Connect with us

International Organizations

၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲ ကျင်းပပြီးစီး

အမေရိကန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ပိတ်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားနေသည်ကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပပြီးစီးခဲ့သည်။

၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ပိတ်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားရာတွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအကြီးအကဲ ၁၂၄ ဦးအပါအဝင်၊ အဖွဲ့ဝင်နိုင်ငံ ၁၈၉ ခုမှ ကိုယ်စားလှယ်များ အဆင့်မြင့်တွင် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ အချို့သော အကြောင်းအရာများသည် ဘက်အသီးသီးအား ပြင်းထန်သော ပဲ့တင်ထပ်မှု ဖြစ်ပေါ်စေခဲ့ပြီး ယင်းအနက် အရေးကြီးဆုံးမှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအသီးသီး ကိုယ်စားလှယ်များ လက်ဆင့်ကမ်းဖြစ်သော သတင်းစကားမှာ အလွန် ရှင်းလင်းပြတ်သားကြောင်း၊ ဂါဇာကမ်းမြောင်ဒေသရှိ ငတ်မွတ်ခေါင်းပါးနေသော ပြည်သူများကို ထိန်းသိမ်းစောင့်ရှောက်၍ ကယ်ဆယ်ကူညီရန်၊ ယူကရိန်း ငြိမ်းချမ်းရေး ပြန်လည်ရရှိရန်၊ ဆူဒန်နိုင်ငံရှိ အမျိုးသမီများနှင့် မိန်းကလေးငယ်များကို ကာကွယ်ပေးရန် စသည့် ကိစ္စရပ်များအပါအဝင် စစ်ပွဲနှင့် အကြမ်းဖက်မှု ဒီရေလှိုင်းကြီးကို ဟန့်တားရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုများပြားသော လုပ်ဆောင်မှုများ မဖြစ်မနေ ချမှတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂတည်ထောင်ခြင်း ၈၀ နှစ်ပြည့်၊ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးအစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံသည် စက်တင်ဘာ ၂၂ ရက်တွင် အဆင့်မြင့် သီတင်းပတ်သို့ ရောက်ရှိလာပြီး ပုံမှန်အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။ မကြာသေးမီရက်က ကုလသမဂ္ဂအထွေထွေညီလာခံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အာရုံစိုက်သော လှုပ်ရှားမှုများ၊ စတုတ္ထကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံ အထိမ်းအမှတ် နှစ် ၃၀ ပြည့် အဆင့်မြင့် အစည်းအဝေး၊ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ ဉာဏ်ရည်တု (AI) စီမံခန့်ခွဲရေး စတင်ခြင်း ကိစ္စရပ်များဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှု အဆင့်မြင့် အစည်းအဝေး၊ နျူကလီးယားလက်နက်များ အကြွင်းမဲ့ ဖယ်ရှားရေး အပြည်ပြည်ဆိုင်ရာနေ့အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး စသည်တို့ကို ခေါ်ယူကျင်းပခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် စက်တင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂတည်ထောင်ခြင်း ၈၀ ပြည့်နှစ် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို ကျင်းပကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ နှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများအပေါ် ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့ပြီး လက်တွဲ ချီတက်ကာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် တက်ရောက်လာသော ဘက်အသီးသီးက အလေးထားပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပခဲ့ရာ ပြင်သစ်စသည့် နိုင်ငံအချို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” လက်တွေ့အကောင်အထည်ဖော်ရန် တောင်းဆိုသော တိုက်တွန်းသံများ ပိုမို အားကောင်းလာခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် ကုလသမဂ္ဂ၏ အဓိကဖြစ်သော သုံးသပ်ဆွေးနွေးရေး၊ ကြီးကြပ်ရေးနှင့် စိစစ်ရေးအဖွဲ့အစည်းဖြစ်ကာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးဖြင့် ဖွဲ့စည်းထားသည်။ အထွေထွေညီလာခံသည် နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ပုံမှန်အစည်းအဝေးကို ကျင်းပသည်။ ပုံမှန်အစည်းအဝေးကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပလေ့ရှိပြီး ပထမပိုင်းသည် ပုံမှန် အချေအတင် ဆွေးနွေးသည့်အဆင့်ဖြစ်ပြီး ဒုတိယပိုင်းမှာမူ အထွေထွေညီလာခံက ဆွေးနွေးမှုနှင့် သုံးသပ်မှုများကို အစည်းအဝေး အစီအစဉ်သို့ ထည့်သွင်းသည့် အကြောင်းအရာ ကဏ္ဍအလိုက် အဆင့် ဖြစ်သည်။ ယခုအထွေထွေညီလာခံ၏ ခေါင်းစဉ်မှာ “လက်တွဲအတူချီတက်ခြင်း- ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး နှစ်ရှစ်ဆယ် မြှင့်တင်ခြင်း၊ အတိတ်မှ ရှေ့သို့ ဆက်လက်လျှောက်လှမ်းကာ အနာဂတ်စာမျက်သစ်ကို ထပ်မံရေးသားခြင်း” ဖြစ်သည်။ (Xinhua)

……………………….
(Chinese Version)
第80届联合国大会一般性辩论闭幕
新华社联合国9月29日电(记者潘云召 尚绪谦)第80届联合国大会一般性辩论29日在纽约联合国总部落下帷幕。
第80届联大主席贝尔伯克在闭幕致辞中说,过去一周,包括124位国家元首和政府首脑在内,189个会员国的代表上台发言。一些主题引起各方强烈共鸣,其中最重要的是和平与安全。各国代表传递的信息很明确:联合国会员国必须采取更多行动,遏制战争和暴力的浪潮,包括保护并救济加沙地带饥饿的平民、让乌克兰恢复和平、保护苏丹的妇女和女童等。各国代表还就联合国成立80周年和联合国改革议程、金融改革等问题进行了讨论。
本届联大22日进入高级别周,一般性辩论23日开幕。近日,联大先后召开聚焦可持续发展目标活动、纪念第四次世界妇女大会30周年高级别会议、气候峰会、启动人工智能治理问题全球对话高级别会议、纪念彻底消除核武器国际日高级别会议等。
联大22日举行纪念联合国成立80周年高级别会议,与会各方强调,要重申对多边主义以及联合国宪章宗旨和原则的承诺,携手共进,强化联合国作用。当天,联大还召开和平解决巴勒斯坦问题和落实“两国方案”高级别国际会议,法国等国宣布承认巴勒斯坦国,国际社会要求落实“两国方案”的呼声进一步加强。
联合国大会是联合国主要的审议、监督和审查机构,由联合国全体会员国共同组成。大会每年9月至12月举行常规会议。常会通常分两个阶段,前段为一般性辩论阶段,后段为大会讨论和审议列入议程的各项议题阶段。本届联大主题是“携手共进:促和平、发展、人权八十载,继往开来,再谱新篇”。(完)
图说:9月29日,在位于纽约的联合国总部,第80届联大主席贝尔伯克在发表联合国大会一般性辩论闭幕致辞。新华社记者李睿摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.