Asia
ခေတ်သစ် စစ်ဝါဒက ဂျပန်အတွက် အလုံးစုံ ပျက်သုဉ်းမှုကိုသာ ဆောင်ကြဉ်းပေးမည်ဟု KCNA သုံးသပ်ချက်ဆောင်းပါး ဖော်ပြ
ပြုံယမ်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ခေတ်သစ် စစ်ဝါဒက ဂျပန်အတွက် အလုံးစုံ ပျက်သုဉ်းမှုကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း KCNA သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်သော သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။
နှစ်သစ်အစပျိုးကာလတွင် ဂျပန်နိုင်ငံ၏ လက်ယာစွန်းရောက် အာဏာပိုင်အင်အားစုသည် ခေတ်ကာလနှင့် သမိုင်းရေစီးကြောင်းကို ဗြောင်ကျကျ စိန်ခေါ်ကာ ဒေသတွင်းနှင့် ကမ္ဘာ၏ လုံခြုံရေးပတ်ဝန်းကျင်ကို ဆိုးရွားလှသော အန္တရာယ်အပြောင်းအလဲများ ဖြည့်တင်းလျက်ရှိကြောင်း၊ “အမျိုးသားလုံခြုံရေး အာမခံမဟာဗျူဟာ” စသည့် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို ဂျပန်က ယခုနှစ်အတွင်း ပြင်ဆင်ရန် တွန်းအားပေးနေခြင်းသည် စံထားနိုင်သည့် နမူနာပင် ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ဂျပန်အနေဖြင့် “ငြိမ်းချမ်းရေးနိုင်ငံ” ဟူသော အရေခွံကို လုံးဝဥဿုံ ခွာချပြီး စစ်မက်နိုင်ငံ၊ ကျူးကျော်သူနိုင်ငံအဖြစ် လျှောက်လှမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း ဆောင်းပါး၌ ရေးသားထားသည်။ ဂျပန်အနေဖြင့် အတိတ်က သွေးသံရဲရဲဖြစ်ခဲ့သောရာဇဝတ်မှုများကို ဘက်စုံ ငြင်းပယ်ပြီး ရှေးဟောင်းအင်ပါယာကို ပြန်လည်တည်ဆောက်ရေးအတွက် အလျင်အမြန် လက်နက်တစ်ဖန် ပြန်လည်တပ်ဆင်ရန် ကြံစည်ကြိုးပမ်းခဲ့ကြောင်း၊ ယင်းမှာ “ခေတ်သစ် စစ်ဝါဒ” ရူးသွပ်နေမှုအား အထင်အရှားပြသမှုပင် ဖြစ်ကြောင်း ဆောင်းပါးက ယူဆသည်။
ဂျပန်လက်ရှိ အာဏာရအစိုးရသည် စတင်တည်ထောင်သည့်အချိန်မှစ၍ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း” စသည့် ယခင်အစိုးရများ မဖော်ဆောင်နိုင်သော၊ လက်ယာစွန်းရောက် နိုင်ငံရေးအင်အားများ၏ “ကာလကြာရှည် တောင့်တနေသည့် သဘောဆန္ဒ” ကို စဉ်ဆက်မပြတ် ကြိုးပမ်းဖော်ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ဂျပန်လက်ရှိ အစိုးရသည် အာကာသစစ်ဆင်ရေးအင်အား တိုးတက်ရေးကိုလည်း တက်ကြွစွာ လုပ်ဆောင်လျက်ရှိရာ ဂျပန်ကျွန်းအသီးသီး နေရာအနှံ့တွင် ယမ်းဂိုဒေါင်ပေါင်း ရာနှင့်ချီ၍ အသစ်တည်ဆောက်ခဲ့ကြောင်း၊ ဂျပန်မီဒီယာများကပင် ဂျပန်အနေဖြင့် စစ်ဝါဒခေတ်ကာလ၏ ဖက်ဆစ်လမ်းကြောင်းကို ပြန်လည်မလျှောက်လှမ်းဘူးဆိုသည်အား အာမခံရန် ခဲယဉ်းသည်ဟု ထုတ်ဖော်ပြောဆို ပြစ်တင်ခဲ့ကြကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။
အခြားလူမျိုးများအပေါ် မုန်းတီးမှု၊ လက်စားချေထူထောင်လိုမှု ဝါဒနှင့် အနိုင်ယူလိုသည့်လောဘကို ဝိသေသလက္ခဏာထားသည့် ဂျပန်ခေတ်သစ်စစ်ဝါဒသည် ရှင်ဇိုအာဘေးအစိုးရလက်ထက်တွင် တစ်စတစ်စ စတင်လာပြီး ယနေ့အခါ ပို၍ အရှိန်အဟုန်ဖြင့် ဦးမော့လာရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီးနိုင်သည့် အဆိုးရွားဆုံးသော သာမန်မဟုတ်သည့်အခြေအနေသို့ တိုးတက်နေပြီဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ခေတ်သစ် စစ်ဝါဒသည် ဂျပန်အတွက် အလုံးစုံ ပျက်သုဉ်းမှုကိုသာ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ “သမိုင်းက သက်သေပြခဲ့သည့်အတိုင်းပင် စစ်ဝါဒ၏ဇာတ်သိမ်းမှာ ‘အင်အားတောင့်တင်းသည့် ဂျပန်’ မဟုတ်ဘဲ၊ ပျက်သုဉ်းသည့်ဂျပန်ဖြစ်ပေသည်” ဟု ဆောင်းပါးတွင် အလေးထားဖော်ပြထားသည်။ (Xinhua)
—————–
(Chinese Version)
朝中社评论:新军国主义只会给日本带来彻底毁灭
新华社平壤1月11日电(记者王天僚 王超)朝中社11日发表评论文章说,新军国主义只会给日本带来彻底毁灭。
文章写道,新年伊始,日本现任极右翼执政势力公然挑战时代和历史潮流,给地区和世界安全环境增添严重风险变数。日本打算在年内推动修订《国家安全保障战略》等“安保三文件”就是一个典型例子。
文章说,日本试图彻底脱去“和平国家”的外衣,走向战争国家、侵略国家。文章认为,日本企图全面否定过去的血腥罪恶,并迅速重新武装以重建旧帝国,这是“新军国主义”已经疯狂的明显表现。
文章指出,日本现政权从成立之初就一直在努力实现“修宪”等前几届政权未能实现的、极右翼政治势力的“夙愿”。此外,日本现政权还积极发展太空作战力量,在日本列岛各地新建数百个火药库。就连日本媒体也站出来指责说,很难保证日本不会重新走上军国主义时期的法西斯道路。
文章说,以对其他民族的憎恶、复仇主义和征服欲为特征的日本新军国主义在安倍政权时期逐渐开始,今天更加迅猛地抬头,已发展成为可能破坏世界和平与稳定的最恶劣的非常事态。
文章强调,新军国主义只会给日本带来彻底毁灭,“正如历史证明的那样,军国主义的终点不是一个‘强大的日本’,而是一个灭亡的日本”。(完)
1. 2025年10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄
