Connect with us

Africa & Middle East

ပါလက်စတိုင်းအရေးကို မဖြစ်မနေ အထူးအလေးထားပြီး အရှိန်မြှင့် ဖြေရှင်းရမည်ဟု တရုတ်နိုင်ငံ အလေးအနက်ပြောကြား

ဂါဇာမြို့ အနောက်ဘက် ကမ်းရိုးတန်းလမ်းမကြီးတွင် လူအများက နေ့စဉ်သုံးပစ္စည်းများ သယ်ဆောင်လျက် လူအုပ်ကြီးနှင့် စုပေါင်းရန် တောင်ဘက်သို့ ထွက်ခွာလာကြသည်ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က စက်တင်ဘာ ၂၃ ရက် လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်းအရေး အဆင့်မြင့် အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပါလက်စတိုင်းအရေးကို မဖြစ်မနေ အထူးအလေးထားပြီး အရှိန်မြှင့် ဖြေရှင်းရမည်ဟု အလေးအနက်ပြောကြားခဲ့သည်။
ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ကိန်းစွမ်က ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ ဗဟိုချက်ဖြစ်ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့နှင့် သက်ဆိုင်ကြောင်း၊ ယခုအကြိမ်ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ ပါလက်စတိုင်းပြည်သူများသည် ဒုက္ခတွင်းထဲသို့ နက်ရှိုင်းစွာသက်ဆင်းခဲ့ရပြီး လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နှင့် အီရန်စသည့် ဒေသအများအပြား၏ အခြေအနေမှာလည်း အဆင့်မြှင့်တက်လာကာ ကာတာနိုင်ငံပင် တိုက်ခိုက်မှုခံခဲ့ရကြောင်း၊ အရှေ့အလယ်ပိုင်းတွင် စစ်မက်မီးလျှံများ အနှံ့အပြားလောင်မြိုက်လျက် ကမောက်ကမဖြစ်မှုများ ဆိုးရွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုပတ်ဝန်းကျင်ကို ဆုတ်ယုတ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ထိခိုက်စေခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် လက်ရှိ ရှုပ်ထွေးမှုအခြေအနေ၏ ဗဟိုချက်ဖြစ်သော ပါလက်စတိုင်းအရေးကို မဖြစ်မနေ အထူးအလေးထားပြီး အရှိန်မြှင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂ နှစ်ခန့်ကြာသည့် ပဋိပက္ခသည် ဂါဇာအား ဆင်းရဲဒုက္ခတွင်းထဲတွင် ပိတ်မိစေပြီး နေရာတိုင်းတွင် ပျက်စီးမှုများနှင့်အတိ ဖြစ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အစ္စရေးအား ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ သိမ်းပိုက်သည့်ဘက် အနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှုကို အပြည့်အဝ ပြန်လည်ခွင့်ပြုရန် တိုက်တွန်းထားကြောင်း၊ အစ္စရေးသည် ဂျော်ဒန်အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်ရန် နေရာများ စဉ်ဆက်မပြတ် တိုးချဲ့ခြင်း၊ ပါလက်စတိုင်းသားများ၏ အဆောက်အအုံများကို အတင်းအကျပ် ဖျက်ဆီးခြင်း၊ ရှာဖွေဖမ်းဆီးမှု၊ တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခြင်း၊ အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို လက်လွှတ်ထားခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
လတ်တလောတွင် သိမ်းပိုက်သည့်ဘက်က “E1 ဇုန်” အခြေချနေထိုင်ရေးစီမံကိန်းကို အတည်ပြုရုံသာမက တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ဤအန္တရာယ်ရှိသော လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပြင်းထန်စွာချိုးဖောက်ကာ ပါလက်စတိုင်းနယ်မြေ ချိတ်ဆက်မှုကို ထိခိုက်စေပြီး ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေး အခြေခံကို တိုက်စားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အစ္စရေးအား အခြေချနေထိုင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အခြေချနေထိုင်သူများ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်၊ ပါလက်စတိုင်း စီးပွားရေးလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်း ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်း မတရားမှုများကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရန်၊ “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” သည် ပါလက်စတိုင်းအရေးအား ဖြေရှင်းသည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ထွက်လမ်းဖြစ်ရာ အစားထိုး၍မရသလို ငြင်းပယ်၍လည်း မရကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” အလားအလာ ပြန်လည်အားကောင်းစေရန် ကြိုးစားသင့်ပြီး ပါလက်စတိုင်းအား ဆောလျင်စွာ လွတ်လပ်သော နိုင်ငံထူထောင်ရန်၊ ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံ ဆောလျင်စွာ ဖြစ်လာစေရန် ထောက်ခံအားပေးသင့်ကြောင်း ကိန်းစွမ်က အလေးထားပြောကြားခဲ့သည်။
ယခုအကြိမ် ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ လက်နက်အင်အား အလွဲသုံးစားလုပ်ခြင်းနှင့် စစ်ရေးစွန့်စားမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ဒေသတွင်း အခြေအနေ နက်ရှိုင်းစွာ ဆင့်ကဲပြောင်းလဲမှုကို ဖြစ်စေခဲ့ကြောင်း၊ ဘက်အသီးသီးအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လက်တွေ့ကျ လေးစားရန်၊ အစ္စရေးအနေဖြင့် အရှေ့အလယ်ပိုင်းပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ကို လက်တွေ့လေးစားရန်၊ အရှေ့အလယ်ပိုင်းနိုင်ငံအသီးသီးအနေဖြင့် ဘုံလုံခြုံရေးသဘောထားကို လက်ကိုင်ထားကာ တရားမျှတ၍ သမာသမတ်ကျသော ဒေသတွင်းစည်းစနစ်ကို အတူတကွ တည်ဆောက်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော ဒေသတွင်း အနာဂတ်ကို အတူတကွ ဖန်တီးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ပါလက်စတိုင်းအရေးတွင် တရားမျှတမှု၊ သမာသမတ်ကျမှုကို အစဉ်အမြဲလက်ကိုင်ထားပြီး ပါလက်စတိုင်းလူမျိုးတို့၏ တရားမျှတရေး လုပ်ဆောင်မှုများကို အစဉ်အမြဲ ခိုင်ခိုင်မာမာ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ အပစ်ရပ်စဲရေး တွန်းအားပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းလျှော့ချရေး၊ “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” လက်တွေ့ဖော်ဆောင်ရန်၊ နောက်ဆုံးတွင် ပါလက်စတိုင်းအရေး ဘက်စုံ၊ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းမှု ဖော်ဆောင်နိုင်ကာ အရှေ့အလယ်ပိုင်းဒေသအား ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် သာယာဝပြောရေး ရောက်ရှိလာစေရန် ကြိုးစားဆောင်ရွက်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာမြို့ရှိ အဆောက်အအုံတစ်ခုကို အစ္စရေးလေတပ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မီးခိုးငွေ့များ တက်လာသည်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
中方强调必须高度重视并加快解决巴勒斯坦问题
新华社联合国9月23日电 中国常驻联合国副代表耿爽23日在安理会巴勒斯坦问题高级别会议上发言,强调必须高度重视并加快解决巴勒斯坦问题。
耿爽说,巴勒斯坦问题是中东问题的核心,事关中东和平稳定、国际和平与安全。本轮冲突爆发后,巴勒斯坦人民深陷水火,黎巴嫩、叙利亚、也门、伊朗等多地局势升级,就连卡塔尔也遭到袭击。中东硝烟四起、动荡加剧,恶化了全球安全环境,冲击了世界经济发展前景,不符合国际社会的共同利益。为此,必须高度重视并加快解决当前乱局的核心——巴勒斯坦问题。
耿爽表示,近两年的冲突已使加沙生灵涂炭、满目疮痍。中方敦促以色列立即停止在加沙的一切军事行动,履行占领方的国际人道法义务,全面恢复人道物资准入。以色列在约旦河西岸持续扩张定居点,强拆巴勒斯坦人建筑,频繁开展搜捕袭击,纵容定居者暴力。近期占领方还批准并推进“E1区”定居点计划,这一危险行为严重违反国际法和安理会决议,冲击巴勒斯坦领土连贯性,侵蚀巴勒斯坦独立建国基础。中方呼吁以色列立即停止定居点活动,遏制定居者暴力,撤销对巴勒斯坦经济活动的限制。
耿爽强调,必须纠正巴勒斯坦遭受的历史不公。“两国方案”是解决巴勒斯坦问题的唯一可行出路,不可替代、不容否定。国际社会应努力重振“两国方案”前景,支持巴勒斯坦早日独立建国、早日成为联合国正式会员国。
耿爽指出,本轮冲突爆发以来,滥用武力和军事冒险频频发生,引发地区局势深刻演变。中方呼吁各方切实尊重中东国家的主权、安全和领土完整,呼吁以色列切实尊重中东人民的生存权、发展权,呼吁中东各国秉持共同安全理念,共建公平正义的地区秩序,共创和平发展的地区未来。
耿爽说,中方在巴勒斯坦问题上始终秉持公道正义,始终坚定支持巴勒斯坦人民正义事业。中方愿同国际社会一道努力,推动停火止战、缓解人道灾难、落实“两国方案”,最终实现巴勒斯坦问题全面公正持久解决,让中东地区迎来和平稳定与发展繁荣。(完)
图说1:9月18日,在加沙城以西的沿海公路上,人们运载着生活用品,汇入人潮向南撤离。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:9月5日,加沙城一栋建筑遭以色列军队空袭后升起浓烟。新华社发(里泽克·阿卜杜勒贾瓦德摄)