Africa & Middle East
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသအား လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ် လုပ်ဆောင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို အစ္စရေးသို့ ခရီးစဉ်သွားရောက်

ဂါဇာ/ဂျေရုဆလမ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် စက်တင်ဘာ ၁၄ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားအပေါ် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး ၎င်းအနက် ၃၂ ဦးသည် ဂါဇာမြို့အတွင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ထိုနေ့တွင်သတင်းဖော်ပြခဲ့သည်။
အစ္စရေးဘက်ကမူ ကြေညာချက် ထုတ်ပြန်၍ ထိုနေ့တွင် ဂါဇာမြို့ အထပ်မြင့်အဆောက်အဦ ၃ ခုအား လေကြောင်းတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ “လူများထွက်ခွာရန် သတိပေးချက်” ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ နေရာအများအပြားအား စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်း လက်နက်ကိုင် လူပုဂ္ဂိုလ် အများအပြားကို ပစ်သတ်ခဲ့သည့်အပြင် တင့်ကားဖျက်ဒုံးကျည်စခန်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို မိနစ်အနည်းငယ်အတွင်း ထွက်ခွာသွားဖို့ တောင်းဆိုခဲ့တယ်။ လူတွေလည်း ကစဉ့်ကလျား ထွက်ပြေးကုန်တယ်။ ဘယ်ကိုသွားရမလဲ မသိတော့ဘူး” ဟု ဂါဇာမြို့ဒေသခံပြည်သူ အာမက်ရက်ဘာက ဆိုသည်။ အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်သည့် ပစ်မှတ်များတွင် အရပ်သားပြည်သူနေထိုင်သည့် နေအိမ်တိုက်၊ အဆောက်အအုံ၊ ဒုက္ခသည်စခန်းနှင့် ဒေသတွင်းရှိ လူနေရပ်ကွက်စာသင်ကျောင်းများ စသည်တို့ ပါဝင်ကြောင်း မျက်မြင်တွေ့မြင်သူက သတင်းထောက်အား ပြောကြားခဲ့သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသ အစိုးရ မီဒီယာရုံးခန်းက ကြေညာချက်ထုတ်ပြန်၍ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး လက်ရှိရက်အနည်းငယ်အတွင်း တိုက်ခိုက်မှု ဆိုးရွားလာခြင်းကြောင့် လူအများအပြားက ဂါဇာဒေသ တောင်ပိုင်းသို့ မဖြစ်မနေ ရွှေ့ပြောင်းခဲ့ရကြောင်း ဆိုခဲ့သည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူပေါင်း ထောင်သောင်းချီသည် ဂါဇာဒေသမှ မဖြစ်မနေ ခြေကျင်ဖြင့် စွန့်ခွာထွက်ပြေးခဲ့ရပြီး သောက်သုံးရေ၊ စားသောက်ဖွယ်နှင့် ရွက်ဖျင်တဲများ များစွာ လိုအပ်လျက်ရှိရာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း စဉ်ဆက်မပြတ် ဆိုးရွားလာနေကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) က လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
လက်ရှိတွင် ပါလက်စတိုင်းပြည်သူပေါင်း ၃၀၀,၀၀၀ ကျော် ဂါဇာမြို့မှ ရွှေ့ပြောင်းထွက်ခွာသွားပြီဖြစ်သည်ဟု အစ္စရေးစစ်တပ်က ခန့်မှန်းထားကြောင်း၊ ထိုမတိုင်မီ အစ္စရေးစစ်တပ်က ဂါဇာမြို့အတွင်းရှိ ဒေသခံပြည်သူပေါင်း ၁ သန်းခန့်အား အားလုံးရွှေ့ပြောင်းထွက်ခွာရန် အမိန့်ချခဲ့သည်ဟု “The Times of Israel” ၏ စက်တင်ဘာ ၁၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက စက်တင်ဘာ ၁၄ ရက်တွင် အစ္စရေးသို့ ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း အစ္စရေးမီဒီယာများစွာ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ မာကို ရူဘီယို၏ ခရီးစဉ်လာရောက်မှုသည် အစ္စရေး-အမေရိကန်၏ မဟာမိတ်မှာ “ကျောက်ဆောင်ပမာ မြဲမြံမှု” ကို သက်သေထူလျက်ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက မီဒီယာများအား ပြောကြားခဲ့သည်။
မာကို ရူဘီယိုသည် မီဒီယာများအပေါ် ပြောကြားခြင်းမရှိသလို မီဒီယာများ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်း မရှိပေ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိုမတိုင်မီ ထုတ်ပြန်သည့် သတင်းအချက်အလက်အရ မာကို ရူဘီယို၏ ယခုအကြိမ် ခရီးစဉ်တွင် အစ္စရေးဘက်နှင့် “Operation Gideon’s Chariots II” စစ်ရေးလှုပ်ရှားမှု၏ ရည်မှန်းချက်နှင့် အစီအစဉ်အား နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်မှ ဂါဇာမြို့အား လက်လွှဲရယူမည့်အစီအစဉ်ကို အစ္စရေး လုံခြုံရေး ကက်ဘိနက်က ဩဂုတ်လ လဆန်းပိုင်းတွင် အတည်ပြုခဲ့ရာ ပြည်တွင်းပြည်ပ၌ ပြစ်တင်ရှုတ်ချမှုနှင့် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz သည် ဩဂုတ် ၁၉ ရက်တွင် အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် Eyal Zamir ၊အခြားအဆင့်မြင့်စစ်တပ်အရာရှိများ၊ အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ “Operation Gideon’s Chariots II” အမည်ရသည့် လှုပ်ရှားမှုအစီအစဉ်အား ခွင့်ပြုခဲ့ပြီး အကြောင်းအရာများအနေဖြင့် ဂါဇာမြို့အား ဝန်းရံပိတ်ဆို့မှု လုပ်ဆောင်ခြင်း၊ ဟားမက်စ် လက်နက်ကိုင်ပုဂ္ဂိုလ်အား ရှင်းလင်းခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ မြို့တော်မက္ကဆီကိုမြို့၌ မက္ကဆီကိုနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
以军对加沙地带展开密集空袭 鲁比奥抵达以色列访问
新华社加沙/耶路撒冷9月14日电(记者赵伟宏 陈君清)据巴勒斯坦通讯社14日报道,以色列国防军当天在加沙地带多地的袭击已造成45名平民死亡,其中32人死于加沙城。 以军则发布声明说,当天空袭加沙城三座高层建筑,并称空袭前已发出“疏散警告”。声明还说,以军持续在加沙地带北部多个地点开展军事行动,打死多名巴武装人员,并摧毁反坦克导弹阵地。
“我们被要求在几分钟内离开。人们四处逃窜,不知道该去哪里。”加沙城居民艾哈迈德·拉巴赫说。目击者告诉记者,以军空袭目标包括居民楼、难民营和当地的社区学院等。
巴勒斯坦伊斯兰抵抗运动(哈马斯)控制的加沙地带政府媒体办公室发表声明强烈谴责以军袭击,并称最近几天由于袭击加剧许多人被迫迁往加沙南部。
联合国近东巴勒斯坦难民救济和工程处在社交媒体发表声明说,由于以色列的空袭,成千上万加沙人被迫徒步逃离加沙,饮用水、食品和帐篷严重短缺,人道主义危机持续恶化。
据《以色列时报》14日报道,以色列国防军估计,目前已有超过30万巴勒斯坦人从加沙城撤出。此前,以军下令要求加沙城内约100万居民全部撤离。
此外,据以色列多家媒体14日报道,美国国务卿鲁比奥当天抵达以色列访问。以总理内塔尼亚胡对媒体表示,鲁比奥来访证明以美联盟“坚如磐石”。鲁比奥没有向媒体发表讲话,也未回答媒体提问。根据美国务院此前发布的信息,鲁比奥此访将与以方深入讨论“基甸战车2”军事行动的目标和计划。
以色列安全内阁8月上旬批准由以军接管加沙城的计划,在国内外引发谴责和反对。以国防部长卡茨同月19日与以军总参谋长扎米尔及其他高级军官、以国家安全总局(辛贝特)官员举行会议,批准代号为“基甸战车2”的行动计划,内容包括对加沙城实施围困、清剿哈马斯武装人员等。(完)
1、9月9日,巴勒斯坦民众携带物品乘车从加沙地带北部向南部撤离。新华社发(里泽克·阿卜杜勒贾瓦德摄)
2、9月3日,正在墨西哥访问的美国国务卿鲁比奥在墨西哥首都墨西哥城出席新闻会。新华社发(弗朗西斯科·卡涅多摄)