International Organizations
ဘက်အသီးသီးအနေဖြင့် အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် အခြေအနေများ စုဆောင်းဖန်တီးပေးရန် တရုတ်နိုင်ငံ တိုက်တွန်း
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဇန်နဝါရီ ၁၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေးစိစစ်မှုအတွင်း ပါဝင်ဆွေးနွေးရာ၌ ဘက်အသီးသီးအနေဖြင့် အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် အခြေအနေများ စုဆောင်းဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။
ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ၎င်းက ယူကရိန်းအကျပ်အတည်းသည် လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် ယူကရိန်းအရေးသည် ညှိနှိုင်းမှုဖြင့် ကိုင်တွယ်ဖြေရှင်းသော အဓိကအဆင့်သို့ ရောက်ရှိနေပြီး အကျိုးစီးပွားနှင့် သက်ဆိုင်မှုရှိသော အဓိကဘက်အသီးသီးက ငြိမ်းချမ်းရေးအဆိုပြုချက်များနှင့် ဖြေရှင်းမှုနည်းလမ်းအချို့ကို အဆက်မပြတ် တင်ပြခဲ့ကြကြောင်း၊ စိတ်မကောင်းဖြစ်ရသည်မှာ မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးအလင်းတန်းမှာ အမှောင်ရိပ် အကြိမ်ကြိမ်ဖုံးလွှမ်းခံခဲ့ရကာ ရှေ့လျှောက်လမ်းသည် ခက်ခဲကြမ်းတမ်းလျက် ရှိနေကြောင်း ပြောကြားခဲ့သည်။
ပထမအနေဖြင့် စစ်ပွဲမဟုတ်ဘဲ ငြိမ်းချမ်းရေး ရယူရမည်ဖြစ်ကြောင်း၊ ရုရှားနှင့်ယူကရိန်းသည် ရွှေ့ပြောင်းမရသော အိမ်နီးချင်းများဖြစ်ပြီး နှစ်နိုင်ငံ သဟဇာတဖြစ်စွာနေထိုင်ခြင်းသည် ဘက်အသီးသီး၏ ဘုံမျှော်မှန်းချက်ဖြစ်သလို တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုလည်းဖြစ်ကြောင်း၊ စစ်ပွဲ ဆက်လက်ကြန့်ကြာသွားပါက ပိုမိုများပြားသော အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးစေမည်သာဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းတင်းမာမှုများကိုလည်း ပိုမိုဆိုးရွားစေမည်သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “စစ်ပွဲပြင်ပသို့ မယိုလျှံရေး၊ စစ်မက်အရှိန်အဟုန် မြင့်တက်မလာရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” အခြေခံမူ ၃ ရပ်ကို ဘက်ဆိုင်ရာ ဘက်အသီးသီးက အခိုင်အမာ လိုက်နာဆောင်ရွက်ပြီး အခြေအနေဖြေလျှော့စေရန် တွန်းအားပေးဆောင်ရွက်ကာ အရပ်သားပြည်သူများနှင့် အရပ်ဘက်အဆောက်အဦးများအား ကာကွယ်ရန်၊ အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် အခြေအနေများ စုဆောင်းဖန်တီးပေးရန်၊ ငြိမ်းချမ်းရေး ဆောလျင်စွာ ဖော်ဆောင်ရေးအတွက် မျှော်လင့်ချက်များ ရယူရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများမဟုတ်ဘဲ အပြန်အလှန်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ လက်ရှိ အသစ်အကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှု အရှိန်အဟုန်မှာ ခက်ခက်ခဲခဲရရှိခြင်းဖြစ်ရာ ဘက်အသီးသီးအနေဖြင့် တန်ဖိုးထားသင့်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် စိတ်တူကိုယ်တူ လုပ်ဆောင်ကာ သဘောတူညီချက်များ စဉ်ဆက်မပြတ် စုဆောင်းရန်၊ အပြန်အလှန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အလေးထား၍ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ ဘက်စုံ ရေရှည်တည်တံ့၍ ထိန်းချုပ်နိုင်စွမ်းရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ဆောလျင်စွာ ရရှိပြီး ဆန့်ကျင်ဘက်၊ ပဋိပက္ခများ၏အခြေအမြစ်ကို ဖယ်ရှားရန်၊ မျှတညီသော၊ ထိရောက်မှုရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော ဥရောပလုံခြုံရေးမူဘောင်ကို ဖွဲ့စည်းတည်ဆောက်ကာ ဥရောပတွင် တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် ခွဲထွက်မှုမလုပ်ဘဲ စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငြိမ်းချမ်းရေးရည်မှန်းချက် ဆောလျင်စွာ ဖော်ဆောင်နိုင်ရေး ကူညီပေးရန် ပိုမိုများပြားသည့် ဓမ္မဓိဋ္ဌာန်ကျသော၊ ဟန်ချက်ညီသော၊ ကျိုးကြောင်းဆီလျော်သော အသံများ ထုတ်ဖော်ပြောကြားရမည်ဖြစ်ကြောင်း၊ အကျပ်အတည်းသက်ရောက်မှုများသည် ပြင်ပသို့ စဉ်ဆက်မပြတ် ယိုလျှံလျက်ရှိသောကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အကျပ်အတည်းကို အကြောင်းပြချက်အဖြစ် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့မှုများ အလွဲသုံးစား ချမှတ်ပြီး ပုံမှန် ကုန်သွယ်စီးပွားရေး ဖလှယ်မှုများကို ဖိနှိပ်သည့် မည်သည့်တစ်ဖက်ကိုမဆို ဆန့်ကျင်ပြီး အခွင့်ကောင်းယူကာ ကမ္ဘာကြီးကို ပိုင်းခြားသည့်၊ တံခါးပိတ်၍ အခြားသူအား ဖယ်ကြဉ်မှု ပြုလုပ်သည့် အုပ်စုအမျိုးမျိုးကို ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှာ အလွန်တိကျပြတ်သားပြီး တစ်သမတ်တည်းရှိကြောင်း၊ တရုတ်နိုင်ငံသည် အစဉ်အမြဲပင် ငြိမ်းချမ်းရေးဆွေးနွေးရန်၊ အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရန် မြှင့်တင်ပေးပြီး ငြိမ်းချမ်းရေးအတွက် အခြေအနေများ ဖန်တီးပေးရန်၊ သဘောတူညီမှုများ စုစည်းပေးရန် ခိုင်မာစွာ အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်းများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အကျိုးပြုသည့် ကြိုးပမ်းမှုအားလုံးကို စိတ်ရင်းအမှန်ဖြင့် ကြိုဆိုကြောင်း၊ အခြားသော ဘက်အသီးသီးနှင့်အတူ အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရေးအား တွန်းအားပေးရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
中方敦促各方为政治解决乌克兰危机积累条件
新华社联合国1月12日电 中国常驻联合国副代表孙磊12日在安理会审议乌克兰问题时发言,敦促各方为政治解决危机积累条件。
他说,乌克兰危机延宕已接近4年。当前,乌克兰问题进入谈判解决的关键阶段,各重要利益攸关方相继提出一些和平设想和方案。遗憾的是,地面战事仍在持续,一次次给和平曙光蒙上阴影,前进之路依然崎岖坎坷。
第一,要和平,不要战争。俄乌是搬不走的邻居,实现两国和睦相处是各方共同期盼,也是唯一正确选择。战争继续延宕下去,只会带来更多无辜伤亡,只会加剧国际和地区局势紧张。中方呼吁有关各方遵守“战场不外溢、战事不升级、各方不拱火”三原则,推动局势降温,保护平民及民用设施,为政治解决危机积累条件,为早日实现和平争取希望。
第二,要对话,不要对抗。当前新一轮和谈势头来之不易,值得各方珍惜。中方呼吁当事方相向而行,持续积累共识,重视并妥善解决彼此安全关切,尽早达成全面、持久、有约束力的和平协议,消除矛盾冲突的根源,构建均衡、有效、可持续的欧洲安全架构,实现欧洲长治久安。
第三,要团结,不要分裂。国际社会要发出更多客观、平衡、理性的声音,帮助早日实现和平愿景。危机影响持续外溢,已对全球经济造成严重冲击。中方反对任何一方以危机为由滥施非法单边制裁、打压正常经贸往来,反对借机割裂世界、制造封闭排他的各种集团。
他说,中方在乌克兰问题上的立场非常明确、一以贯之。中方始终坚持劝和促谈、推动危机政治解决,坚持不懈为和平创造条件、汇聚共识。中方真诚欢迎一切有利于和平解决危机的努力,将同其他各方一道,继续为推动危机政治解决发挥建设性作用。(完)
图说:2025年12月29日,在位于纽约的联合国总部,联合国安理会召开索马里问题紧急公开会。新华社记者 张凤国 摄
