler Robinson မိသားစုဝင်များက စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် “Tyler Robinson က သူဒီကိစ္စ လုပ်ခဲ့တာကို ဝန်ခံခဲ့တယ်” ဟု မိတ်ဆွေတစ်ဦးမှတစ်ဆင့် ဝါရှင်တန်ခရိုင် ရဲအရာရှိရုံးသို့ အသိပေးလာခဲ့သည်။
စုံစမ်းစစ်ဆေးရေးအရာရှိများက ထို့နောက် ပစ္စည်းသက်သေနှင့် လူသက်သေများ ရှာဖွေတွေ့ရှိခဲ့သည်။ “Tyler Robinson ရဲ့ဝတ်စားပုံက အချင်းဖြစ်ပွားရာနေရာမှာ cctv ကင်မရာကနေ ရိုက်ကူးရမိတဲ့သူနဲ့ တစ်ထပ်တည်း ဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဝင်တွေကလည်း သူ လတ်တလောနှစ်ပိုင်းမှာ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာတယ်လို့ ပြောပါတယ်” ဟု Spencer Cox က ဆိုသည်။
Tyler Robinson ၏ အခန်းဖော်ကလည်း စုံစမ်းစစ်ဆေးရေးအရာရှိများထံသို့ Tyler Robinson က အွန်လိုင်းတွင် သေနတ်အကြောင်း ဆွေးနွေးသည့် သက်ဆိုင်ရာအချက်အလက်များကို ပြသခဲ့ကြောင်း၊ Tyler Robinson ၏ မိသားစုဝင်များကလည်း ၎င်းတွင် ပြိုင်ကားတစ်စီးရှိကြောင်း အတည်ပြုခဲ့ရာ အဆိုပါကားသည် စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည့် အမှုတွင်ပါဝင်သော ကားနှင့်တစ်ထပ်တည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးအရာရှိများက အမှုတွင်ပါဝင်သည့် သေနတ်ကျည်ဆန်ပေါ်တွင် စာသားများ ထွင်းထားသည်ကို တွေ့ရှိခဲ့ကြောင်း၊ အကြောင်းအရာအနေဖြင့် “ဟေး ဖက်ဆစ် ဖမ်းမိပြီ” နှင့် “သင်ဒီစာသားကိုဖတ်မိပြီဆို သင်က လိင်တူချစ်သူပဲ ဟားဟား” စသည်တို့ဖြစ်ကြောင်းလည်း Spencer Cox က အတည်ပြုခဲ့သည်။
Tyler Robinson ကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး Charlie Kirk လုပ်ကြံခံရပြီး ၃၆ နာရီခန့် အကြာတွင်ဖြစ်ကြောင်း Kash Patel က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဉ်အတွင်း စုံစမ်းစစ်ဆေးရေး အရာရှိများက သတိပေးမှုသဲလွန်စပေါင်း ၁၁,၀၀၀ လက်ခံရရှိခဲ့ပြီး စစ်ဆေးမေးမြန်းမှု အကြိမ်ရေ ၂၀၀ ခန့် လုပ်ဆောင်ခဲ့ကြောင်းလည်း Kash Patel က ဆိုခဲ့သည်။
သတင်းစာရှင်းလင်းပွဲ နောက်ဆုံးတွင် Spencer Cox က နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုသည် အမေရိကန်နိုင်ငံတစ်ဝန်း၌ ပျံ့နှံ့နေကြောင်း၊ Chalie Kirk က “နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု” ခံရခြင်းသည် အမေရိကန်၏ နိုင်ငံထူထောင်ရေး အတွေးအခေါ်အရင်းခံနှင့် အမေရိကန်ပြည်သူများ၏ အခြေခံအယူအဆအပေါ် တိုက်ခိုက်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Charlie Kirk သည် အမေရိကန် ကွန်ဆာဗေးတစ် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Turning Point USA (TPUSA) ပူးတွဲစတင်တည်ထောင်သူဖြစ်သလို အမေရိကန် သမ္မတ ထရမ့်၏ ထောက်ခံအားပေးသူအုပ်စုတွင် လွှမ်းမိုးမှုအရှိဆုံး “ဆယ်လီ” များအနက် တစ်ဦးဖြစ်သည်။ အသက် ၃၁ နှစ်အရွယ် Charlie Kirk သည် စက်တင်ဘာ ၁၀ ရက်တွင် ယူးတားပြည်နယ် အိုရမ်မြို့ Utah Valley တက္ကသိုလ်၌ ဟောပြောစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————-
(Chinese Version)
刺杀柯克嫌疑人被抓 美当局公布调查细节
新华社洛杉矶9月12日电(记者黄恒)美国犹他州州长斯潘塞·考克斯和联邦调查局局长卡什·帕特尔12日证实,涉嫌刺杀美国知名保守派活动人士查理·柯克的嫌疑人已被捕。
考克斯在当天上午举行的新闻发布会上确认,嫌疑人为22岁的犹他州华盛顿县居民泰勒·鲁滨逊,目前关押在犹他州监狱等待被起诉。鲁滨逊并非事发地犹他山谷大学的学生,其住址与该校相距数百公里。
考克斯说,11日晚,鲁滨逊家人通过一位朋友告知华盛顿县治安官办公室,“鲁滨逊向他们承认,自己制造了这起事件”。
调查人员随后找到物证和人证。考克斯说,“鲁滨逊的衣着与现场监控图像所拍到的人一致。他的家人表示,他近年来越发热衷于政治”;鲁滨逊室友向调查人员展示,鲁滨逊在互联网上讨论步枪相关信息;鲁滨逊家人还证实,他有一辆跑车,与调查中发现的涉嫌车辆一致。
考克斯证实,调查人员发现的涉案枪支子弹上刻有文字,内容包括“嘿,法西斯!抓到!”以及“如果你读到这个,你就是同性恋,哈哈”等等。
帕特尔在发布会上说,鲁滨逊于当地时间11日晚10时左右被捕,距离柯克遇害大约36小时。帕特尔称,在调查期间,调查人员收到了超过1.1万条举报线索,完成了约200次问询。
考克斯在发布会最后说,政治暴力犯罪正在全美蔓延,柯克遭遇“政治暗杀”是对美国立国思想根基和美国人基本理念的攻击。
柯克是美国保守派非营利性组织“美国转折点”的联合创始人,也是美国总统特朗普支持者阵营中最具影响力的“网红”之一。31岁的柯克10日在犹他州奥勒姆市的犹他山谷大学演讲时遭枪击身亡。(完)
图说:9月10日,美国首都华盛顿白宫降半旗致哀。新华社记者 胡友松 摄