Connect with us

Africa & Middle East

နိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမှုအတွက် ပါလက်စတိုင်းပြည်သူများ ဂုဏ်ပြု

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း Nablus မြို့၌ ပြည်သူများက ပါလက်စတိုင်း အကြီးအကဲ Yasser Arafat နှင့် Mahmoud Abbas တို့၏ဓာတ်ပုံများကိုင်ဆောင်၍ ဂုဏ်ပြုအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မြို့များစွာတွင် စက်တင်ဘာ ၂၃ ရက်က စုဝေးမှုနှင့် စီတန်းလှည့်လည်မှုများစွာ ပြုလုပ်၍ နိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမှုကို ဂုဏ်ပြုခဲ့ကြကာ တစ်ချိန်တည်းတွင် ဂါဇာကမ်းမြောင်ဒေသပြည်သူများအား ဆက်လက် ထောက်ခံအားပေးခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ပါလက်စတိုင်းအရေးကိစ္စအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်မှု အဆင့်မြင့် နိုင်ငံတကာ အစည်းအဝေးကာလအတွင်း ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုရာ၊ လူဇင်ဘက်၊ မောလ်တာ၊ မိုနာကို နိုင်ငံများက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။ ထိုမတိုင်မီ ရှေ့တစ်ရက်က ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီတို့ကလည်း ထိုနည်းတူ ထုတ်ပြန်ကြေညာမှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း Hebron မြို့၌ ပြည်သူများက ပါလက်စတိုင်းအလံများ ဝှေ့ယမ်း၍ ဂုဏ်ပြုအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
巴勒斯坦民众庆祝多国承认巴勒斯坦国
新华社照片,拉姆安拉,2025年9月23日
当日,巴勒斯坦约旦河西岸多个城市举行集会和游行活动,庆祝多国承认巴勒斯坦国,同时继续声援加沙地带民众。
在22日举行的和平解决巴勒斯坦问题和落实“两国方案”高级别国际会议期间,法国、比利时、安道尔、卢森堡、马耳他、摩纳哥宣布承认巴勒斯坦国。前一天,英国、加拿大、澳大利亚、葡萄牙已作出同样宣布。
1、9月23日,在约旦河西岸城市纳布卢斯,民众挥舞巴勒斯坦领导人阿拉法特和阿巴斯画像参加庆祝活动。新华社发(尼达尔·艾仕塔耶摄)
2、9月23日,在约旦河西岸城市希伯伦,民众挥舞巴勒斯坦旗帜参加庆祝活动。新华社发(马蒙·沃兹沃兹摄)