Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက လူသားမျိုးနွယ်များ အတူတကွ တိုးတက်မှုနှင့် ကမ္ဘာကြီး သဟဇာတဖြစ်၍ သာယာလှပသည့် မျှော်မှန်းချက် အကောင်အထည်ဖော်ရန် ရေးဆွဲထားကြောင်း ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆို

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ၌ အမှာစကားပြောကြားနေသော ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ Yousuf Raza Gilani အား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် ပိုမိုတရားမျှတသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး စနစ်ကို ဖွဲ့စည်းတည်ဆောက်ရန် ရည်ရွယ်ပြီး လူသားမျိုးနွယ်များ အတူတကွ တိုးတက်မှုနှင့် ကမ္ဘာကြီး သဟဇာတဖြစ်၍ သာယာလှပသည့် မျှော်မှန်းချက် အကောင်အထည်ဖော်ရန် ရေးဆွဲထားကြောင်း ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ Yousuf Raza Gilani က စက်တင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ယင်းနေ့တွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲကို ကျင်းပခဲ့သည်။ Gilani က အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံ ဖြတ်သန်းခဲ့သော ထူးခြားသည့် အတွေ့အကြုံများသည် ပါကစ္စတန်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရှာဖွေရာတွင် ဉာဏ်ဖွင့်ပေးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်နိုင်ငံ၏ ခိုင်မာမြဲမြံသော ချစ်ကြည်ရင်းနှီးမှုကို အခြေပြုလျက် ပါကစ္စတန်-တရုတ် နှစ်ဖက်သည် နှစ်နိုင်ငံပြည်သူများနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ချက်၊ တိုးတက်မှုနှင့် သာယာဝပြောမှု စာမျက်နှာအသစ်ကို ရေးသားကြမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Gilani က နှစ်နိုင်ငံ ချစ်ကြည်ရေး အမှတ်သင်္ကေတစီမံကိန်းများအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသည် ပါကစ္စတန် အခြေခံအဆောက်အအုံမြှင့်တင်ရေးတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့ကြောင်း၊ ဂွါဒါဆိပ်ကမ်းသည် တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်သော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်ရာမှ ယခုအခါ တက်ကြွမှု ပြည့်ဝသော ကုန်သွယ်ရေးတံခါးပေါက်တစ်ခုအဖြစ် အသွင်ပြောင်းလဲလာခဲ့ပြီး ဒေသတွင်းစီးပွားရေးလှုပ်ရှားမှု၏ လှုံ့ဆော်အားဖြစ်လာသလို ပါကစ္စတန်-တရုတ် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသော အောင်မြင်မှုရလဒ်များ၏ သက်ဝင်လှုပ်ရှားသော ပြသမှုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
巴基斯坦参议院主席:全球治理倡议描绘人类实现共同进步与世界和谐的美好愿景
新华社伊斯兰堡9月23日电(记者杨恺 张敬尧)巴基斯坦参议院主席优素福·拉扎·吉拉尼22日说,全球治理倡议旨在推动构建更加公平的全球治理体系,描绘了人类实现共同进步与世界和谐的美好愿景。
中国驻巴基斯坦大使馆当天在巴首都伊斯兰堡举办庆祝中华人民共和国成立76周年招待会。吉拉尼在致辞时说,中国走过的非凡历程对巴探索未来发展道路具有启迪意义。相信以两国牢不可破的友谊为基础,巴中双方将为两国人民和区域发展谱写希望、进步与繁荣的新篇章。
吉拉尼表示,作为两国友谊的标志性项目,中巴经济走廊促进巴基础设施建设取得长足进步。瓜达尔港这个曾经宁静的渔港,如今已转型为充满活力的贸易门户,成为区域经济活动的催化剂,也是巴中持续合作取得成果的生动展示。(完)
English Caption: Chairman of the Senate of Pakistan Yousuf Raza Gilani speaks during a reception celebrating the 76th anniversary of the founding of the People’s Republic of China, in Islamabad, Pakistan, Sept. 22, 2025. (Xinhua/Ahmad Kamal)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.