North America
ပထဝီနိုင်ငံရေး မရေရာမှုကြောင့် ရွှေ၊ ငွေ ဈေးနှုန်းများ ထပ်မံ စံချိန်တင်မြင့်တက်
နယူးယောက်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ပထဝီနိုင်ငံရေး မရေရာမှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures နှင့် Silver Futures ဈေးနှုန်းများသည် ဇန်နဝါရီ ၁၁ ရက်တွင် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ Gold Futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၆၀၀ အထိ မြင့်တက်ခဲ့သလို Silver Futures ဈေးနှုန်းများသည် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၈၄ ဒေါ်လာအနီးတစ်ဝိုက်တွင် လှုပ်ရှားလျက်ရှိရာ နှစ်မျိုးလုံးမှာ သမိုင်းတွင် စံချိန်သစ်တင်ခဲ့သည်။
အရေးပါသော အန္တရာယ် ရှောင်ရှားရေး ပိုင်ဆိုင်မှုအနေဖြင့် နိုင်ငံတကာ ရွှေဈေးနှုန်းမြင့်တက်လာမှုသည် ပထဝီနိုင်ငံရေးအခြေအနေ၏ သက်ရောက်မှုကို ခံရခြင်းကြောင့် ဖြစ်သည်ဟု ဈေးကွက်သုံးသပ်မှုများက ယူဆသည်။ ထိုမတိုင်မီ ဗင်နီဇွဲလားအပေါ် အမေရိကန် အကြီးစား စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလား သမ္မတ မာဒူရို တို့ ဇနီးမောင်နှံကို အတင်းအဓမ္မ ထိန်းချုပ်ကာ ၎င်းတို့ကို အမေရိကန်သို့ ခေါ်ဆောင်ခဲ့သည်။
လေ့လာသူများက အမေရိကန်အစိုးရ၏ အင်အားသုံးလုပ်ရပ်များသည် နိုင်ငံအသီးသီး၏ “ကန်ဒေါ်လာ ဖယ်ရှားရေး” အရှိန်ကို ပို၍ မြင့်တက်စေမည် ဖြစ်ပြီး နိုင်ငံတကာရွှေဈေးကို အားကောင်းသည့်အထောက်အပံ့ ဖြစ်စေကြောင်း ယူဆကြသည်။
တစ်ချိန်တည်းတွင်ပင် ငွေဈေးကွက် (Silver Market) ထောက်ပံ့မှု စဉ်ဆက်မပြတ် ကျပ်တည်းလာခြင်းကြောင့် နိုင်ငံတကာငွေဈေးနှုန်း(Silver Prices) သည် ထပ်မံ တန်ပြန် မြင့်တက်လာသည်။ လက်ရှိ ငွေ (Silver) ထောက်ပံ့မှု လိုအပ်ချက်က ရေတိုအတွင်း ပြေလျော့စေရန် အလွန်ခက်ခဲကြောင်း သုံးသပ်ချက်များတွင် ဖော်ပြထားသည်။ ထိုသို့ပတ်ဝန်းကျင်အောက်တွင် Silver Futures ဈေးနှုန်းများသည် မြင့်တက်သည့်အရှိန်အဟုန်တွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ရွှေဈေးနှုန်းများ(Gold Prices)သည် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ငွေဈေးနှုန်းများ (Silver Prices) သည် ၁၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ (Xinhua)
————————
(Chinese Version)
地缘政治不确定性拉动黄金白银价格再创新高
新华社纽约1月11日电(记者徐静)受地缘政治高度不确定影响,美国纽约商品交易所黄金和白银期货价格11日上涨,2月黄金期货价格一度突破每盎司4600美元,白银期价一度也在每盎司84美元高位附近波动,均创历史新高。
市场分析认为,作为重要避险资产,国际金价上涨受到地缘政治形势影响。美国政府此前对委内瑞拉发动大规模军事打击,强行控制委总统马杜罗夫妇并将他们带到美国。观察人士认为,美国政府强权行径将加速各国“去美元化”,对国际金价形成较强支撑。
与此同时,由于白银市场供应持续紧张,国际银价再度反弹。分析显示,当前白银供应短缺很难在短期内得到缓解。在这种环境下,市场预期白银价格将继续保持上涨势头。
2025年黄金价格上涨超过60%,白银价格上涨近150%。(完)
图说:2025年2月11日,在浙江省湖州市德清县乾元镇一家金店,店员展示黄金首饰。新华社发(倪立芳摄)
