Europe
အမေရိကန်က စစ်ရေးနည်းလမ်းဖြင့် ဂရင်းလန်းကို လုယူမည်ဆိုလျှင် NATO အဖွဲ့လမ်းဆုံးသွားပြီဟု ဥရောပသမဂ္ဂ အရာရှိတစ်ဦး ပြောကြား
ဟယ်လ်ဆင်ကီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ဒိန်းမတ်က တောင်းဆိုမည်ဆိုလျှင် ဥရောပသမဂ္ဂအနေဖြင့် ဂရင်းလန်းကျွန်းအတွက် လုံခြုံရေးပံ့ပိုးပေးမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ အကြီးတန်းကာကွယ်ရေးအရာရှိ Andrius Kubilius က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်က စစ်ရေးနည်းလမ်းဖြင့် ဂရင်းလန်းကို လုယူမည်ဆိုလျှင် ယင်းမှာ NATO အဖွဲ့ လမ်းဆုံးသွားပြီဟု ဆိုလိုကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
ယင်းနေ့တွင် Andrius Kubilius က ၎င်းအနေဖြင့် အကယ်၍ အမေရိကန်က လက်နက်အင်အားဖြင့် ဂရင်းလန်းကျွန်းကို လုယူမည်ဆိုလျှင် NATO အတွက် “အသက်အန္တရာယ်ရှိသည့် ထိုးနှက်ချက်” ဖြစ်လာမည် ဖြစ်ပြီး အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်ဟူသော ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen ၏ ထိုမတိုင်မီပြောကြားသည့်အမြင်ကို သဘောတူကြောင်း ဆွီဒင်နိုင်ငံ Sälen ၌ ကျင်းပသော လုံခြုံရေးမူဝါဒဆိုင်ရာ အစည်းအဝေးတစ်ခုအား တက်ရောက်စဉ်တွင် မီဒီယာများအား ပြောကြားခဲ့သည်။
ဤကဲ့သို့ လုပ်ဆောင်မှုက ဥရောပတိုက်ပြည်သူလူထုကြားတွင် “အလွန် အနုတ်လက္ခဏာဆောင်” သည့် တုံ့ပြန်မှု ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံသည် လက်နက်ဖြင့် ကျူးကျော်ခံရပါက အခြားအဖွဲ့ဝင်နိုင်ငံများတွင် ကူညီပံ့ပိုးပေးရန် တာဝန်ဝတ္တရားရှိသည်ဟု ဥရောပသမဂ္ဂ၏ သက်ဆိုင်ရာစာချုပ်များတွင် သတ်မှတ်ထားကြောင်း Andrius Kubilius က ပြောကြားခဲ့သည်။ ဒိန်းမတ်က တောင်းဆိုမည်ဆိုလျှင် ဂရင်းလန်းကျွန်းအတွက် ဥရောပသမဂ္ဂအနေဖြင့် စစ်တပ်စေလွှတ်ခြင်း၊ စစ်သင်္ဘောဖြန့်ကြက်ခြင်း၊ ဒရုန်းတိုက်ဖျက်ရေးစွမ်းရည် တည်ဆောက်မှုမြှင့်တင်ခြင်း စသည်တို့ အပါအဝင် လုံခြုံရေးပံ့ပိုးမှုများ အားဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒိန်းမတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် NATO အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ ဂရင်းလန်းကျွန်းအရေး ဆွေးနွေးမှုများကို ယခုသီတင်းပတ်တွင် ဆောင်ရွက်သွားရန် ဒိန်းမတ်နှင့် အမေရိကန်က စီစဉ်ထားကြောင်း သတင်းများအရ သိရသည်။ ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်ဘက်က ယင်းကျွန်းကို “ရောင်းချမည် မဟုတ်ကြောင်း” အကြိမ်ပေါင်းများစွာ အလေးထားပြောကြားခဲ့သော်လည်း အမေရိကန် သမ္မတ ထရမ့်ကမူ အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို မဖြစ်မနေ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လက်နက်အင်အားသုံးနိုင်ခြေကို မဖယ်ရှားထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
欧盟官员:若美国以军事手段夺取格陵兰 北约将“走向终结”
新华社赫尔辛基1月12日电(记者朱昊晨 徐谦)斯德哥尔摩消息:欧盟负责防务的高级官员库比柳斯12日表示,如丹麦提出请求,欧盟可为格陵兰岛提供安全支持,并警告称,若美国以军事手段夺取格陵兰岛,将意味着北约“走向终结”。
当天,库比柳斯在瑞典赛伦参加一场安全政策会议时对媒体表示,他认同丹麦首相弗雷泽里克森此前所表达的观点,即若美国以武力方式夺取格陵兰岛将对北约造成“致命打击”,并严重损害跨大西洋关系。他说,这种举动会在欧洲民众中引发“非常负面”的反应。
库比柳斯说,欧盟相关条约规定,若成员国遭武装侵略,其他成员国有义务提供援助。他说,如丹麦提出请求,欧盟将加强对格陵兰岛的安全支持,包括派遣部队、部署军舰、增强反无人机能力建设等。
丹麦与美国均为北约成员国。据报道,丹美双方计划于本周就格陵兰岛问题举行会谈。格陵兰岛和丹麦方面多次强调该岛“不出售”,而美国总统特朗普则扬言美国必须“拥有”格陵兰岛,并且不排除动用武力的可能性。(完)
1. 这是2025年3月21日拍摄的丹麦自治领地格陵兰岛纳尔萨克镇的码头(无人机照片)。新华社记者彭子洋摄
