North America
“စီးပွားရေး တုံ့ဆိုင်းနေသည့် ခံစားချက်” က အမေရိကန် မိသားစုများကို လွှမ်းခြုံထားသည်ဟု အမေရိကန် မီဒီယာ ဆို

နယူးယောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြင့်မားလှသော ချေးငွေ ကုန်ကျစရိတ်များ၊ အဆက်အပြတ် လျော့နည်းလာသောအလုပ်အကိုင်အခွင့်အလမ်းများ၊ တစ်နေ့တခြား ဆိုးရွာလာသော စီးပွားရေးနှင့် နိုင်ငံရေး မသေချာမရေရာမှုများကြောင့် “စီးပွားရေး တုံ့ဆိုင်းနေသည့် ခံစားချက်” သည် အမေရိကန် မိသားစုများစွာကို လွှမ်းခြုံထားသည်ဟု အမေရိကန် The Washington Post သတင်းစာ၏ စက်တင်ဘာ ၂၁ ရက် ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ဆောင်းပါး၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန်ဗဟိုဘဏ်၏ စက်တင်ဘာ ၁၇ ရက်တွင် အတိုးနှုန်းလျှော့ချကြောင်း ကြေညာခြင်းသည် စတော့ဈေးကွက်ကို အားကောင်းမှုဖြစ်စေနိုင်သော်လည်း စီးပွားရေးပညာရှင်များက ယင်းသည် သာမန်အမေရိကန်နိုင်ငံသားများအပေါ် သိသိသာသာသက်ရောက်မှုရှိရန် မဖြစ်နိုင်ကြောင်း၊ လူအများအပြားသည် အကျပ်အတည်းများတွင် ပိတ်မိနေသည်ဟု ခံစားနေရဆဲဖြစ်ကြောင်း ယူဆကြသည်။
အမေရိကန် Think Tank မန်ဟက်တန် အင်စတီကျု အဆင့်မြင့် သုတေသီ Jessica Riedl က “စီးပွားရေးမသေချာမရေရာမှု၊ စည်းကြပ်ခွန်၊ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးသည် ကျဆင်းဆုတ်ယုတ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရခြင်းစသည့် အကြောင်းရင်းများစွာသည် အမေရိကန်စားသုံးသူများအား ခွန်အားမရှိဟု ပိုမိုခံစားလာစေလျက်ရှိကြောင်း ပြောကြားခဲ့သည်။
လတ်တလောတွင် အမေရိကန်၏ လစဉ်အိမ်ရာရောင်းချမှုပမာဏ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ယခုနှစ်အတွင်း အမေရိကန်အလုပ်အကိုင်ခေါ်ယူခြင်း လှုပ်ရှားမှုများ သိသိသာသာ တုံ့ဆိုင်းသွားပြီး လွန်ခဲ့သော သုံးလအတွင်း အသစ်တိုးခဲ့သော အလုပ်အကိုင်နေရာမှာ ယခင်နှစ်နွေရာသီတွင် အသစ်တိုးခဲ့သော အလုပ်အကိုင်နေရာ၏ သုံးပုံတစ်ပုံသာရှိသည်။ သန်းခေါင်စာရင်း အချက်အလက်များအရ နေရာအသစ်သို့ပြောင်းရွှေ့နေထိုင်ခြင်းဖြစ်စေ၊ မြို့အသစ်သို့ပြောင်းရွှေ့ခြင်းဖြစ်စေ အမေရိကန်နိုင်ငံသားများ၏ပြောင်းရွှေ့နေထိုင်မှုနှုန်း အားလုံးသည် ကျဆင်းလာခဲ့သည်။
လက်ရှိအချိန်သည် အလုပ်အကိုင်ရှာဖွေရန် ကောင်းသောအချိန်မဟုတ်ဟု စစ်တမ်းဖြေဆိုသူ အမေရိကန်နိုင်ငံသား ၆၃ ရာခိုင်နှုန်းက ယူဆကြောင်း The Washington Post နှင့် Ipsos ကုမ္ပဏီတို့ ပူးတွဲကောက်ယူသည့် လူထုသဘောထားစစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။
စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ တင်းကြပ်ခြင်းသည် ငွေကြေးဖောင်းပွမှု တစ်ကျော့ပြန် ဖြစ်ပွားစေနိုင်ပြီး ပိုမိုများပြားသော စီးပွားရေး မသေချာမရေရာမှုများ ဆောင်ကြဉ်းပေးနိုင်သည်ဟု လူအများအပြားက စိုးရိမ်ပူပန်ကြသည်။ (Xinhua)
……………………………..
(Chinese Version)
全球瞭望丨美媒:“经济停滞感”笼罩美国家庭
新华社纽约9月21日电(记者施春)美国《华盛顿邮报》21日刊文说,高昂的借贷成本、不断减少的就业机会以及日益加剧的经济和政治不确定性,令“经济停滞感”笼罩许多美国家庭。文章摘要如下:
美国联邦储备委员会17日宣布降息或许提振了股市,不过经济学家认为,这不太可能对普通美国人产生太大影响,许多人仍感到困境重重。
美国智库曼哈顿研究所高级研究员里德尔说,经济不确定性、关税、通胀上升、经济面临衰退风险等诸多因素正越发让美国消费者感到无力。
近期,美国月度房屋销售量触底。今年,美国就业招聘活动大幅停滞,过去三个月新增就业岗位仅为去年夏季新增就业岗位的三分之一。人口普查数据显示,无论是迁往新居还是搬到新城市,美国人的迁移频率都有所下降。
《华盛顿邮报》和益普索公司联合开展的一项民意调查显示,63%的受调查美国人认为目前找工作时机不佳。
许多人担心,加征关税和收紧移民政策可能会重新引发通胀,带来更多经济不确定性。(完)
图说:2025年5月15日,顾客在美国加利福尼亚州洛杉矶县罗斯米德市的一家沃尔玛商店内购物。新华社发(邱晨摄)