Asia
တရုတ်နိုင်ငံက ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအထိ အရေးပါသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင် ဆို

ဖနွမ်းပင်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော် ယာယီ အကြီးအကဲ ဟွန်ဆင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လာသည့် ၇၆ နှစ်တစ်လျှောက် ကဏ္ဍအသီးသီးတွင် ကြီးမားသော အောင်မြင်မှု ရရှိခဲ့ရာ ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအထိ အရေးပါသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟွန်ဆင်က ထိုနေ့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့် ဧည့်ခံပွဲတက်ရောက်ခဲ့သည်။ ၇၆ နှစ်ကာလတွင် တရုတ်နိုင်ငံသည် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ခက်ခဲသော စိန်ခေါ်မှုအမျိုးမျိုးကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ စက်မှု၊ သိပ္ပံနည်းပညာ စသည့် ကဏ္ဍအများအပြားတွင် ကမ္ဘာ့အချက်အချာများအနက် တစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၁၉၅၈ ခုနှစ်က ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးသည် ခေတ်အဆက်ဆက်ခေါင်းဆောင်များ ဂရုတစိုက် ပျိုးထောင်မှုအောက်တွင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာလာခဲ့ပြီး နှစ်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နှင့် သံမဏိကဲ့သို့ ခိုင်မြဲသော မိတ်ဆွေများ ဖြစ်လာခဲ့ကြောင်း၊ နှစ်ဖက်သည် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ နီးကပ်ပြီး အောင်မြင်မှုရလဒ်များ ကြွယ်ဝကာ နှစ်နိုင်ငံ၏ အစဉ်အလာ စည်းလုံးညီညွတ်နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေခဲ့ကြောင်း၊ နှစ်ဖက် အလွှာအသီးသီး၊ ကဏ္ဍအသီးသီး၏ ကူးလူးဆက်ဆံမှုသည် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးတက်စေပြီး အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးမှာ နေ့စဉ်နှင့်အမျှကို ပိုမိုခိုင်မြဲစေခဲ့ကြောင်း ဟွန်ဆင်က ပြောကြားခဲ့သည်။
ဟွန်ဆင်က ယခုနှစ်သည် ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ် ဧပြီလတွင် ကမ္ဘောဒီးယားသို့ အောင်မြင်မှု ရလဒ် ကြွယ်ဝသော နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံသည် ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရန် သဘောတူညီခဲ့ကြပြီး ယင်းသည် နှစ်နိုင်ငံက တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသော သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရေးကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးမိတ်ဖက်၊ အဓိက ကူညီပံ့ပိုးပေးသော နိုင်ငံ၊ ကမ္ဘောဒီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား ထောက်ခံအားပေးသော အဓိကနိုင်ငံဖြစ်ရာ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် လူနေမှုဘဝ ကောင်းမွန်တိုးတက်ရေးအတွက် အရေးပါသောအကျိုးဆောင်များ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ကမ္ဘောဒီးယား-တရုတ် နှစ်ဖက် ကုန်သွယ်ရေး တိုးတက်လာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏ တည်ငြိမ်စွာ တိုးတက်လာမှုအပေါ် ဂုဏ်ပြုကြောင်း၊ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ “ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်” အစီအစဉ်များကို ကောင်းမွန်စွာ ကျင်းပကာ ပိုမိုများပြားသော တရုတ်ခရီးသွားဧည့်သည်များ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်ရန်၊ နှစ်နိုင်ငံ ပြည်နယ်၊ မြို့ တိုက်ရိုက်လေကြောင်းများ တိုးများလာပြီး လူမှုယဉ်ကျေးမှု မြှင့်တင်ရန် မျှော်လင့်ကြောင်း ဟွန်ဆင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းများ ဆက်လက်၍ လက်တွဲ ကြိုးစားကာ သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရေး ခိုင်ခံ့စေရန်၊ “စိန်ပွင့်ပမာ ခြောက်ပွင့်ဆိုင်” ပူးပေါင်းဆောင်ရွက်မှုဖွဲ့စည်းပုံကို ပြည့်ဝစေရန်၊ “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်း စင်္ကြံ” ကို ကောင်းမွန်စွာ တည်ဆောက်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ပဉ္စဂံ မဟာဗျူဟာ” စသည့် ပထမအဆင့် ချိတ်ဆက်ရန်လည်း မျှော်လင့်ကြောင်း၊ ကမ္ဘောဒီးယားဘက်မှ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂစသည့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ မူဘောင်အတွင်း တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
柬参议院主席洪森:中国为地区乃至全球经济增长作出重大贡献
新华社金边9月27日电(记者吴长伟)柬埔寨参议院主席、代理国家元首洪森26日表示,中华人民共和国成立76年来,在各个领域取得巨大成就,为地区乃至全球经济增长作出重大贡献。
洪森当天在中国驻柬使馆出席庆祝中华人民共和国成立76周年招待会。他表示,76年来,中国成功克服国家建设进程中的各种困难挑战,已成为经济、贸易、投资、金融、工业、科技等多个领域的世界中心之一。
洪森说,1958年柬中建交以来,两国友好关系在两国历代领导人的精心培育下不断发展壮大,两国成为全面战略合作伙伴和铁杆朋友。双方各领域合作密切、成果丰硕,体现了两国传统的团结友好和双赢合作。双方各层级、各领域交往为增进政治互信、促进互利合作发挥重要作用,推动柬中友谊日益牢固。
洪森说,今年对柬中关系来说是一个特殊的年份,习近平主席今年4月对柬埔寨进行了富有成果的国事访问。访问期间,两国一致同意构建新时代全天候柬中命运共同体,彰显两国建立在平等、相互尊重、相互信任基础上的铁杆友谊。
他表示,中国是柬埔寨的贸易和投资伙伴、主要援助国,是支持柬人力资源发展的主要国家,为柬社会经济发展、基础设施建设和民生改善作出了重要贡献。他对柬中双边贸易增长和中国在柬投资额稳步增长表示祝贺,同时希望两国密切合作,办好“柬中旅游年”系列活动,吸引更多中国游客来柬旅游,增加两国省市直航,促进人文交流。
洪森还表示,希望两国有关机构继续携手努力,巩固铁杆友谊,充实“钻石六边”合作架构,建设好“工业发展走廊”和“鱼米走廊”,加快推进共建“一带一路”倡议和柬“五角战略”第一阶段对接。柬方将继续在东盟-中国合作、澜湄合作、大湄公河次区域合作、联合国等地区和国际框架内同中国密切合作,为维护地区乃至世界的和平稳定与繁荣发展作出更多贡献。(完)
图说:9月26日,柬埔寨参议院主席、代理国家元首洪森在金边出席中国驻柬使馆举行的庆祝中华人民共和国成立76周年招待会并发言。新华社发(索万纳拉摄)