Latin America
အမေရိကန်၏ လုပ်ရပ်များက “ပြစ်မှုကျူးလွန်ခြင်းနှင့် ထိန်းမနိုင်သိမ်းမရ ဗိုလ်ကျခြင်း” နှင့် အလားတူကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ဟာဗားနား၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်၏ ခြိမ်းခြောက်မှုပြောကြားချက်များကို တုံ့ပြန်သောအားဖြင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က အမေရိကန်၏ လုပ်ရပ်များသည် “ပြစ်မှုကျူးလွန်ခြင်းနှင့် ထိန်းမနိုင်သိမ်းမရ ဗိုလ်ကျခြင်း” ဖြစ်ရာ ကျူးဘားသာမက အနောက်ကမ္ဘာဘက်ခြမ်း၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီး ကမ္ဘာတစ်ခုလုံးကိုလည်း အန္တရာယ်ဖြစ်စေကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
Rodriguez က ကျူးဘားအစိုးရသည် အမေရိကန်နှင့်မတူဘဲ ကြေးစားတပ်သားများ ခန့်အပ်ခြင်းလုပ်ရပ်များ ဘယ်သောအခါမျှ မရှိခဲ့သလို ခြိမ်းခြောက်ငွေညှစ်ခြင်း သို့မဟုတ် စစ်ရေးနည်းလမ်းသုံး၍ တစ်ပါးနိုင်ငံအပေါ် အတင်းအကျပ်ဖိအားပေးခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြားသောနိုင်ငံများအားလုံးနှင့်အတူ ကျူးဘားနိုင်ငံသည် လောင်စာတင်ပို့ရန်ဆန္ဒရှိသော ဈေးကွက်မှ လောင်စာတင်သွင်းခွင့် အပြည့်အဝရှိပြီး ယင်းဈေးကွက်များမှာ ၎င်းတို့ကိုယ်ပိုင်အခွင့်အရေးဖြင့် ကုန်သွယ်မှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်းဖြစ်ရာ အမေရိကန် တစ်ဖက်သတ် အတင်းအကျပ် အစီအမံများ၏ သက်ရောက်မှုကို ခံရမည်မဟုတ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၁၁ ရက်တွင် ကျူးဘားအပေါ် ထပ်မံ ဖိအားပေးကာ ကျူးဘားအနေဖြင့် “သဘောတူညီမှု” အမြန်ဆုံး မရရှိလျှင် ကျူးဘားနိုင်ငံအတွင်းသို့ “ရေနံ သုည၊ ငွေအရင်းအနှီး သုည” ဖြစ်မည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နှစ်ကာလများတစ်လျှောက် ကျူးဘားသည် ဗင်နီဇွဲလားမှ ထောက်ပံ့သော ရေနံအမြောက်အမြားနှင့် ငွေအရင်းအနှီးများကို အစဉ် မှီခိုအားထားခဲ့ကြောင်း၊ အပြန်အလှန်အဖြစ် ကျူးဘားက ဗင်နီဇွဲလားအား “လုံခြုံရေးဝန်ဆောင်မှု” ပေးအပ်ခဲ့ကြောင်း ထိုနေ့တွင် လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ယင်းသို့သောဆက်ဆံရေးမှာ “အခု အဆုံးသတ်သွားပြီ” ဟု ထရမ့်က ဆိုခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
古巴外长:美国行为如同“罪犯和失控的霸权”
新华社哈瓦那1月11日电(记者蒋彪)针对美国的威胁性言论,古巴外长罗德里格斯11日在社交媒体上发文说,美国的行为如同“罪犯和失控的霸权”,不仅威胁古巴及西半球的和平安全,还危及整个世界。
罗德里格斯说,与美国不同,古巴政府从未有雇佣军行径,不敲诈勒索或使用军事手段胁迫他国。他强调,与所有国家一样,古巴完全有权从愿意出口燃料的市场进口燃料,这些市场行使自身权利发展贸易关系,不受美国单边胁迫措施影响。
美国总统特朗普11日再次对古巴施压,威胁古巴若不尽快“达成协议”,将面临“零石油、零资金”流入古巴的局面。特朗普当天在社交媒体发文称,多年来,古巴一直依赖委内瑞拉提供的大量石油和资金生存。作为回报,古巴为委内瑞拉提供“安全服务”。特朗普声称这种关系“现在已经终结”。(完)
图说:1月3日,在古巴首都哈瓦那,民众参加集会活动谴责美国军事入侵委内瑞拉。新华社发(华金·埃尔南德斯摄)
