Asia
အောက်လွှတ်တော်အား ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲ ကြိုတင်ကျင်းပရန် ဆန္ဒရှိကြောင်း ဆာနာအဲ တာကာအိချိ ထုတ်ဖော်ပြောကြား
တိုကျို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ဂျပန် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဇန်နဝါရီ ၂၃ ရက် လွှတ်တော်ဖွင့်ပွဲနေ့တွင် အောက်လွှတ်တော်အား ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲကို ကြိုတင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် မကြာမီတွင် တရားဝင် လူသိရှင်ကြား ကြေညာမည်ဟု ခန့်မှန်းရကြောင်း Kyodo သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အကယ်၍ အောက်လွှတ်တော်အား ဇန်နဝါရီ ၂၃ ရက်တွင် ဖျက်သိမ်းပါက ရွေးကောက်ပွဲအစီအစဉ်မှာ နှစ်မျိုးရှိနိုင်ကြောင်း၊ ပထမတစ်မျိုးမှာ ဇန်နဝါရီ ၂၇ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ဆန္ဒမဲပေးမှုနှင့် မဲရေတွက်မှု ပြုလုပ်ခြင်း၊ ဒုတိယတစ်မျိုးမှာ ဖေဖော်ဝါရီ ၃ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆန္ဒမဲပေးမှုနှင့် မဲရေတွက်မှု ပြုလုပ်ခြင်းတို့ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
မီဒီယာအများအပြား ပြုလုပ်ခဲ့သော စစ်တမ်းများတွင် တာကာအိချိအစိုးရအဖွဲ့၏ လတ်တလော ထောက်ခံအားပေးမှုအနေအထားမှာ မြင့်မားလျက်ဖြစ်ကြောင်း၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း အောက်လွှတ်တော်ကို ဆောလျင်စွာဖျက်သိမ်းရန်နှင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် တောင်းဆိုသံများ မြင့်တက်လာခဲ့ရာ တာကာအိချိအား ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် တွန်းအားပေးခဲ့ကြောင်း Kyodo သတင်းဌာနက ထောက်ပြခဲ့သည်။
တာကာအိချိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာချိန်မှစ၍ ကုန်ဈေးနှုန်းမြင့်မားခြင်းစသည့် ပြည်သူ့လူနေမှုဘဝဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းသွားမည်ဟု အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။ သို့သော် အကယ်၍ ဇန်နဝါရီလကုန်တွင် အောက်လွှတ်တော် ဖျက်သိမ်းပါက ၂၀၂၆ ခုနှစ် ဘတ်ဂျက် အတည်ပြုခြင်း ကာလကို ဧပြီလနောက်ပိုင်းအထိ ရွှေ့ဆိုင်းဖွယ်ရှိပြီး အစိုးရအနေဖြင့် ဘဏ္ဍာရေးလည်ပတ်မှု ထိန်းသိမ်းထားရန်အတွက် ယာယီဘတ်ဂျက်တစ်ခု ရေးဆွဲရန် လိုအပ်နိုင်ပြီး ယင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် ပိုမိုကြီးမားသော သက်ရောက်မှုများ မလွဲမသွေရှိလိမ့်မည်ဟု ဂျပန်မီဒီယာအများအပြားက ထောက်ပြခဲ့သည်။ ဤဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်းပိုင်းနှင့် အတိုက်အခံပါတီတို့၏ တာကာအိချိအပေါ် ဝေဖန်သံများမှာ အဆက်မပြတ်ရှိခဲ့ပြီး ၎င်းသည် ၎င်း၏ ကတိကဝတ်များနှင့်သွေဖယ်ခဲ့ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အကျိုးစီးပွားကို ပြည်သူများ၏အကျိုးစီးပွားထက် ဦးစားပေးသွားမည်ဟု ယူဆကြသည်။ (Xinhua)
………………….
(Chinese Version)
高市早苗表达将解散众议院提前大选的意向
新华社东京1月13日电(记者李子越 陈泽安)据日本共同社13日报道,日本首相高市早苗已决定在23日国会开幕日解散众议院、提前举行大选。预计她将于近日正式对外宣布。
报道称,若众议院于1月23日解散,选举日程可能有两种方案:一是在1月27日发布选举公告、2月8日投票计票;二是在2月3日发布选举公告、2月15日投票计票。
共同社分析指出,近期高市内阁支持率在多家媒体民调中保持高位,自民党内要求尽早解散众议院、举行大选的声音增加,推动高市作此决定。
高市就任首相以来,曾多次强调将应对高物价等民生问题置于优先位置。而多家日本媒体指出,若在1月底解散众议院,2026年度预算案的通过时间很可能被迫推迟至4月以后,政府或需编制临时预算以维持财政运转,势必对国民生活造成较大影响。对于这一决定,自民党内部及在野党对高市批评声不断,认为她违背了个人承诺,将自民党利益放在了国民利益之前。(完)
图说:2025年10月21日,在日本东京,自民党总裁高市早苗(前排右二)在临时国会众议院首相指名选举现场阅读文件。新华社记者 贾浩成 摄
