Connect with us

Africa & Middle East

စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထား၊ အဓိကရုဏ်းများက အမေရိကန်-အစ္စရေး ပူးပေါင်းကြံစည်မှု ဖြစ်ကြောင်း အီရန် သမ္မတ ဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန် လမ်းမထက်တွင် လုပ်ကြံခံရ၍ သေဆုံးခဲ့ရသော အီရန်အဆင့်မြင့် ဗိုလ်ချုပ်ကြီး Qassem Soleimani ရုပ်ပုံရေးဆွဲထားသော ကြေငြာဘုတ်ရှေ့မှ ဖြတ်သွားသော မော်တော်ကားများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီရန်အစိုးရသည် ပြည်သူများ၏ တောင်းဆိုချက်ကို အထူးအလေးထား နားထောင်ကာ အီရန်ပြည်သူများ ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ သို့သော် အီရန်၌ မငြိမ်မသက်မှုများဖန်တီးရန် အမေရိကန်နှင့် အစ္စရေးတို့က “အဓိကရုဏ်းသမားများ” အား လှုံ့ဆော်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်အမျိုးသားရုပ်သံလိုင်း၏ ဇန်နဝါရီ ၁၁ ရက်က ထုတ်လွှင့်သော မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

အီရန်အစိုးရတွင် ဆန္ဒပြပြည်သူများနှင့် ဆွေးနွေးရန် တာဝန်ရှိပြီး ပြည်သူများ၏ တောင်းဆိုချက်နှင့် စိုးရိမ်ပူပန်မှုများကို သိရှိနားလည်ခြင်းဖြင့် အစိုးရက စီးပွားရေးအခက်အခဲများကို ဖြေရှင်းရာတွင် ကူညီပေးရန် ၎င်းကိုယ်တိုင်ပင် ပြည်သူကိုယ်စားလှယ်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။

လတ်တလောတွင် အီရန်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများနှင့် အများပြည်သူအဆောက်အအုံများအား ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များသည် အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းကြံစည်မှုဖြစ်ပြီး တရားခံမှာ “ဆန္ဒပြသူမဟုတ်ဘဲ အဓိကရုဏ်းတွင်ပါဝင်သူ” ဖြစ်ကြောင်း ပါဇက်ရှ်ကီရမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ သွေးချင်းများအားလုံး စည်းလုံးညီညွတ်ကြပြီး ဖျက်ဆီးမှုလုပ်ရပ်များကို အခိုင်အမာ ဖယ်ကြဉ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
မကြာသေးမီရက်က အီရန်တွင် ကုန်ဈေးနှုန်းများမြင့်တက်မှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုတို့ကြောင့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး နေရာအများအပြားတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးသူများ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
伊朗总统:决心解决好经济困难 骚乱是美以阴谋
新华社开罗1月11日电 伊朗总统佩泽希齐扬在伊朗国家电视台11日播出的专访中表示,伊朗政府重视倾听民众诉求,决心解决好伊朗人民面临的经济困难,但不能容许美国和以色列教唆“暴乱者”在伊朗制造动荡。
佩泽希齐扬说,伊朗政府有义务与抗议民众对话,他本人已与部分民众代表进行对话,以了解民众诉求和关切,从而帮助政府解决经济困难。
佩泽希齐扬还说,伊朗近期出现的骚乱和打砸公共设施等行为是美国和以色列的阴谋,肇事者“不是抗议者,而是暴乱者”。他呼吁所有同胞团结起来,坚决抵制破坏行为。
近日,伊朗因物价上涨和货币贬值爆发示威活动,多地发生骚乱,造成人员伤亡。(完)
图说:1月6日,在伊朗首都德黑兰街头,车辆经过一幅绘有伊遇袭身亡的高级将领卡西姆·苏莱曼尼形象的宣传海报。新华社发