Latin America
ဗင်နီဇွဲလားနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား ထောက်ခံအားပေးကြောင်း နီကိုလပ်စ် မာဒူရို ဆို

ကရာကက်စ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုသည် မကြာသေးမီရက်ပိုင်းက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား ထောက်ခံအားပေးကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရားဝင်ကြေညာချက်အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ကမ္ဘာကြီးငြိမ်းချမ်းမှုနှင့် တစ်ကမ္ဘာလုံး သဟဇာတဖြစ်စွာ ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရန်၊ နိုင်ငံအသီးသီး အတူလက်တွဲ၍ ခြိမ်းခြောက်မှုကင်းသော၊ လိမ်လည်အကျပ်ကိုင်မှုကင်းသော၊ ဗိုလ်ကျကြီးစိုးမိုးမှုကင်းသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အားဖြည့်သွားရန် ရည်ရွယ်ကြောင်း နီကိုလပ်စ် မာဒူရိုက စက်တင်ဘာ ၁ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်စဉ် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yván Gil က စက်တင်ဘာ ၁ ရက်တွင် လူမှုမီဒီယာ၌ အစိုးရကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) တို့သည် အပြန်အလှန် ဟန်ချက်ညီစွာ ချိတ်ဆက်မှုရှိလှကြောင်း၊ ယင်းသည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးရန် ရည်ရွယ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က အရင်းခံထားသည့် အခြေခံမူအား ထောက်ခံအားပေးကြောင်း၊ ယင်းသည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသအတွက် ကြီးမားသော အနက်အဓိပ္ပာယ်ရှိကြောင်း ဖော်ပြထားသည်။ (Xinhua)
——————–
(Chinese Version)
马杜罗:委内瑞拉支持全球治理倡议
新华社加拉加斯9月2日电(记者田睿)委内瑞拉总统马杜罗日前表示,支持全球治理倡议,并将就此签署正式文件。
马杜罗1日在委内瑞拉首都加拉加斯举行的新闻发布会上说,全球治理倡议旨在推动世界和平和全球和谐发展,助力各国携手共建一个没有威胁、没有讹诈、没有霸权的人类命运共同体。
委内瑞拉外长希尔1日在社交媒体发布政府公报。公报说,全球治理倡议与全球发展倡议、全球安全倡议、全球文明倡议相呼应,旨在推动构建人类命运共同体。委内瑞拉支持全球治理倡议所秉持的原则,这对拉美和加勒比地区意义重大。(完)
图说:9月1日,委内瑞拉总统马杜罗在首都加拉加斯举行的新闻发布会上讲话。新华社发(萨尔戈多摄)