Latin America
ကျူးဘားအစိုးရက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား ထောက်ခံကြောင်း သဘောထားထုတ်ပြန်

ဟာဗားနား၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) plus” အစည်းအဝေး၌ အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား ထောက်ခံကြောင်း၊ အဆိုပါ အစီအမံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးရန် အကျိုးပြု၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးသွားမည်ဟု ယူဆကြောင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel သည် စက်တင်ဘာ ၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ၏ အရေးကြီး အနက်အဓိပ္ပာယ်အား များစွာ သုံးသပ်ပြောကြားလိုပြီး အဆိုပါအစီအမံသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံတောင်းဆိုချက်ကို ထင်ဟပ်စေကာ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းမှုအား မြှင့်တင်ရန် အကျိုးရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla ကလည်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ကျူးဘား ဗဟိုအဖွဲ့အစည်း သတင်းစာ “Granma” ကလည်း သတင်းဖော်ပြမှုအတွင်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ၏ အဓိကအကြောင်းအရာများအား မိတ်ဆက်ပြောကြားခဲ့သည်။ SCO သည် နိုင်ငံတကာဥပဒေအား အခြေခံသည့် ပိုမိုတရားမျှတသော ဗဟုဝင်ရိုး နိုင်ငံတကာစည်းစနစ်အား တည်ဆောက်မှုကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း၊ SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်မှုအား မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းအဆင့်အား ခိုင်မြဲစေရန် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
————————-
(Chinese Version)
古巴政府表态支持全球治理倡议
新华社哈瓦那9月1日电(记者蒋彪)古巴国家主席迪亚斯-卡内尔1日在社交媒体上说,古巴支持习近平主席在“上海合作组织+”会议上提出的全球治理倡议,认为该倡议有利于推动全球治理体系改革,推动构建人类命运共同体。
古巴外长罗德里格斯在社交媒体上说,古巴高度评价全球治理倡议的重要意义,认为这一倡议体现了全球南方的共同诉求,有利于促进国际关系民主化。
古共中央机关报《格拉玛报》在报道中介绍了全球治理倡议的主要内容。报道说,上合组织旨在推动构建以国际法为基础的更加公正的多极化国际秩序,上合组织天津峰会对加强全球南方团结、巩固全球南方地位发挥了重要作用。(完)
图说:9月2日,来华出席中国人民抗日战争暨世界反法西斯战争胜利80周年纪念活动的古巴国家主席迪亚斯-卡内尔抵达北京。 新华社记者 赵子硕 摄