Connect with us

Africa & Middle East

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံက နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအား မြှင့်တင်ပေးလိမ့်မည်ဟု အယ်လ်ဂျီးရီးယားမီဒီယာ ဖော်ပြ

“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus” အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် စက်တင်ဘာ ၁ ရက် ညနေပိုင်းက ကျင်းပရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးကို ကြီးမှူးကျင်းပ၍ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု (SCO) အင်အားကို စုစည်း၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

Algiers ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အယ်လ်ဂျီးရီးယား “လွတ်လပ်သော လူငယ်သတင်းစာ” ၏ ဝက်ဘ်ဆိုက်တွင် “တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံနှင့် အယ်လ်ဂျီးရီးယား၏ အခြေခံမူများနှင့် လိုက်ဖက်ညီခြင်း” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးကို စက်တင်ဘာ ၁၃ ရက်က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် ယနေ့ကမ္ဘာကြီး စီမံခန့်ခွဲမှုဆိုင်ရာ ချို့တဲ့မှုများနှင့် ခက်ထန်လှသော စိန်ခေါ်မှုများကို တုံ့ပြန်မှု ပေးခဲ့ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို အားကောင်းစွာ အရှိန်အဟုန်မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ဆောင်းပါးက တွင် ထောက်ပြခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်း (Law of the Jungle) များ နေ့စဉ်ပြန့်ပွားလျက်ရှိပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ နေ့စဉ် တိုက်စားဖျက်ဆီးခံနေရသော ယနေ့ကမ္ဘာကြီးတွင် တရုတ်နိုင်ငံ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် နိုင်ငံတကာ ဆက်ဆံရေး ပြန်လည်ချိန်ညှိခြင်းတွင် အလားအလာအရှိဆုံး တုန့်ပြန်ဖြေရှင်းနည်းများအနက် တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းသည် အယ်လ်ဂျီးရီးယား ကြာရှည်စွာ အဆိုပြုလာသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ဝါဒနှင့် အထူးကိုက်ညီမှုရှိသည်။
လက်ရှိအချိန်တွင် အနောက်နိုင်ငံများသည် ၎င်းတို့၏ နယ်ချဲ့ဝါဒနှင့် ကိုလိုနီဝါဒသစ် များမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိသည်။ လက်ရှိ နိုင်ငံတကာ ယန္တရားများတွင် အဓိက အားနည်းချက်ကြီး သုံးရပ်ရှိသည်။ ပထမတစ်ချက်မှာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှု ဆိုးရွားစွာ လုံလောက်မှု မရှိခြင်း၊ ဒုတိယတစ်ချက်မှာ ဩဇာအရှိန်အဝါ တိုက်စားခံလာရခြင်း၊ တတိယတစ်ချက်မှာ ထိရောက်မှု မြှင့်တင်ရန် အရေးတကြီး လိုအပ်လျက်ရှိခြင်းတို့ဖြစ်သည်။ တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံသည် ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းတည်ဆောက်ရေးကို တွန်းအားပေးရန်နှင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ ဖွဲ့စည်းတည်ဆောက်ရန် ရည်ရွယ်သည်။
နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးသည် ကမ္ဘာ့စီမံခန့်ခွဲ၏ အခြေခံအာမခံချက်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံတွင် အလေးထားဖော်ပြသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများသည် အများအသိအမှတ်ပြုထားသော နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျဉ်းများဖြစ်ပြီး မယိမ်းမယိုင် ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ ထွန်းသစ်စကဏ္ဍများတွင် နိုင်ငံတကာ စည်းမျဉ်းများကို ကျယ်ပြန့်သော သဘောတူညီချက်အခြေပြု၍ ချမှတ်ရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့ခေတ်တွင် ချို့တဲ့နေသော အရာဖြစ်သည်။ အနောက်တိုင်းစံနှုန်းများသည် ထွန်းသစ်စ နိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခဲ့သည်။
ကမ္ဘာကြီး၏ ကိစ္စရပ်များကို နိုင်ငံအသီးသီးက အတူတကွ ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို နိုင်ငံအသီးသီးက အတူတကွ တည်ဆောက်ရမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး၏ အသီးအပွင့်များကို နိုင်ငံအသီးသီးက အတူမျှဝေခံစားရမည်ဖြစ်သည်။ အနောက်တိုင်းက အလေးအနက်ထားသော အဆင့်မြင့်လူပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှုနှင့် ၎င်းတို့၏ အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍ၏ အတွေးအခေါ်၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့် တရုတ်နိုင်ငံက ပြည်သူလူထု၏ လွှမ်းမိုးမှုနှင့် အခန်းကဏ္ဍကို ပိုမိုအလေးထားသည်။ ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ပြည်သူလူထုအား ယုံကြည်မှုနှင့် တည်ငြိမ်မှုရှိသော အလားအလာများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကသာလျှင် ကျယ်ပြန့်သော ထောက်ခံမှုကို ရရှိနိုင်ပြီး ထိရောက်စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ (Xinhua)
…………………….
(Chinese Version)
全球瞭望丨阿尔及利亚媒体:全球治理倡议将促进国际法治和多边主义
新华社阿尔及尔9月14日电(记者徐永春)阿尔及利亚《独立青年报》13日在其网站发表题为《中国的全球治理倡议与阿尔及利亚的原则相契合》的文章。文章指出,中国提出的全球治理倡议回应了当今世界治理赤字的严峻挑战,将有力促进多边主义和国际法治。文章摘要如下:
在丛林法则日益盛行、联合国宪章所倡导的多边主义日益受到侵蚀的当今世界,中国提出的全球治理倡议,堪称国际关系再平衡中最有前景的应对方案之一。这与阿尔及利亚长期倡导的多边主义原则高度契合。
当前,西方国家通过其帝国主义和新殖民主义行径,正在严重损害全球治理。现行国际机制存在三大短板:一是全球南方代表性严重不足;二是权威性遭到侵蚀;三是有效性亟待提升。中国提出的全球治理倡议,旨在推动构建更加公正合理的全球治理体系,共同构建人类命运共同体。
全球治理倡议强调,国际法治是全球治理的根本保障。联合国宪章的宗旨和原则是公认的国际关系基本准则,必须坚定不移地维护。在新兴领域,国际规则必须在广泛共识的基础上制定。这正是当今所缺乏的。西方标准损害了新兴国家和全球南方国家的愿景和利益。
世界的事情要由各国共同来办,全球治理体系要由各国共同建设,全球治理的成果要由各国共享。与西方强调精英影响力及其决定性作用的理念和实践相反,中国更注重民众的影响力和作用。一个满足民众需求、持续为民众提供信心和稳定前景的全球治理体系,才能获得广泛支持并有效运作。(完)
图说:9月1日下午,“上海合作组织+”会议在天津梅江会展中心举行。国家主席习近平主持会议并发表题为《凝聚上合力量 完善全球治理》的重要讲话。新华社记者 黄敬文 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.