Connect with us

Asia

တရုတ်လုပ်ငန်းကုမ္ပဏီများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ အဓိကဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအား ကြိုဆိုကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး စီမံညှိနှိုင်းရေးဝန်ကြီး ဆို

အင်ဒိုနီးရှား ဂျကာတာမြို့၌ ကျင်းပသော အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အမှာစကားပြောကြားနေသော အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး စီမံညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများက အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်နှင့် ကိုက်ညီသည့် အဓိကကဏ္ဍများ၌ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ကြိုဆိုကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး စီမံညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ဇန်နဝါရီ ၉ ရက်တွင် အင်ဒိုနီးရှား မြို့တော်ဂျကာတာ၌ ကျင်းပသည့် အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

Airlangga Hartarto က အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး ကုန်သည်ကြီးများအသင်းများအနက် တစ်ခုအဖြစ် တိုးတက်လာပြီဖြစ်ကြောင်း၊ “အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းနဲ့ ၎င်းအဖွဲ့ဝင်များအနေနဲ့ ဆက်လက်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနဲ့ ဘုံအကျိုးစီးပွားဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖြစ်သော၊ အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှုဖော်ဆောင်ခြင်းအား ထောက်ခံအားပေးရန် ကျွန်တော်တိုက်တွန်းလိုပါတယ်။ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုက အဆက်မပြတ် နက်ရှိုင်းလာပြီး နှစ်နိုင်ငံ စည်ပင်ဝပြောမှုအတွက် ပိုမိုကြီးမားတဲ့ အကျိုးထမ်းဆောင်မှု လုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်လုပ်ငန်းကုမ္ပဏီများအနေဖြင့် အရည်အသွေးမြင့် အခြေခံအဆောက်အဦနဲ့ ကုန်စည်ပို့ဆောင်ရေး၊ လုပ်ငန်း ကုန်ချောထုတ်လုပ်မှု အသွင်ပြောင်းရေးနဲ့ ကုန်ထုတ်လုပ်ငန်း၊ သန့်ရှင်း၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဆေးကုသရေးအာမခံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖော်ဆောင်ရေး စသည့် အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုကြောင်း Airlangga Hartarto က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်လူထုန်က အမှာစကားပြောကြားရာ၌ တရုတ်-အင်ဒိုနီးရှားသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အဓိကအင်အားများဖြစ်သည့်နည်းတူ နှစ်နိုင်ငံဆက်ဆံရေးသည် အရေးကြီးမဟာဗျူဟာ အနက်အဓိပ္ပာယ်နှင့် လေးနက်ကြာရှည်သော ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် အကျုံးဝင်လျက်ရှိသည့် အဖွဲ့ဝင်ကုမ္ပဏီ ၅၀၀ ကျော်ရှိသည်။ အထက်ပါ အထိမ်းအမှတ်အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Luhut Binsar Pandjaitan ၊ လူဦးရေရွှေ့ပြောင်းမှုဆိုင်ရာ ဝန်ကြီး Muhammad Iftitah Sulaiman Suryanagara ၊ ဒုတိယရှေ့နေချုပ် R Narendra Jatna စသည့် အစိုးရဌာန ကိုယ်စားလှယ်များနှင့် တရုတ်-အင်ဒိုနီးရှား စက်မှုစီးပွားလောက လူပုဂ္ဂိုလ်နှင့် အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း အဖွဲ့ဝင် စသည်ဖြင့် လူ ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

အင်ဒိုနီးရှား ဂျကာတာမြို့တွင် ကျင်းပသော အင်ဒိုနီးရှားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
印尼经济统筹部长:欢迎中国企业投资印尼国家重点发展领域
新华社雅加达1月10日电(记者叶平凡 李斯博)印度尼西亚经济统筹部长艾尔朗加9日在印尼首都雅加达举办的印尼中国商会总会成立二十周年庆典上表示,印尼欢迎中国企业在契合印尼国家发展议程的重点领域开展更深层次合作。
艾尔朗加表示,印尼中国商会已发展成为印尼最具影响力的商会之一。“我鼓励印尼中国商会及其成员继续积极发挥作用,促进互利共赢合作,支持印尼实现可持续、包容性的经济增长。愿中印尼合作不断深化,为两国繁荣作出更大贡献。”
艾尔朗加说,欢迎中国企业在高质量基础设施与物流、产业下游化与制造业、清洁和可再生能源、数字经济、粮食安全、医疗保健以及人力资本开发等重点领域投资合作。
中国驻印尼大使王鲁彤在致辞中表示,中印尼同为发展中大国、新兴市场国家和全球南方主要力量,两国关系具有重大战略意义和深远全球影响。
印尼中国商会总会成立于2005年,现有有效会员500多家。印尼国家经济委员会主席卢胡特、人口流动部长伊夫提塔赫、副总检察长纳伦德拉等政府部门代表,以及中印尼有关工商界人士和印尼中国商会总会会员等600余人出席庆典活动。(完)
1、1月9日,在印度尼西亚雅加达,印度尼西亚经济统筹部长艾尔朗加在印尼中国商会总会成立二十周年庆典上致辞。新华社发
2、这是1月9日在印度尼西亚雅加达拍摄的印尼中国商会总会成立二十周年庆典现场。新华社发