Connect with us

Asia

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ရှိဂဲရု အီရှီဘာ ကြေညာ

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက ဝန်ကြီးချုပ်ရုံး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မိန့်ခွန်းပြောကြားနေသည်ကို စင်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Toru Hanai/Bloomberg/Pool via Xinhua)

တိုကျို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာသည် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ဝန်ကြီးချုပ်ရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။
ရှိဂဲရု အီရှီဘာက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ၎င်းသည် ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ဂျပန် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အဆိုပါ ပါတီရှုံးနိမ့်မှုအတွက် တာဝန်ယူရန် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် အမေရိကန်နှင့် စည်းကြပ်ခွန်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုစသည့် ကိစ္စရပ်များနှင့် ရင်ဆိုင်နေရသည်ကို အကြောင်းပြု၍ ရှိဂဲရု အီရှီဘာက ရာထူးဆက်လက်ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ဖူးသည်။ ယင်းနှင့် စပ်လျဉ်း၍ ၎င်းက သက်ဆိုင်ရာကိစ္စရပ်များ ယာယီတစ်ဖြတ်ပြီးဆုံးသွားပြီဖြစ်ပြီး လက်ရှိအချိန်သည် သင့်တော်ပြီဖြစ်ရာ ရာထူးဆက်ခံသူအား နေရာလွှဲပေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် ဥက္ကဋ္ဌအသစ် ရွေးကောက်တင်မြှောက်မှု မပြီးဆုံးမီအထိ ၎င်းသည် နိုင်ငံသားများအပေါ် တာဝန်များကို လက်တွေ့ကျ ကျေပွန်အောင် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှိဂဲရု အီရှီဘာက ယမန်နှစ် စက်တင်ဘာ ၉ လတွင် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရာ ၎င်း၏ တာဝန်သက်တမ်းမှာ ၂၀၂၇ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။ ယမန်နှစ် အောက်တိုဘာလတွင် ကျင်းပသော ဂျပန် အောက်လွှတ်တော် ရွေးကောက်ပွဲ၌ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ခိုမေတိုပါတီတို့ဖြင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ကျင်းပသော ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း အာဏာရညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးခဲ့သည်။ ယင်းမှာ ၁၉၅၅ ခုနှစ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ထူထောင်ချိန်မှစ၍ လွှတ်တော် ၂ ရပ်လုံးတွင် ပထမဆုံးအကြိမ် လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော် မရရှိခဲ့ခြင်းဖြစ်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် အထက်လွှတ်တော်၌ ရှုံးနိမ့်ခဲ့ပြီးနောက် ရှိဂဲရု အီရှီဘာက ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုသောဆန္ဒကို အကြိမ်ကြိမ် ဖော်ပြခဲ့ဖူးသော်လည်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်းက ရှိဂဲရု အီရှီဘာ နုတ်ထွက်ရန်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကြို၍ ကျင်းပရန် တောင်းဆိုသံများ တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက ဝန်ကြီးချုပ်ရုံး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတက်ရောက်ပြီးနောက် ထွက်ခွာသွားသည်ကို စင်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Toru Hanai/Bloomberg/Pool via Xinhua)

……………………
(Chinese Version)
石破茂宣布决定辞去自民党总裁职务
新华社东京9月7日电(记者陈泽安 李子越)日本首相、执政党自民党总裁石破茂当地时间7日18时在首相官邸举行记者会,宣布决定辞去自民党总裁职务。
石破茂在记者会上表示,作为自民党总裁,他对该党在今年7月举行的日本国会参议院选举中失利负责。
石破茂曾以日本正面临与美国关税谈判等问题为由,表达留任意向。对此,他在记者会上表示,相关问题已暂告一段落,当前时机已成熟,将给后继者让位。
他还表示,在选出新总裁之前,他仍将切实履行对国民的责任。
石破茂于去年9月当选执政党自民党总裁,其任期应在2027年9月结束。在去年10月举行的日本国会众议院选举中,由自民党和公明党组成的执政联盟丧失过半数议席。在今年7月举行的日本国会参议院选举中,执政联盟也失去了过半数议席。这是自民党自1955年成立以来,首次在国会众参两院都未能取得过半数席位。
自民党在参议院失守后,石破茂曾多次表达继续担任首相的意向。但自民党内要求石破茂辞职、提前举行自民党总裁选举的呼声逐渐高涨。(完)
图说1:9月7日,日本首相、执政党自民党总裁石破茂在日本东京首相官邸举行的记者会上发言。新华社发(Pool图片,花井亨摄)
图说2:9月7日,日本首相、执政党自民党总裁石破茂在日本东京首相官邸出席记者会后离开。新华社发(Pool图片,花井亨摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.