Connect with us

North America

၂၀၂၅ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်သောဗီဇာ ၁၀၀,၀၀၀ ကျော်ကို အမေရိကန် ရုပ်သိမ်းခဲ့

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ရဲတပ်ဖွဲ့၏ အကြမ်းဖက်တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မှုကို ပြည်သူများ ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်သောဗီဇာ ၁၀၀,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းအနက် ကျောင်းသားဗီဇာ ၈,၀၀၀ ခန့်နှင့် နည်းပညာလုပ်သားဗီဇာ ၂,၅၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဗီဇာရုပ်သိမ်းခံရသော ကျောင်းသားများနှင့် နည်းပညာလုပ်သားများအားလုံးသည် ဥပဒေစိုးမိုးရေးဌာနများတွင် ပြစ်မှုမှတ်တမ်းများရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အမေရိကန် ဘေးကင်းလုံခြုံရေးအား သေချာစေရန်အတွက် ဤအကြမ်းဖက်များကို ဆက်လက်နှင်ထုတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် စုစုပေါင်း ဗီဇာ ၄၀,၀၀၀ ခန့် ရုပ်သိမ်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ရုပ်သိမ်းခံရသော ဗီဇာအရေအတွက်မှာ ၂၀၂၄ ခုနှစ်၏ နှစ်ဆကျော်ဖြစ်ကြောင်း Fox News ချန်နယ်၏ သတင်းဖော်ပြမှုအရ သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း ဗီဇာရုပ်သိမ်းခံရသော လူအများစုမှာ စီးပွားရေးဗီဇာနှင့် အလည်အပတ်ဗီဇာဖြင့် သက်တမ်းကျော်လွန်နေထိုင်ကြခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အရက်သောက်၍ ယာဉ်မောင်းနှင်ခြင်း၊ တိုက်ခိုက်မှု၊ ခိုးယူမှုစသည့် ပြစ်မှုများကြောင့် လူအများအပြား ဗီဇာရုပ်သိမ်းခံရသည်။

၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထရမ့်အစိုးရက သက်တမ်းရှိသော အမေရိကန်ဗီဇာ ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများအားလုံးအပေါ် စိစစ်ပြီး စည်းကမ်းချိုးဖောက်မှုတစ်စုံတစ်ရာတွေ့ရှိပါက ဗီဇာရုပ်သိမ်းခြင်း သို့မဟုတ် ပြည်နှင်ခြင်းစသည့် အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

……………….
(Chinese Version)
美国2025年吊销超10万份非移民签证
新华社华盛顿1月12日电 美国国务院12日说,2025年美国吊销超过10万份非移民签证,其中包括约8000份学生签证和2500份技术人员签证。
美国国务院当天在社交媒体上发文说,被吊销签证的学生和技术人员都曾在执法部门有犯罪记录。美国务院称,将继续“驱逐这些暴徒,以保障美国的安全”。
据福克斯新闻台报道,2024年,美国共吊销约4万份签证,特朗普政府2025年吊销的签证数量是2024年的两倍多。2025年被吊销签证的大多数人是因为商务签证和旅游签证逾期滞留。此外,许多人因酒后驾车、袭击、盗窃等罪名而被吊销签证。
2025年8月,特朗普政府宣布对所有持有效美国签证的外国人展开审查,一旦查出存在违规行为,将采取吊销签证或驱逐出境措施。(完)
图说:1月11日,在美国首都华盛顿,民众抗议移民与海关执法局暴力执法。新华社发(李源清摄)