North America
အမေရိကန် ကုန်ဈေးနှုန်း ယေဘုယျအားဖြင့် မြင့်တင်လာမှုက စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် သက်ဆိုင်ဟု အမေရိကန် ဗဟိုဘဏ် “Beige Book” ဆို

နယူးယောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ဇူလိုင်လ လလယ်ပိုင်းမှ ဩဂုတ်လ လကုန်အထိ အမေရိကန် ဗဟိုဘဏ်သတ်မှတ်ထားသောခရိုင်များ အားလုံး၌ ကုန်ဈေးနှုန်းများသည် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သည့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေ စစ်တမ်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
အမေရိကန် “ဗဟိုဘဏ်ဥပဒေ” အရ အမေရိကန် နိုင်ငံတစ်ဝန်းအား ဗဟိုဘဏ်ခရိုင် ၁၂ ခုအဖြစ် သတ်မှတ်ထားပြီး ခရိုင်တစ်ခုတိုင်းတွင် ဗဟိုဘဏ်တစ်ခုစီ ထူထောင်ထားသည်။ အဆိုပါအစီရင်ခံစာသည် ယင်း ဗဟိုဘဏ် ၁၂ ခု၏ နောက်ဆုံးစစ်တမ်းကောက်ယူမှုရလဒ်အရ ပြုစုရေးသားထားခြင်းဖြစ်ပြီး “Beige Book” ဟုလည်း ခေါ်ဆိုသည်။
ဇူလိုင်လ လလယ်ပိုင်းမှ ဩဂုတ်လ လကုန်အထိ ဗဟိုဘဏ်ခရိုင်များစွာက စည်းကြပ်ခွန်သည် သွင်းအားစုဈေးနှုန်းအပေါ် သက်ရောက်မှု အထူးပင် သိသာထင်ရှားသည်ဟု အစီရင်ခံတင်ပြလာကြောင်း၊ အာမခံ၊ အစိုးရသုံးလုပ်ငန်းနှင့် နည်းပညာဝန်ဆောင်မှု ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသများစွာက အစီရင်ခံတင်ပြကြကြောင်း၊ အချို့သောကုမ္ပဏီများသည် အရင်းအနှီးမြင့်တက်လာမှုအတွက် အသုံးပြုသူများမှ ကျခံရန် လုပ်ဆောင်လာပြီးဖြစ်ကြောင်း၊ အမေရိကန်ဗဟိုဘဏ် ဆက်သွယ်သည့် လုပ်ငန်းကုမ္ပဏီများက အနာဂတ်လအနည်းငယ်အတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဟု မျှော်မှန်းကြကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
စီးပွားရေးအရ မသေချာမရေရာမှုများ တိုးမြင့်လာခြင်းနှင့် စည်းကြပ်ခွန်နှုန်းထား မြင့်တက်လာခြင်းကြောင့် မိသားစုများစွာ၏ လစာတိုးတက်မှုသည် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၏ ခြေလှမ်းနောက် လိုက်မီနိုင်ခြင်းမရှိဘဲ ဗဟိုဘဏ်ခရိုင်အားလုံးမှ စားသုံးသူများ၏ အသုံးစရိတ်သည် ပြောင်းလဲမှုမရှိခြင်း သို့မဟုတ် ကျဆင်းလာခြင်းတို့ ဖြစ်လာကြောင်း အစီရင်ခံစာက ဆိုသည်။
လုပ်အားဈေးကွက်ကဏ္ဍတွင် ဗဟိုဘဏ်ခရိုင် ၁၁ ခု၏ အထွေထွေ လုပ်ငန်းခွင်ဝင်မှု အခြေအနေသည် ပြောင်းလဲမှု မရှိသလောက်ပင်ဖြစ်ပြီး ခရိုင် ၁ ခု၏ လုပ်ငန်းခွင်ဝင်မှုအခြေအနေသည် အနည်းငယ် ကျဆင်းလာခဲ့သည်။ လိုအပ်ချက်များ လျော့နည်းလာခြင်း သို့မဟုတ် မသေချာမရေရာမှုများ တိုးများလာခြင်းကြောင့် ဗဟိုဘဏ်ခရိုင် ၇ ခုရှိ လုပ်ငန်းကုမ္ပဏီများသည် ဝန်ထမ်းမခန့်အပ်လိုတော့ဘဲ ခရိုင် ၂ ခုတွင် ထုတ်ပယ်သည့် ဝန်ထမ်းအရေအတွက် တိုးများလာခဲ့သည်။
အမေရိကန် ဗဟိုဘဏ်သည် “Beige Book” ကို နှစ်စဉ် ၈ ကြိမ် ထုတ်ပြန်လေ့ရှိပြီး ဗဟိုဘဏ်မှတစ်ဆင့် အမေရိကန် တစ်နိုင်ငံလုံး စီးပွားအရေး အခြေအနေအပေါ် လေ့လာလေ့ရှိသည်။ အဆိုပါအစီအရင်ခံစာသည် အမေရိကန် ဗဟိုဘဏ် ငွေရေးကြေးရေးမူဝါဒ အစည်းအဝေးအတွက် အရေးကြီးမှီငြမ်းရန် စာရွက်စာတမ်းဖြစ်သည်။
ယခုနှစ်အတွင်း အမေရိကန်အစိုးရသည် စည်းကြပ်ခွန်တုတ်ဖြင့် အဆက်မပြတ် ရမ်းကားခဲ့ပြီး ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ပိုမိုမြင့်မားသည့် စည်းကြပ်ခွန်များ ကောက်ခံခဲ့သည်။ ဇူလိုင် ၃၁ ရက်တွင် အမေရိကန်က အမေရိကန်သို့ တင်ပို့သော ကုန်သွယ်ရေးမိတ်ဖက် ၆၉ ခု၏ ကုန်ပစ္စည်းများအပေါ် အသုံးပြုရန် သင့်လျော်သည့် စည်းကြပ်ခွန်နှုန်းထားများကို ထုတ်ပြန်ခဲ့ရာ ၁၀ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ အသီးသီးဖြစ်သည်။
ဩဂုတ် ၇ ရက်အထိ အမေရိကန်က တစ်ကမ္ဘာလုံးမှ ကုန်စည်အားလုံး ကုန်သွယ်ရေးအရ ချိန်ညှိသည့် စည်းကြပ်ခွန်နှုန်းထားကို ၂၀.၁၁ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ရာ နှစ်ဆန်းပိုင်းက ၂.၄၄ ရာခိုင်နှုန်းထက် များစွာ တိုးမြင့်လာခဲ့သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ ပူးတွဲဖော်ဆောင်သည့် စည်းကြပ်ခွန်စောင့်ကြည်ရေးကိရိယာက ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell အား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
美联储“褐皮书”:美国物价普遍上涨 与加征关税相关
新华社纽约9月3日电(记者徐静)美国联邦储备委员会3日发布的全国经济形势调查报告显示,自7月中旬到8月底,美国所有联邦储备区物价均出现与加征关税相关的价格上涨。
根据美国“联邦储备法”,美国全国划分为12个联邦储备区,每区设立一家联邦储备银行。该报告根据12家联邦储备银行的最新调查结果编制而成,也称“褐皮书”。
报告显示,自7月中旬到8月底,许多联邦储备区报告关税对投入价格的影响尤其明显,多个地区报告保险、公用事业和技术服务价格上涨。一些公司已将所有成本上涨转嫁给了客户。美联储所联系的企业广泛预期未来几个月价格将继续上涨。
报告说,由于经济不确定性增大和关税税率升高,许多家庭工资增长未能跟上物价上涨的步伐,导致所有联邦储备区消费者支出持平或下降。
劳动力市场方面,11个联邦储备区整体就业水平几无变化,1个地区就业水平略有下降。由于需求减弱或不确定性增加,7个联邦储备区企业不愿招聘员工,2个地区裁员人数增多。
美联储每年发布8次“褐皮书”,通过联邦储备银行对全美经济形势进行摸底。该报告是美联储货币政策会议的重要参考资料。
今年以来,美国政府不断挥舞关税“大棒”,对贸易伙伴征收更高关税。7月31日,美国公布69个贸易伙伴输美商品适用的关税税率,从10%至41%不等。由世界贸易组织和国际货币基金组织联合开发的关税跟踪工具显示,截至8月7日,美国对全球所有产品的贸易加权平均关税税率升至20.11%,大幅高于年初的2.44%。(完)
图说1:8月12日, 一名顾客在美国纽约市布鲁克林区一个杂货店进行采购。新华社发(郭克摄)
图说2:7月30日,美国联邦储备委员会主席鲍威尔在华盛顿出席记者会。新华社记者胡友松摄