Connect with us

International Organizations

၅၄ ကြိမ်မြောက် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် ခေါင်းဆောင်များအစည်းအဝေးတွင် သဘောတူညီချက်များစွာ ရရှိ

၅၄ ကြိမ်မြောက် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် ခေါင်းဆောင်များအစည်းအဝေး ကျင်းပရာနေရာကို ဆော်လမွန်ကျွန်းစုနိုင်ငံ မြို့တော် ဟိုနီယာရာ၌ စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုနီယာရာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
၅ ရက်ကြာမြင့်သော ၅၄ ကြိမ်မြောက် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် ခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ဆော်လမွန်ကျွန်းစုနိုင်ငံ မြို့တော် ဟိုနီယာရာ၌ ကျင်းပပြီးစီးခဲ့သည်။ တက်ရောက်လာသည့် ခေါင်းဆောင်များသည် ရာသီဥတုပြောင်းလဲမှုကိုင်တွယ်ဖြေရှင်းခြင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စသည့် အဓိကအကြောင်းအရာများတွင် သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
နေ့စဉ်နှင့်အမျှ ရှုပ်ထွေးလာသည့် ပထဝီမဟာဗျူဟာ ပတ်ဝန်းကျင်အား ကိုင်တွယ်ဖြေရှင်းရန်အတွက် တက်ရောက်လာသည့် ခေါင်းဆောင်များက “အပြာရောင် ပစိဖိတ်သမုဒ္ဒရာ ငြိမ်းချမ်းရေးကြေညာချက်” ကို ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုနှင့် သဘောတူညီမှုများမှတစ်ဆင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် အဆိုပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုသည် ဒေသတွင်းရင်ဆိုင်နေရသော အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေဆဲဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာဒေသသည် ကမ္ဘာ့ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်အတွင်း ၎င်း၏ပင်ကိုအသံအား မြှင့်တင်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစည်းအဝေးကာလအတွင်း တက်ရောက်လာသည့် ခေါင်းဆောင်များက ဒေသတွင်းတစ်သားတည်းဖြစ်မှု နက်ရှိုင်းစေရေး၊ ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရေး၊ လုပ်သားအင်အား ကူးလူးမှု၊ အဆင်ပြေချောမွေ့မှု မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းမှု တွန်းအားပေးရေး စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ပြီး “ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် မိတ်ဖက်ဆက်ဆံရေး မူဝါဒ” အသစ်ကို အတည်ပြုခဲ့သည်။
ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်ကို ၁၉၇၁ ခုနှစ်တွင် ထူထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၈ နိုင်ငံရှိကာ အဆိုပါဒေသ၏ အရေးပါသော ဒေသတွင်းနိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
第54届太平洋岛国论坛领导人会议达成多项共识
新华社霍尼亚拉9月12日电(记者刘晓宇 张淑惠)为期5天的第54届太平洋岛国论坛领导人会议12日晚在所罗门群岛首都霍尼亚拉闭幕。会后发布的联合公报显示,与会领导人就应对气候变化、区域和平与安全、经济发展等关键议题达成多项共识。
公报说,为应对日益复杂的地缘战略环境,与会领导人发表了《蓝色太平洋和平宣言》,倡导通过对话与共识维护地区和平与稳定。
公报说,气候变化仍是本地区面临的最严峻威胁,太平洋地区需要放大自身在全球气候议程中的声音。
会议期间,与会领导人还讨论了深化区域一体化、加强渔业发展、促进劳动力流动便利化和推动数字化转型等议题,并批准了新的《太平洋岛国论坛伙伴关系政策》。
太平洋岛国论坛成立于1971年,目前有18个成员,是该地区重要的区域政治与经济合作组织。(完)
图说:这是9月10日在所罗门群岛霍尼亚拉拍摄的第54届太平洋岛国论坛领导人会议现场。新华社记者 马平 摄