Connect with us

Latin America

ဗင်နီဇွဲလား ယာယီသမ္မတက နိုင်ငံတစ်ဝန်းပြည်သူများ စည်းလုံးညီညွတ်မှု မြှင့်တင်ရန် တိုက်တွန်း

ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားတွင် ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် တက်ရောက်လာသော Delcy Rodríguez ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - Presidency of Venezuela/Handout via Xinhua)

ကရာကတ်စ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez က ဇန်နဝါရီ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ နိုင်ငံတစ်ဝန်း ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက်ရှေ့ဆက်ရန်၊ စီးပွားရေးတည်ငြိမ်မှု၊ လူမှုအဖွဲ့အစည်း တရားမျှတမှု၊ ပြည်သူလူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုများကို အတူတကွကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။

Delcy Rodríguez က ထိုနေ့တွင် လူမှုမီဒီယာပလက်ဖောင်း “Telegram” ၌ ပို့စ်တင်၍ ဗင်နီဇွဲလားပြည်သူများသည် ခိုင်မြဲသော၊ တည်ငြိမ်သောနှင့် သန္နိဋ္ဌာန်ချမှုတို့ဖြင့် အစုအဖွဲ့ဖြင့်တုံ့ပြန်ကာ ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း၊ သမ္မတ မာဒူရိုနှင့် ၎င်း၏ဇနီးတို့အား ပြန်လွှတ်ပေးရေးအတွက် ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းစနစ်ကိုလည်း ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း ထောက်‌ပြပြောကြားခဲ့သည်။ နိုင်ငံတော်က အကျပ်အတည်းထဲ ကျရောက်နေသည့် အချိန်အခါတွင် အမျိုးသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်၏ ကြီးမားတောင့်တင်းသော အင်အားဖြစ်သည်ကို ဗင်နီဇွဲလားပြည်သူများက ထပ်မံ သက်သေပြလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez က ဇန်နဝါရီ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဗင်နီဇွဲလားနိုင်ငံ၏ ဘိုလီဗားနီးယန်း အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ (FANB) အနေဖြင့် စည်းလုံးညီညွတ်ရန်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လက်ရှိကြံစည်မှုများသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုကြောင်း၊ FANB အနေဖြင့် Delcy Rodríguez ၏ စည်းလုံးညီညွတ်မှု မြှင့်တင်ရန် တိုက်တွန်းမှုကို ထောက်ခံအားပေးသည့်အပြင် လိုက်နာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် Delcy Rodríguez က ဇန်နဝါရီ ၁၂ ရက်တွင် မြို့တော်ကရာကတ်စ်၌ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ဆွစ်ဇာလန် သံတမန်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဗင်နီဇွဲလား သမ္မတရုံး သတင်းဌာနက ထိုနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ထိုသို့‌တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်ဘက်က အကြီးစား စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခြင်း၊ မာဒူရိုနှင့် ဇနီးအား အတင်းအဓမ္မထိန်းချုပ်၍ ၎င်းတို့အား အမေရိကန်သို့ ခေါ်ဆောင်သွားခြင်း ကိစ္စရပ်များကို Delcy Rodríguez က အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန်ဘက်၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေအား ပြင်းထန်စွာ ချိုးဖောက်နေကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ လူငယ်များစီတန်းလှည့်လည်မှုအတွင်း ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
委内瑞拉代总统呼吁全国人民加强团结
新华社加拉加斯1月12日电 委内瑞拉代总统德尔西·罗德里格斯12日在社交媒体发文,呼吁全国人民在团结中继续前行,共同维护经济稳定、社会公正、民生福利。
罗德里格斯当天在社交媒体平台“电报”发文指出,委内瑞拉人民以坚定、冷静和决心作出集体回应,致力于维护和平,为释放总统马杜罗及其妻子发声,并捍卫宪法秩序。她说,在国家处境艰难之际,委内瑞拉人民再次证明,民族团结是国家的强大力量。
委内瑞拉国防部长洛佩斯12日在社交媒体发文呼吁玻利瓦尔国民武装部队保持团结与冷静。他表示,当前阴谋无助于和平,玻利瓦尔国民武装部队将支持并遵循罗德里格斯关于加强团结的呼吁。
此外,委内瑞拉总统府新闻处12日表示,罗德里格斯当日与欧盟、英国和瑞士外交使团在首都加拉加斯举行会见。在会见中,罗德里格斯详细通报了美方发动大规模军事行动、强行控制马杜罗及其妻子并将他们带到美国一事,谴责美方行径严重违反国际法。(完)
图说1、1月5日下午,委内瑞拉代理总统德尔西·罗德里格斯在该国全国代表大会宣誓就任委临时总统。这是当日在宣誓就任仪式上拍摄的德尔西·罗德里格斯。 新华社发(委内瑞拉总统府供图)
图说2、1月8日,人们在委内瑞拉首都加拉加斯参加青年大游行。新华社记者 丁洪法 摄