Connect with us

Europe

စပိန်နိုင်ငံပတ်စက်ဘီးစီးပြိုင်ပွဲက အစ္စရေးအား ဆန္ဒပြမှုကြောင့် ဆောလျင်စွာ အဆုံးသတ်ခဲ့ရ၊ စပိန်အစိုးရကြောင့် နိုင်ငံတော် “အရှက်ရစေသည်” ဟု အစ္စရေး ဝေဖန်

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်တွင် ရဲနှင့် ဆန္ဒပြသူများ အတိုက်အခံဖြစ်ပွားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ စပိန်နိုင်ငံပတ် စက်ဘီးစီးပြိုင်ပွဲ (Vuelta a España) သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်တွင် ပါလက်စတိုင်းအား ထောက်ခံသူများ၏ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဆောလျင်စွာ အဆုံးသတ်ခဲ့ရသည်။ စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ဆန္ဒပြသူများကို “နိုင်ငံတကာအသိုင်းအဝိုင်း၏ စံပြ” ဟု ချီးကျူးခဲ့ပြီး အစ္စရေးကမူ Pedro Sánchez နှင့် စပိန်နိုင်ငံအစိုးရကြောင့် နိုင်ငံတော်ကို “အရှက်ရစေသည်” ဟု ဆိုခဲ့ရာ နှစ်နိုင်ငံ သံတမန်ရေး ပွတ်တိုက်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။
ဆန္ဒပြသူများက Israel-Premier Tech (IPT) စက်ဘီးအသင်း အဆိုပါပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မှုအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။ သီတင်းသုံးပတ်ကြာကျင်းပမည့် အဆိုပါ ပြိုင်ပွဲသည် ဩဂုတ် ၂၃ ရက်တွင် စတင်ယှဉ်ပြိုင်သည့်အချိန်မှစ၍ ပြိုင်ပွဲအပိုင်းများစွာသည် ဆန္ဒပြလှုပ်ရှားမှုကြောင့် လျှော့ချခဲ့ရပြီးဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်တွင် ဆန္ဒပြသူပေါင်းသောင်းချီသည် လမ်းမထက်သို့တက်ရောက်၍ မက်ဒရစ်မြို့ ပင်မလမ်းမများကို သိမ်းပိုက်ထားခြင်းဖြင့် ကြီးမှူးကျင်းပသူဘက်က နောက်ဆုံးပြိုင်ပွဲအပိုင်းအား လျှော့ချရန် အကျပ်ကိုင်ခဲ့သည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ Pedro Sánchez က ထိုနေ့တွင်ပင် စပိန်နိုင်ငံသည် “နိုင်ငံတကာအသိုင်းအဝိုင်းရဲ့စံပြပဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို စပိန်နိုင်ငံက လူ့အခွင့်အရေး ကာကွယ်မှုကဏ္ဍမှာ တစ်ဆင့်တိုးလာတာကို တွေ့မြင်လာစေတယ်” ဟု ဆိုခဲ့သည်။
Pedro Sánchez ၏ အဆိုပါပြောဆိုချက်သည် အစ္စရေး၏ ပြင်းပြင်းထန်ထန် မကျေနပ်မှုဖြစ်စေခဲ့သည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က စက်တင်ဘာ ၁၄ ရက်တွင် လူမှုမီဒီယာပလက်ဖောင်း၌ ပို့စ်တင်၍ Pedro Sánchez နှင့် စပိန်အစိုးရကြောင့် နိုင်ငံတော်ကို “အရှက်ရစေသည်” ဟု ဆိုခဲ့ပြီး Pedro Sánchez သည် ဆန္ဒပြသူများ လမ်းမထက်သို့ တက်လာရန် လှုံ့ဆော်ခြင်းကြောင့် အဆိုပါ “အစဉ်အမြဲ စပိန်နိုင်ငံကို ဂုဏ်ယူရစေတဲ့ ပြိုင်ပွဲ ပြတ်တောက်သွားစေသည်” ဟု ပြစ်တင်ပြောကြားခဲ့သည်။
စပိန်နိုင်ငံသည် အစ္စရေးဘက်၏ စစ်ရေးလှုပ်ရှားမှုများကို အကြိမ်များစွာ ဝေဖန်ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် နော်ဝေ၊ အိုင်ယာလန်တို့နှင့်အတူ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။ ထိုနှစ် ဇွန်လတွင် စပိန်နိုင်ငံသည် တောင်အာဖရိကနိုင်ငံက ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ICJ) ၌ အစ္စရေးအား “လူမျိုးသုဉ်းသတ်ဖြတ်မှု” တရားစွဲဆိုမှုတွင် ပါဝင်ခဲ့သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် စပိန်နိုင်ငံက အစ္စရေးအပေါ် လက်နက်ပံ့ပိုးပေးမှု တားမြစ်ခြင်း စသည့် အစီအမံများစွာကို ကြေညာခဲ့ရာ အစ္စရေးဘက်ကမူ စပိန်အစိုးရအရာရှိများ ပြည်ဝင်မှုကို ထိုနေ့တွင်ပင် ကန့်သတ်ခဲ့သည်။ ထို့နောက် စပိန်နိုင်ငံက ဆန့်ကျင်ကြောင်း သဘောထားပြသသည့်အနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီးအား ပြန်လည်ခေါ်ယူခဲ့သည်။ (Xinhua)

——————–
(Chinese Version)
环西自行车赛因抗议以色列提前收官 以色列批西班牙政府令国家“蒙羞”
新华社马德里9月15日电 当地时间14日,正在西班牙举行的2025环西班牙自行车赛因支持巴勒斯坦的示威活动而提前结束。西班牙首相桑切斯赞扬示威者是“国际社会的榜样”,以色列则称桑切斯及西政府令国家“蒙羞”,两国外交摩擦加剧。
据当地媒体报道,示威者抗议以色列博泰车队参加这一赛事。这项为期三周的赛事自8月23日开赛以来,多个赛段已因示威活动而缩短。14日,数万名示威者走上街头,占领马德里主要街道,迫使主办方缩短最终赛段。
桑切斯当天就此表示,西班牙是“国际社会的榜样,国际社会看到西班牙在捍卫人权方面前进了一步”。
桑切斯的言论引发以色列强烈不满。14日,以色列外交部长吉德翁·萨尔在社交媒体平台发文称桑切斯及西政府令国家“蒙羞”,指责桑切斯煽动示威者走上街头,导致这项“一直让西班牙引以为傲的比赛中断”。
西班牙多次批评以方军事行动,并于2024年5月与挪威、爱尔兰一起宣布承认巴勒斯坦国。同年6月,西班牙加入南非政府在联合国国际法院对以色列提起的“种族灭绝”诉讼。本月8日,西班牙宣布对以色列武器禁运等多项措施,以色列则于当日禁止西班牙官员入境。随后,西班牙召回驻以大使以示抗议。(完)
图说:9月14日,在西班牙首都马德里,警察与示威者发生冲突。新华社发(古斯塔沃·巴连特摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.