North America
အမေရိကန်၏ တစ်ဖက်သတ်လုပ်ရပ်များက နိုင်ငံတကာ စည်းစနစ်အပေါ် ပြင်းထန်သော စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း ဆီနီဂေါမီဒီယာ ဖော်ပြ
ဒတ်ကာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအရေးတွင် အမေရိကန်၏ တစ်ဖက်သတ်ဝါဒ ဦးတည်မှုက လက်ရှိ နိုင်ငံတကာ စည်းစနစ်အပေါ် ပြင်းထန်သော စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ဆီနီဂေါသံအမတ်ဟောင်း၊ နိုင်ငံရေးသုံးသပ်သူ Haji Amadou Niang က ဆီနီဂေါ SenePlus သတင်းဝက်ဘ်ဆိုက်၏ မကြာသေးမီရက်က ထုတ်ဝေခဲ့သော သုံးသပ်ချက်ဆောင်းပါး၌ ထောက်ပြခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ခွင့်ပြုချက် မရှိသော၊ တရားဝင် ခုခံကာကွယ်သည့်အခြေအနေနှင့် ကိုက်ညီမှု မရှိသော မည်သည့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုမဆိုသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” က အတည်ပြုသတ်မှတ်ထားသော အခြေခံမူများကို ချိုးဖောက်ကြောင်း၊ အကယ်၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းဥပဒေဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၌ ရာထူးတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံအကြီးအကဲအပေါ် အတင်းအကျပ်အစီအမံများ လုပ်ဆောင်ခွင့်ပြုပါက နိုင်ငံအကြီးအကဲများတွင် ကင်းလွတ်ခွင့်ရှိသည်ဟူသော ဤနိုင်ငံတကာဥပဒေတစ်ရပ်၏ အခြေခံမူကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် မရေမရာမှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်သည် ပြည်တွင်းဥပဒေ ဦးစားပေးမှုအား အလေးထား ပြောကြားခြင်းဖြင့် အချို့သော နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် “စည်းမျဉ်းများ အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်ကို ပြန်လည်ဖွဲ့စည်းရန်” ကြိုးပမ်းခဲ့ရာ ဤလုပ်ရပ်သည် တည်ဆဲ နိုင်ငံတကာစီမံခန့်ခွဲရေးစနစ်အပေါ် နက်ရှိုင်းသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားသည်။
မတူညီသော အချုပ်အခြာအာဏာဆိုင်ရာ အကြောင်းအရာများတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှုသည် သိသာထင်ရှားသော ခြားနားချက်များရှိကြောင်း၊ ယင်းမတိုင်မီ အမေရိကန်က ဥရောပအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ဂရင်းလန်အား “ဝယ်ယူမည်” ဟူသော စိတ်ကူးကို အဆိုပြုခဲ့စဉ်တွင် ဥရောပနိုင်ငံများသည် အချုပ်အခြာအာဏာကို ထိပါးမရဟူသော အခြေခံမူကို တစ်ပြေးညီ ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊ သို့သော် ဗင်နီဇွဲလားနိုင်ငံအရေးတွင်ပင် ဗင်နီဇွဲလားနိုင်ငံအချုပ်အခြာအာဏာ၊ နိုင်ငံတကာဥပဒေနှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီး၏ ထုတ်ဖော်ပြောကြားမှုမှာ တစ်သားတည်းမရှိကြောင်း၊ ဤသို့သော ခြားနားမှုများကြောင့် ပြင်ပအနေဖြင့် နိုင်ငံတကာဥပဒေအသုံးချမှု၏ တစ်သမတ်တည်းရှိမှုအပေါ် သံသယများ အမှန်တကယ်ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။
ကာလရှည်ကြာစွာ အာဖရိကနိုင်ငံများအပါအဝင် တတိယကမ္ဘာ့နိုင်ငံများစွာ၏အမြင်တွင် နိုင်ငံတကာဥပဒေသည် ၎င်းတို့၏ အချုပ်အခြာအာဏာအား ပြင်ပဝင်ရောက်စွက်ဖက်မှုမှ ကာကွယ်ရန်အတွက် အရေးကြီးသော အာမခံချက်တစ်ခု အမြဲဖြစ်ခဲ့ကြောင်း၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ရွေးချယ်မှုဖြင့် အသုံးပြုကြသည်နှင့် အချုပ်အခြာအာဏာ အခြေခံမူ၏ တည်ငြိမ်မှုမှာ လျော့နည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ နိုင်ငံတကာစည်းစနစ်အပေါ် ယုံကြည်မှုမှာလည်း လိုက်၍ ကျဆင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို တစ်သားတည်း လိုက်နာဆောင်ရွက်မှသာလျှင် နိုင်ငံတကာဥပဒေက နိုင်ငံတကာစည်းစနစ်၏ အခြေခံအုတ်မြစ်ဟူသော အခန်းကဏ္ဍမှ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်မည်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)
……………………………..
(Chinese Version)
全球瞭望|塞内加尔媒体:美国单边行径对国际秩序构成严峻挑战
新华社达喀尔1月11日电(记者陈晨)塞内加尔SenePlus新闻网站日前刊发该国前驻英国大使、政治评论家哈吉·阿马杜·尼昂的评论文章,指出美国在委内瑞拉问题上的单边主义倾向,正对现行国际秩序构成严峻挑战。文章摘要如下:
任何未经联合国安理会授权、且不符合正当防卫条件的军事干预,均违反《联合国宪章》所确立的基本原则。若允许一国依据国内法,对另一国在任国家元首采取强制措施,将直接冲击国家元首拥有豁免权这一国际法基本原则,进而加剧国际关系的不确定性。
美国借强调国内法优先之名,试图在部分国际事务中“重构规则解释权”,这一做法正对现有国际治理体系构成深远冲击。
国际社会在不同主权议题上的反应存在明显反差。此前美国提出“购买”格陵兰岛这一涉及欧洲利益的设想时,欧洲国家迅速一致重申主权不可侵犯原则;而在委内瑞拉问题上,各国围绕委主权和国际法的表态则不一。这种反差客观上引发外界对国际法适用一致性的质疑。
长期以来,在包括非洲国家在内的广大第三世界看来,国际法一直是捍卫自身主权免受外来干预的重要保障。一旦国际规则被选择性适用,主权原则的稳定性将被削弱,相关国家对国际秩序的信任度也会随之下降。只有国际规则得到各国一致遵守,国际法才能持续发挥国际秩序基石的作用。(完)
图说:2025年3月29日,在丹麦首都哥本哈根,民众聚集在美国驻丹麦使馆门前进行抗议。新华社发(刘智超摄)
