Connect with us

North America

ထရမ့်က ဂရင်းလန်းကျွန်းအား သိမ်းပိုက်ပြီး “ပြည်နယ်တည်ဆောက်ခြင်း” ခွင့်ပြုရန် အဆိုပြုချက်အား အမေရိကန် အောက်လွှတ်တော်အမတ်တစ်ဦး တင်သွင်း

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ရှုခင်းကို ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး လိုအပ်သည့်အစီအမံအားလုံး လုပ်ဆောင်ရန် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ခွင့်ပြုပေးရန်နှင့် အဆိုပါကျွန်းသည် နောက်ဆုံးတွင် “အမေရိကန်၏ ပြည်နယ်တစ်ခု တရားဝင်ဖြစ်လာရန်” ရည်ရွယ်၍ အမေရိကန် ဖလော်ရီဒါပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ် Randy Fine က ဇန်နဝါရီ ၁၂ ရက်တွင် ဥပဒေကြမ်းအဆိုပြုချက်တစ်ရပ် တင်သွင်းခဲ့သည်။
အဆိုပြုချက်သည် “အာတိတ်ဒေသရှိ အမေရိကန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ အကျိုးစီးပွားကို အာမခံပေးရန် ရည်ရွယ်ခြင်း” ဖြစ်ကြောင်း၊ “ဂရင်းလန်းကျွန်းက ကျွန်တော်တို့လျစ်လျူရှုထားလို့ရတဲ့ ဝေးလံတဲ့ စခန်းတစ်ခုမဟုတ်ပါဘူး။ သူက အလွန်အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးပိုင်ဆိုင်မှုဖြစ်ပါတယ်… ဂရင်းလန်းကျွန်းကို ထိန်းချုပ်လိုက်တဲ့သူက အာတိတ်ဒေသရဲ့ အဓိကရေကြောင်းလမ်းနဲ့ အမေရိကန်ကို ကာကွယ်ပေးတဲ့ လုံခြုံရေးဖွဲ့စည်းပုံကို ထိန်းချုပ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု Randy Fine က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ “ဂရင်းလန်းကျွန်းအား သိမ်းပိုက်၍ ပြည်နယ်ထူထောင်ခြင်း ဥပဒေကြမ်း” ဟုအမည်ရသည့် ဥပဒေကြမ်း အဆိုပြုချက်တွင် ဂရင်းလန်းကျွန်းက အမေရိကန်၏ နယ်မြေပိုင်နက် ဖြစ်လာစေရန်အတွက် သမ္မတအနေဖြင့် ဒိန်းမတ်နှင့် ညှိနှိုင်းဆွေးနွေးကာ သဘောတူညီချက် ရရှိခြင်း အပါအဝင် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်ရန် ခွင့်ပြုသွားမည်ဖြစ်သည်။ ဥပဒေကြမ်းတွင် အမေရိကန်အစိုးရက ဂရင်းလန်းကျွန်းကို သိမ်းပိုက်ပြီးနောက် လွှတ်တော်၏ ခွင့်ပြုချက် လျင်မြန်စွာ ရရှိရန်အတွက် “ပြည်နယ်ထူထောင်ရေး” အတွက် လိုအပ်သည့် အစီအမံအားလုံးကို လွှတ်တော်ထံ အစီရင်ခံတင်ပြရန်လည်း တောင်းဆိုထားသည်။
ဥပဒေကြမ်းကို လွှတ်တော်သက်ဆိုင်ရာကော်မတီမှ စိစစ်ရန် တင်ပြပြီးဖြစ်ကြောင်းလည်း Randy Fine က ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီး အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။

အမေရိကန်သည် လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အဓိက စစ်တပ်အခြေစိုက်စခန်း တစ်ခုရှိသည်။ အမေရိကန် သမ္မတ ထရမ့်သည် ၂၀၂၅ နှစ်တွင် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် လက်နက်အင်အား အသုံးပြုမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
美国一众议员提案授权特朗普吞并格陵兰岛并“建州”
新华社华盛顿1月12日电 美国佛罗里达州共和党籍众议员兰迪·法恩12日提出一项法案,旨在授权总统特朗普采取一切必要措施吞并格陵兰岛,并最终使其“正式成为美国的一个州”。
法恩在一份声明中声称,提案“旨在确保美国在北极的国家安全战略利益”。“格陵兰岛并非我们可以忽视的遥远前哨——它是至关重要的国家安全资产……谁控制了格陵兰岛,谁就控制了北极关键航道和保护美国的安全架构。”
该法案名为《格陵兰岛吞并和建州法案》,授权总统采取一切必要措施,包括与丹麦谈判达成协议,使格陵兰岛成为美国领土。法案还要求政府吞并格陵兰岛后,向国会报告“建州”所需的任何措施以加快国会批准。
法恩称,法案已提交国会相关委员会审议。
格陵兰岛位于北美洲东北方,是世界第一大岛,也是丹麦自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛设有一处军事基地。特朗普2025年上任以来多次扬言要得到格陵兰岛,并声称不排除动用武力的可能性。(完)
图说:这是2025年3月20日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者赵丁喆摄