Connect with us

Europe

ရုရှားက New START သက်တမ်းကုန်ဆုံးပြီးနောက် တစ်နှစ်တာအတွင်း ထိုစာချုပ် အဓိကကန့်သတ်ချက်များကို ဆက်လက်လိုက်နာသွားမည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ပူတင်အား ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ရုရှား-အမေရိကန် ချုပ်ဆိုထားသော မဟာဗျူဟာလက်နက် လျှော့ချရေးစာချုပ်သစ် (New START) သက်တမ်းကုန်ဆုံးပြီးနောက် တစ်နှစ်တာအတွင်း ထိုစာချုပ်၌ ချမှတ်ထားသော အဓိကကန့်သတ်ချက်များကို ဆက်လက်လိုက်နာသွားမည်ဟု ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၂၂ ရက် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အမြဲတမ်းကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက လက်ရှိဟန်ချက်ညီမှုကို ပျက်ပြားစေသော လှုပ်ရှားမှုများ မပြုလုပ်မှသာလျှင် ဤအစီအမံမှာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ဟု ပူတင်က အလေးအနက်ထားပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာတစ်လျှောက်တွင် New START စာချုပ်သည် နျူကလီးယားဟန်ချက်ညီမှုကို ထိန်းသိမ်းရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ပြီး ယင်းအား လုံးလုံးလျားလျားစွန့်လွှတ်ခြင်းသည် “မှားယွင်းပြီး ရေတိုသာ ကြည့်သော လုပ်ရပ်” ဖြစ်လိမ့်မည်ဟု ပူတင်က ထောက်ပြခဲ့သည်။
ရုရှားအနေဖြင့် မဟာဗျူဟာ လက်နက်ပြင်ဆင်ရေး ပြိုင်ဆိုင်မှု တစ်ဆင့်တိုး မဖြစ်ပွားစေရန် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အဆိုပါစာချုပ်တွင် ထူထောင်ထားသည့် လက်ရှိအနေအထားကို ထိန်းသိမ်းခြင်းမှာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း၊ ရုရှားသည် ၎င်းပင်ကို လက်ရှိ ဟန့်တားနိုင်မှုအင်အား၏ ယုံကြည်စိတ်ချရမှုနှင့် ထိရောက်မှုအပေါ် ယုံကြည်ချက်အပြည့်အဝရှိပြီး တင်းမာမှုအခြေအနေနှင့် လက်နက်ပြင်ဆင်ရေး ပြိုင်ဆိုင်မှုများ တစ်ဆင့်တိုး အရှိန်မြှင့်ရန် ရည်ရွယ်ချက်မရှိကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။
ရုရှားနှင့် အမေရိကန်သည် ၂၀၁၀ ပြည့်နှစ်တွင် New START စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဖြန့်ကြက်ထားသော နျူကလီးယားထိပ်ဖူးနှင့် သယ်ဆောင်ရေးကိရိယာ အရေအတွက်ကို ကန့်သတ်ရန်ဖြစ်ကြောင်း၊ အဆိုပါစာချုပ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် တရားဝင် အကျုံးဝင်ခဲ့ပြီး မူလသတ်မှတ်ထားသော သက်တမ်းမှာ ၁၀ နှစ် ရှိကာ နောက်ပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်အထိ သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
普京:俄将在《新削减战略武器条约》到期后一年内继续遵守条约核心限制
新华社莫斯科9月22日电(记者包诺敏)俄罗斯总统普京22日在俄联邦安全会议常务委员会议上表示,俄罗斯将在俄美《新削减战略武器条约》到期后一年内继续遵守该条约规定的核心限制。
普京强调,只有美国不采取破坏现有平衡的举动,这项措施才是可行的。
普京指出,《新削减战略武器条约》多年来在维持核平衡方面发挥了重要作用,彻底将其放弃将是“错误且短视的举动”。
普京还表示,俄罗斯认为,在条约到期后维持该条约所确立的现状是合理的,以防止引发进一步的战略军备竞赛。他说,俄罗斯对自身现有威慑力量的可靠性和有效性充满信心,无意进一步加剧紧张局势和军备竞赛。
俄罗斯与美国于2010年签署《新削减战略武器条约》,旨在限制两国部署的核弹头和运载工具数量。该条约2011年2月5日正式生效,原定有效期10年,后经协商延长至2026年2月5日。(完)
图说:2025年5月11日,俄罗斯总统普京在莫斯科克里姆林宫举行记者见面会。新华社记者 刘恺 摄